Tuesday, April 25, 2017

Emergency Staircase

Some building Staircase
လှေခါး တိုင်းသည် အရေးပေါ် လှေခါး (Emergency Exit Staircase ဖြစ်သည်၊ အမှန်တကယ်တွင် လက်ရှိရန်ကုန်မှ နောက်ဖေးလှေခါးများသည် ဘယ်အတွက်ကို မျှ အထောက်အကူ မပြုပါ၊ စံချိန်စံညွန်း အကျယ်အဝန်း တပ်ဆင်ထားရှိပုံတို့ကြောင့် ဖြစ်သည် ။

တိုက်မြင့် များ၏ အရှေ့လှေခါး အား လေဝင်လေထွက် ကောင်းရန်.. မှန်များဖြင့်အသေ မတပ်ဆင်ကြရန်.. လှေခါးခွင်ကြမ်းခင်း ဧရိယာ ၏ ၁၅% အား အထပ်တိုင်းတွင် လုံး ဝ အပွင့် အပေါက်ဖောက်ထားပေးရန် (fixed opening) ထားပေးရန် မီးသတ်ဦးစီး မှ ချမှတ်ထား အကြံပေးနေသည်မှာ အရေးပေါ် အချိန်တွင် တခုတည်းသော ပြေးဆင်းစရာ လမ်းကြောင်း ဖြစ်သော လှေခါး သည် မီးခိုး မီးတောက်များ နှင့်ပြည့်နေသည့် မီးခိုး ခေါင်းတိုင် ဖြစ်မသွားရန်နှင့် ဘေးရန်ကင်းကင်းနှင့် အဆောက် အဦး အပြင်ဖက်သို့ အမြန်ဆုံး ပြေးဆင်းနိုင်ရန်ဖြစ်သည်၊ လှေခါး များအား အထား အသို မှန်ကန်စေရန် လေ၀င်လေထွက် ကောင်းစေ၇န် အကြံပေးချက်များ အား ဆောက်လုပ်ရေး  လုပ်ငန်း ရှင်များ မှ လူတချို့မှ ဝန်ထုတ် ဝန်ပိုး  ဖြစ် စေသည် ဟု ဆိုလေတော့ အဆောက်အဦး တွင်နေထိုင်သူများ မီးလောင်လျှင်  ယခုလို ပိတ်နေမိပေ အုန်းမည်..

အနှီအလုံပိတ် ဖန်ပေါင်းချောင် လှေခါးခွင်သည်
မီးလောင် ချိန်တွင် ဘယ်လောက်ဆိုး ဝါး မည်မသိ  သာမာန် အချိန်တွင် ပင် ပူ လှောင်မွန်းကြတ် နေတတ်သည့် လှေခါးခွင် များဖြစ်သည်။

လှေခါးခွင်အောက်တွင် အခန်းဖွဲပစ္စည်းသိုလှောင်ဖို့ စတိုးခန်းပင် မလုပ်ရပါ၊ အများစုမှာ မီတာဘောက်စ် ရေ မော်တာ နှင့် လောင်စရာအပြည့်၊ ကျနော်တို့ လူမျိုးများသည် မိမိနှင့်မိမိ ချစ်ခင်သူများအား တိုက်ရိုက် ထိခိုက် ပျက်စီးမှု မရှိသေး သရွေ့ ဖာသိဖာသာ နေတတ် မမြင်ချင်ယောင်ဆောင်နေတတ် ကြသည်၊ မိမိတို့နေထိုင်သော အိမ်ရာ ပတ်ဝန်းကျင် တွင် အားလုံး ဝိုင်းဝန်း ထောက်ပြ ပြုပြင် ပါမှ နေဖွယ်ကောင်းသော ဘေးကင်းသော အိမ်ဖြစ်မည် ဟု သာ တိုက်တွန်းလိုက်ရပေသည်။
credit Sai Ok sean

Emergency Staircase

1.အရေးပေါ် မီးသတ်လှေကားကို ခေါက်ချိုးပုံ (Zig Zag) ဖြင့်ဆောက်လုပ်ပါက အောက်ပါအချက်အလက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်
(က) ခေါက်ချိုးပုံမီးသတ်လှေကား၏ Down Ward Angle သည် ၆၀ဒီဂရီထက် မပိုစေရ၊
(ခ) လှေကားခွင်သည် (၁၈)လက်မထက် မကျဉ်းစေရ၊
(ဂ) လှေကားထစ်တစ်ထစ်စီ၏အမြင့် (Riser) သည် (၁၀)လက်မထက် မပိုစေရ၊
(ဃ) လှေကားထစ်တစ်ထစ်စီ၏အကျယ် (Tread) သည် (၆)လက်မထက် မနည်းစေရ၊
(င) ပထမထပ်တွင် မြေညီထပ်သို့  ဆင်းနိုင်သော လှေကားအရှင် ထားရှိပေးရန်၊
(စ) လှေကားကို ခိုင်ခံ့စွာဆောက်လုပ်ထားရန်နှင့် လှေကားခွင်တွင် လမ်းရှင်းနေစေရန်၊
(ဆ) လှေကားတစ်ခုနှင့်တစ်ခု ကူးပြောင်းသည့်နေရာ၊ ဆင်းတက်သည့်နေရာ (Landing Area) တွင်လည်းကောင်း၊ လှေကားလိုင်းတွင်လည်းကောင်း ခိုင်ခန့် သော လက်ရန်းအကာများ ပါဝင်စေရန်၊
(ဇ) ဆင်းတက်သည့်နေရာ (Landing Area) ကို (၂၉)လက်မထက် မကျဉ်းစေရ၊
မှတ်ချက်။ အထက်ပါစံချိန်စံညွှန်းများကို ကိုက်ညီစေရန်အတွက် ခေါက်ချိုးပုံ (Zig Zag) မီးသတ်လှေကား၏ အတွင်းခွင် (Interior Distance) သည် အနည်းဆုံး (၁၀×၄)ပေအကျယ် ရှိရန် လိုအပ်ပါသည်။ တစ်ခုမှ အခြားတစ်ဖက်သို့  လျှောက်ကူးသည့်လမ်းအား အနည်းဆုံး(၃)ပေ အမြင့်ရှိသည့် သံပန်းဖြင့်ကာရန်လိုအပ်ပါသည်။
2. အရေးပေါ်ထွက်ပေါက် (Emergency Exit) သို့ မဟုတ် လွတ်မြောက်ပေါက် (Escape Door) တိုင်းကို အနည်းဆုံး (2 1/2)ပေအကျယ်နှင့် (6 1/2)ပေအမြင့်ရှိအောင် ဆောက်ရန်။
၇။ သံပန်း၊ သံတံခါးများ ကာရန်ထားမည် ဆိုပါက အသေတပ်ဆင်ထားခြင်းမပြုရန်။


No comments:

Post a Comment