Manual Fire Alarm Box
တပ်ဆင်ရမည့် နေရာ(Mounting Locations) Manual fire alarm box များကို ပိတ်ဆိုထားခြင်း မရှိသည့်နေရာများ(un-obstructed)၊ အလွယ်တကူ လက်လှမ်းမှီသည့် နေရာများ(readily accessible locations)တွင် အထပ်တိုင်း၌ အနည်းဆုံး တစ်ခု တပ်ဆင် ထားရမည်။
မည်သည့် နေရာမှမဆို manual fire alarm box ဆီသို့ သွားရောက်ရန် ပေ(၂၀၀)ထက် ပိုမဝေးစေရ။ Manual fire alarm box သည် ကြမ်းပြင်(floor level)မှ (၄၂)လက်မ(1.07 m) အမြင့်ထက် ပိုမနိမ့်စေရ။ (၄၈)လက်မ (1.22 m)ထက် ပိုမမြင့်စေရ။ တပ်ဆင်ရမည့် နေရသည်(box location) လွတ်မြောက်ရာ လမ်းကြောင်း (normal exit path)တွင် တည်ရှိရမည်။ တပ်ဆင်ရမည့် နေရာ၏ မျက်နှာပြင်အရောင်သည် သိသာ ထင်ရှားသည့် အရောင်(contrasting color) ဖြစ်ရမည်။
(က) Pull station များ သိုမဟုတ် call point များကို ထွက်ပေါက်(exit)များ သိုမဟုတ် ထွက်ပေါက်သို သွားရာလမ်း တလျှောက်၌ တပ်ဆင်ထားရမည်။
(ခ) Pull station များ သိုမဟုတ် call point များကို အထပ်တိုင်း၌ တူညီသည့်နေရာ(identical positions on the various floors)တွင် တပ်ဆင်ထား ရမည်။ Pull station များ သိုမဟုတ် call point များ အားလုံးကို ကြမ်းပြင်မှ တူညီသည့် အမြင့်(same high)တွင် တပ်ဆင်ထားရမည်။
(ဂ) Break glass/impact အမျိုးအစား pull station များ သိုမဟုတ် call point များကို အစားအသောက်များ ပြင်ဆင်ရာနေရာများ (food preparation areas)တွင် တပ်ဆင် မထားရ။ Break glass မှ ထွက်လာသည့် မှန်ကွဲ၊ မှန်စများသည် အစားအသောက်ထဲသို ကျရောက်သွားနိုင်သည်။
(င) Pull station (call point) များကို national and local fire regulation တွင် ဖော်ပြထားသည့် နေရာ အကွာအဝေးထက် ပိုဝေးသည့် နေရာများတွင် မတပ်ဆင်ထားရ။
(စ) စင်ကာပူနိုင်ငံတွင် အနီရောင် Manual Call Point(MCP) ကိုသာ အသုံးပြုခွင့်ရှိသည်။ Break-glass type ဖြစ်ရမည်။ 1.4m အမြင့်တွင် တပ်ဆင်ရမည်။ တပ်ဆင်ရမည့် နေရာကို ဗိသုကာ(architect)များ က သတ်မှတ် ပေးသည်။
အောက်ပါနေရာများတွင် ချွင်းချက်အဖြစ် တပ်ဆင်ရန် မလိုပေ။ 150mm depth ထက် ပိုနိမ့်သည့် raised floor များတွင် တပ်ဆင်ရန် မလိုအပ်ပေ။ စတုရန်းမီတာ (၃.၅) ထက်ပိုကျဉ်းသည့် Sanitary space များတွင် တပ်ဆင်ရန် မလိုအပ်ပေ Open-side linkway များတွင် တပ်ဆင်ရန် မလိုအပ်ပေ။
Ref Fire Alarm System pdf
Pages - Menu
Monday, April 24, 2017
MANUAL fire Alarm
Subscribe to:
Post Comments (Atom)
Thank you very much .
ReplyDelete