Monday, April 24, 2017

Emergency Power System

Emergency Power Systems

In the event of failure of the normal supply (ပုံမှန်လာနေကျ မီးပျက်ခဲ့ရင်) Life Safety စနစ် တွေ ကို ချက်ချင်းအလိုအလျောက် ပါဝါပေးနိုင်အောင် emergency power system တစ်ခုကို တပ်ဆင်ထားပေးရပါမယ်။
On failure of the normal service (မီးပြတ်သွားတဲ့ အခါ) အလိုအလျောက် Generator ရဲ့ စက် ကို နှိုး နိုင်ဘို့ သင့်တော်တဲ့ လုံလောက်တဲ့ အင်အားရှိတဲ့ prime mover လိုအပ်ပါတယ်။ Prime mover ဆိုတာ ကတော့ Motorized Starter ပါ။ သူ့အတွက် လုံလောက်တဲ့ electricity supply ရဘို့ ကိုတော့ Battery တွေ ထားပေးထားရပါမယ်။
Emergency power system ကနေပေး ရမဲ့ fire protection system နဲ့ သက်ဆိုင်တဲ့ emergency loads တွေကို အောက်မှာ ဖော်ပြထား ပါတယ်။
Pressurization system
Smoke control and management system
Fire alarm and monitoring system
Pump sets for Firefighting
Emergency public address system
Fire lifts
Emergency lighting
other emergency fire systems

Essential Systems လို့ခေါ်တဲ့ မီးသတ်စနစ် မဟုတ်ပေမဲ့ အဆောက်အအုံ အတွက် မရှိမဖြစ် အရေးပါတဲ့ စနစ် တွေ အတွက် လည်းထည့်သွင်း စဉ်းစားရပါတယ်။ ဒါတွေ ကတော့
Plumbing Pumps
Submersible Drainage / Sewerage Pumps
Elevators
Mechanical Ventilation Fans
ဒါ့အပြင် အဆောက်အအုံ ရဲ့အသုံး ပြုမှု နဲ့ လိုအပ်ချက် ကို လိုက်ပြီး Client/Owner ရဲ့ လိုအပ်ချက် တွေ ကို လည်း ထည့်သွင်းစဉ်းစား ပေးရမယ်။
Blackout လို့ခေါ်တဲ့ Normal Power Failure အခြေအနေ နဲ့ Emergency က တစ်ထပ်တည်း ကျချင် မှ ကျပါလိမ့်မယ်။ ဒါကြောင့် Blackout (မီးပြတ်ပြီး) Emergency Fire Situation မဟုတ်ခဲ့ရင် Essential System တွေကို ပါဝါပေးလို့ ရပါတယ်။ အားလုံးက လိုအပ်ချက် တွေ ကို ကာမိအောင် ခြုံငုံ စဉ်းစားရတာပါ။ ဘယ်အချိန်ပဲ ဖြစ်ဖြစ် နှစ်ခုလုံး ကို ပေးချင်တယ်၊ ပေးရမယ် ဆိုရင် တော့ Generator ကြီးမှာပေါ့၊
Credit to chawlwin


No comments:

Post a Comment