Private Fire Hydrant
Building Design Architects & Engineers, Fire Protection Engineers တွေ အနေ နဲ့ မီးသတ်စနစ် တွေ အတွက် ရေအား လုံလုံလောက်လောက် လက်လှမ်းမီမီ ရနိုင်ဘို့ အတွက် စီမံပြင်ဆင် ရပါတယ်။ Public Fire Hydrants တွေ လိုအပ်တဲ့ သတ်မှတ်ထားတဲ့ အကွာအဝေး အတွင်း မရနိုင်တဲ့ အခါ ကိုယ်ပိုင် အဆောက်အအုံ ခြံဝင်း တွေ ထဲမှာ ထပ်ဆင့် တပ်ဆင် ရရင်တော့ Private Fire Hydrants တွေလို့ ခေါ်ပါတယ်။ သီးသန့် ခြံကျယ်ကျယ် နဲ့ အဆောက်အအုံ အချို့မှာပဲ လိုအပ်နိုင်တာပါ။ NFPA 14 & 24 က ဒီ Site Planning အတွက် မှီငြမ်းဘို့ကောင်းတဲ့ References တွေ ဖြစ်ကြပါတယ်။ (စကာင်္ပူ မှာ ဆိုရင်တော့ SCDF Fire Codes တွေ နဲ့ SS 575 / formerly CP 29) ။
အကွာအဝေး ဂဏန်းတွေ က တော့ အခြေအနေ နဲ့ နေရာဒေသ အလိုက်ကွဲပြားနိုင်ပါတယ်။ Private Hydrant တစ်ခုနဲ့ တစ်ခု အများဆုံး အကွာအဝေး သတ်မှတ်ချက် အနေနဲ့ ကတော့ စကာင်္ပူ နိုင်ငံ မှာအကြမ်းအားဖြင့် 100m ဖြစ်ပြီး စက်ရုံတွေအတွက် 90m ၊ မလေးရှား နိုင်ငံ ကတော့ 90m ဖြစ်ပါတယ်။ Internation Fire Code အရ ဆိုရင်တော့ လိုအပ်တဲ့ Fire-Flow Requirement ပေါ်မူတည်ပြီး လိုအပ်ချက် က 200 ft - 500 ft (60 - 150m) ဖြစ်ပါတယ်။ ရေအားများများ လိုလေ စိတ်စိတ် ထားရလေပါ။ စက်ရုံ (သို့) အန္တရာယ် ရှိတဲ့ ဂိုထောင်တွေ မဟုတ်ရင် အကြမ်းအားဖြင့် ပေ ၃၀၀ ပါ။ ဒေသ အလိုက် Authority ရဲ့သတ်မှတ်ချက် တွေကို ဆန်းစစ် လိုက်နာရမှာ ဖြစ်ပါတယ်
အများအားဖြင့် တော့ စည်ပင်ရေအား က လုံလောက်လေ့ ရှိတာမို့ ရေကန်တွေ ရေပန့် တွေ မလိုအပ်ပဲ မြေအောက်ရေပိုက် တွေ ကို ထပ်ဆင့် ဆက်သွယ် တပ်ဆင် ရယုံပါပဲ။ လိုအပ်တဲ့ ရေအား မရ နိုင်ရင် တော့ ရေလှောင်ကန် တွေ ရေပန့်တွေ နဲ့ control systems တွေ ကိုပါတပ်ဆင် ပေးရတော့မှာ ဖြစ်ပါတယ်။ ဒီ ရေကန်၊ ရေပန့် လိုအပ်ချက် စက်ရုံတွေ၊ မဟာဈေးတွေ၊ ဟိုတယ်ကြီးတွေ နဲ့ အထပ်မြင့် သီးသန့်ခြံကျယ် ရှိတဲ့ ကွန်ဒို၊ apartment တွေ မှာ တပ်ဆင် ရတာ ယုတ္တိတန်ပေမဲ့၊ လူနေရပ်ကွက် နဲ့ လမ်းမ၊ လမ်းသွယ် နဲ့ ကပ်ရက် အိမ်ယာ တွေ၊ လုံးချင်းအိမ် တွေ အတွက် တပ်ဆင်ဘို့ ကတော့ အခက်အခဲ ရှိပါတယ်။
မီးလောင်တဲ့ အခါ လွတ်လွတ်ကင်းကင်း မီးသတ်ခွင့် ရနိုင်ဘို့ အတွက် အဆောက်အအုံ နဲ့ မနီးကပ်လွန်းတဲ့ အနည်းဆုံး အကွာအဝေး တစ်ခု [ ဥပမာ။ NFPA: ပေ ၄၀ (22.2m) ။ မလေးရှား၊ စကာင်္ပူ 6m (ပေ ၂၀ ခန့်) ] လိုအပ်လေ့ ရှိပါတယ်။ ဒါက မီးသတ်တဲ့ အခါ မီးအရှိန် ကြောင့် အနှောင့်အယှက် မဖြစ်စေဘို့ ပါ။
CP 48 & 29 စကာင်္ပူ မှာ တပ်ဆင် တဲ့
ပရောဂျက် တစ်ခု မှာ အပေါ် က မြေညီထပ်မှာ ပလက်ဖောင်း ပေ မဲ့ မြေအောက်ထပ် ကနေ ကြည့်တဲ့ အခါ ကားပါကင် ဖြစ်နေပါတယ်။ ဆိုလိုတာ က ကားပါကင် အပေါ်က ပိုက် ပြေးရမှာပါ။ Dia 150 / 200 (၆လက်မ၊ ၈လက်မ) လောက်ရှိတဲ့ Cement Lined Ductile Iron Pipe ကို မီးခံ Fire Rated Box Enclosure ထဲထည့်ရတာ ပိုက်တန် ဖိုးထက် များပါတယ်။
credit chawlwin blog
Pages - Menu
Monday, April 24, 2017
Private Fire Hydrant
Labels:
Fire Hydrant
Subscribe to:
Post Comments (Atom)
No comments:
Post a Comment