Pump Room ဒါတွေသိထား မှ အထပ်မြငိ့ စက်ရုံအလုပ်ရုံမှာ်တပ်ထားတဲ့ Fire Protection system ထဲက Pump အလုပ်လုပ်တာသိမှာပါ
sprinkler pump room ကတော့ ပန့်တွေထားတဲ့ ထိန်းချုပ်တဲ့အခန်းပဲ ဖြစ်ပါတယ်။ မီးသက်စနစ်အတွက်သုံးတဲ့ ပန့်တွေအားလုံးကို ဒီအခန်းထဲမှာ ထားပြီး ဒီထဲကပဲ ထိန်းချုပ်ပါတယ်။ ပန့်တွေအကုန်လုံးဟာ auto/manual (အလိုအလျောက်ဖြစ်စေ ရိုးရိုး လူကိုယ်တိုင် သင့်တော်သလို မောင်းနှင်ဖို့်ဖြစ်စေ) နှစ်မျိုးလုံး ရ ရပါတယ်
သူတို့ အလုပ်လုပ်တာကတော့ sprinkler pipe တွေထဲမှာ ရေတွေ အပြည့်ဖြည့်ထားပြီး ဖိအားတစ်ခုအထိ တွန်းထည့်ထားပါတယ်။ မီးမလောင်ရင် sprinkler ထဲကရေက အပြင်ကို ထွက်စရာမရှိလို့ ဖိအားလည်း ကျစရာမရှိပါဘူး။ ဖိအားကျသွားခဲ့ရင် မီးလောင်တယ်လို့ပဲ သူက သတ်မှတ်ပါတယ်။ ဒါဆိုရင် ပန့်က စ လည်ပါတယ်။ များသောအားဖြင့် ပန့် ၃ လုံး ထားပါတယ်။ တစ်လုံးက duty pump, နောက်standby pump နဲ့ jockey pump တို့ဖြစ်ပါတယ်။
(CP 52:2004 မှာတော့ Jockey Pump (Pressure Maintenance Pump) Capacity ကို To make up the allowable leakage within 10 min at a rate of flow not exceeding 4 L/min လို့ ကန့်သတ် ထားပါတယ်။)
duty pump ဆိုတာက မီးလောင်တာနဲ့ စပြီး လည်မယ့် ပန့်ဖြစ်ပါတယ်။ standby ပန့်ဆိုတာက duty pump လည်နေရင်းနဲ့ ပျက်သွားတဲ့အခါဖြစ်စေ duty pump လည်ပေမယ့် မနိုင်တော့ဘဲ ဖိအားဆက်ကျတဲ့အခါဖြစ်စေ သူက လိုက်လည်ပေးရပါတယ်။
ဒီပန့်တွေဟာ ပြောခဲ့တဲ့အတိုင်း ပိုက်ထဲက ဖိအားနဲ့ အလုပ်လုပ်တာဖြစ်လို့ ပိုက်ထဲ ဖိအားကျတာနဲ့ စ လည်ပြီး သတ်မှတ်ထားတဲ့ ဖိအားပြန်မရောက်မချင်း လုံးဝရပ်မှာ မဟုတ်ပါဘူး။ sprinkler head ကလည်း အပူရှိန်ကြောင့် အရည်ပျော်သွားပြီဆိုတော့ ပိုက်ထဲမှာ ရေနဲ့ ဖိအားရှိနေသမျှ ဆက်ပြီး ရေကို ပန်းထုတ်နေဦးမှာပါပဲ။ အဲဒီတော့ ဘယ်လိုပိတ်ရလဲဆိုတော့ မီးငြိမ်းသွားပြီ ဆက်ရေဖြန်းစရာမလိုတော့ဘူးဆိုရင် ခုနက sprinkler valves room ထဲက butterfly valve ကနေ မိန်းပိုက် main pipe ကို ပိတ်လိုက်ရပါတယ်။
အဲဒီအခါမှာ ပန့်ကနေ မောင်းတင်လိုက်တဲ့ရေဟာ ခုနက ဘားပိတ်ထားတဲ့အတွက် အဲဒီမှာတင်ရပ်သွားပြီး sprinkler ထိရောက်မသွားတော့ပါဘူး။ အဲဒါကြောင့် မိန်းပိုက်ထဲမှာပဲရှိနေလို့ ဖိအားပြန်ပြည့်သွားပြီး ပန့်လည်းရပ်သွားပါတယ်။ ဒါတွေအားလုံးက control panel မှာ ပရိုဂရမ်သွင်းပြီးသားဖြစ်ပြီး auto mode မှာထားလိုက်ရုံပါပဲ။ control panel ဆိုတာက အဲဒီပန့်ဖြစ်စေ မော်တာဖြစ်စေ အဖွင့်အပိတ်လုပ်တဲ့ box ပဲဖြစ်ပါတယ်။ သူက လျှပ်စစ်မီးအ၀င်အထွက် စသဖြင့် အချက်ပြမီးတွေ ခလုပ်တွေပါတက်ဆင်ထားပါတယ်။
ဒါမှမဟုတ် ပန့်ကို control panel ကနေ manual mode ကိုပြောင်းပြီး လူက ပန့်ကို ရပ်လိုက်ရင်လည်းရပါတယ်။ အဲဒီလို sprinkler main pipe ကို ပိတ်လိုက်တော့ ရေတွေ ထပ်မလာတော့ပေမယ့် ရှိနေတဲ့ရေတွေကတော့ ဆက်ကျနေဦးမှာဖြစ်ပါတယ်။ အဲဒီရေတွေကို အခန်းထဲကို မကျစေဘဲ သတ်မှတ်ထားတဲ့နေရာကနေဖောက်ချနိုင်ဖို့အတွက် drain pipe လေးတွေကိုလည်း အထပ်တိုင်း ဒါမှမဟုတ် ဇုန်အလိုက်လည်း ထားရပါတယ်။ အဲဒီပိုက်လေးတွေကနေ ရေဖောက်ချပေးလိုက်ရပါတယ်။ sprinklre point တွေ နေရာရွှေ့ဖို့ ဒါမှမဟုတ် ထပ်တိုးဖို့လိုတဲ့အခါ နဂို ပိုက်ထဲရှိနေတဲ့ရေကို ဖောက်ထုတ်ဖို့ လိုလာတဲ့အခါမှာလည်း ဒီပိုက်လေးကို သုံးပါတယ်။
Inspector ‘s test drain ပိုက်ဆိုတာလည်း အလားတူပါပဲ။ sprinkler head လေးကြွေသွားလို့ ရေဖြန်းတဲ့အခါ ပန့်တွေတကယ် အလုပ်လုပ်လား မလုပ်လား အချက်ပေး alarm သံ တကယ်ထွက်မထွက် inspector က စစ်ဆေးချင်တဲ့အခါမှာ တကယ့် sprinkler head ကို မသုံးဘဲ အဲဒီပိုက်မှာရှိတဲ့ ဘားကနေရေဖွင့်ချလိုက်ရင်လည်း ပိုက်ထဲမှာ ရေဖိအားလျော့သွားမှာဖြစ်လို့ ပန့်က အလုပ်လုပ်ရပါတယ်။ ဒါ့အပြင် ပိုက်ထဲမှာ ရေစီးဆင်းတာနဲ့တပြိုင်နက် အချက်ပေးမယ့် flow switch ကနေ alarm bell ကို အသံမည်အောင် လုပ်မှာပါ။ ပြီးရင် main panel ကနေတစ်ဆင့် မီးသက်ဌာနအထိ အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။ အဲဒီနည်းနဲ့ စမ်းသပ်နိုင်ဖို့ ဒီပိုက်လေးကို အထပ်တိုင်း ဒါမှမဟုတ် ဇုန်းတိုင်းမှာ တပ်ဆင်ထားလေ့ရှိပါတယ်။ တချို့သော အဆောက်အဦးတွေဟာ လစဉ် ဒါမှမဟုတ် သုံးလတစ်ကြိမ် စသဖြင့် စစ်ဆေးရတာတွေ ရှိပါတယ်။ အဲဒီအချိန်မျိုးတွေမှာ ဒီပိုက်လေးကို အသုံးပြုပြီး system တစ်ခုလုံး အလုပ် လုပ်သလား မလုပ်လားဆိုတာကို စစ်ပါတယ်။
Pump room ထဲမှာ ဒီလိုမျိုး chart လေးကိုထားရှိပေးပါတယ်။ အဲဒီမှာ ဖော်ပြပေးထားတာတွေက ဘယ်ပန့်ဟာ ဘယ်ဖိအားမှာ စ အလုပ်လုပ်ပြီး ဘယ်ဖိအားမှာ စက်ရပ်မလဲဆိုတာကို ပြထားပေးပါတယ်။ ဒီ chart မှာဆိုရင် churning pressure 8.1 bar ဆိုတာက main pump တွန်းတင်နိုင်တဲ့ အများဆုံး ဖိအားဖြစ်ပါတယ်။ အဲဒီဖိအားမှာ main pump က ရပ်သွားမှာဖြစ်ပြီး ထပ်တင်ချင်သေးတယ်ဆိုရင် jockey pump ကို သုံးရမှာဖြစ်ပါတယ်။ ပိုက်ထဲမှာ ဖိအားကို 10 bar ထားထားပြီးတော့ ပိုက်ပေါက်လို့ဖြစ်စေ sprinkler point လေးတွေ ကွဲလို့ဖြစ်စေ ဖိအားကျပြီး 7.4 bar ကိုရောက်တဲ့အခါမှာ အောက်နားမှပြထားတဲ့အတိုင်း jockey pump ကစလည်မှာ ဖြစ်ပါတယ်။ sprinkler burst ဖြစ်တဲ့အခါမှာ ဖိအားက အလျှင်အမြန် ကျဆင်းတာကြောင့် ဖိအားမနိုင်ဘဲ ဆက်ကျပြီး 6.4 bar ကိုရောက်ရင် duty pump စ လည်ပါမယ်။ တကယ်လို့ duty pump လည်နေရဲ့သားနဲ့ ဖိအားက ဆက်ကျနေပြီး 5.1 bar အထိရောက်တဲ့အခါမှာ standby pump ပါ လည်မှာဖြစ်ပါတယ်။
တကယ်လို့ ရေပြန်ဖြည့်တဲ့အခါမှာတော့ အပေါ်ကနဲ့ ပြောင်းပြန်ပါ။ သာမန်ရေဖြည့်တဲ့အခါမှာတော့ jockey pump နဲ့သာ ဖြည့်တက်ကြပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဟိုပန့် ၂ ခုက ရေတင်အားပြင်းတဲ့အတွက် sprinkler head လေးတွေ ကွဲမှာကို စိုးရိမ်ကြလို့ပါ။ နောက် ပန့်ကြီးတွေနဲ့ တင်ရင် အရှိန်ပြင်းတဲ့အတွက် လေခိုတက်ပါတယ်။ air lock ဖြစ်တယ်လို့ ပြောပါတယ်။ air lock ဖြစ်တဲ့အခါ ဖိအားပြည့်သွားပေမယ့် နောက်ပိုင်းမှာ လေပြန်ထွက်တဲ့အခါ ဖိအားလျော့သွားလို့ ပန့်တွေ ထ လည်တာ alarm မည်တာတွေဖြစ်တက်ပါသေးတယ်။
ခု sprinkler စနစ် အလုပ်လုပ်ပုံကို ကြည့်လိုက်တာနဲ့ မီးသေသလို အနားမှာ ရှိတဲ့ပစည်းတွေလည်း ရေကြောင့် ဘယ်လောက်ပျက်စီးနိုင်မလဲဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ အထူးသဖြင့် ရေထိရင်ဖြစ်စေ ဒါမှမဟုတ် မသန့်ရှင်းတာ တစ်ခုခုဝင်တာနဲ့ product တွေ အကုန်ပျက်စီးနိုင်တဲ့ ပစည်းတွေ ထုတ်လုပ်တဲ့ စက်ရုံတွေ သိုလှောင်ရုံတွေဆိုရင် တော်တော် ထိခိုက်နိုင်ပါတယ်။
အဲဒါကြောင့် ရေနဲ့အတူ တွဲသုံးဖို့ foam system လို့ခေါ်တဲ့ ရေမြှုပ်စနစ်ကိုပါ အသုံးပြုလာကြပါတယ်။ ပိုက်ထဲကို ရေနဲ့အတူ အမျြှပ်တွေပါပါသွားပြီး မီးသက်တာဖြစ်လို့ ဘေးပတ်ဝန်းကျင်ကို ရေးစီးတာတွေ အထိုက်အလျောက်သက်သာသွားနိုင်တာမို့ ဒီစနစ်ကို သုံးကြတာလည်း ဖြစ်ပါတယ်။ ဥပမာ မင်စက်ရုံတွေမှာဆိုရင် ရေကြောင့်မင်အရောင်တွေ ပျံ့ကုန်မှာရယ် မင်ရေတွေ ရေမြောင်းတွေထဲ sewage line တွေထဲ ရောက်သွားမှာ စိုးတဲ့အတွက် ဒီစနစ်ကို သုံးကြတာတွေ့ရပါတယ်။ (ပုံ ၅) ရေမြှုပ်ကန် foam tank or bladder tank ထဲက ရေမြှုပ်တွေကို ကိုယ်သုံးချင်တဲ့ control valve ဒါမှမဟုတ် main pipe ထဲကို တိုက်ရိုက်ဆက်ထားပြီး main pipe ထဲရေစီးတာနဲ့ ရေမြှုပ်တွေပါ ၀င်လာပြီး ရောနှောကာ မီးသတ်ခေါင်းတွေဆီကို သွားပါတယ်။
ဒီ sprinkler system ရဲ့ အဓိက အားသာချက်က မီးလောင်တာနဲ့တပြိုင်နက် အလိုအလျောက် မီးငြိမ်းသက်ပေးတာဖြစ်တယ်ဆိုတာ အပေါ်မှာ ကျွန်တော်ရှင်းပြခဲ့တာကို ကြည့်ရင် သိနိုင်ပါတယ်။ နောက်ဆုံးမီးသေလို့ ရေပိတ်တာက လွဲရင် လူလုပ်ပေးရတာ ဘာတစ်ခုမှ မရှိပါဘူး။ အကုန်လုံး သူ့ဘာသာသူ အကုန်လုပ်သွားတာပါပဲ။ ဒါပေမယ့် ငလျင်လုပ်ပြီး မီးလောင်တာမျိုးတို့လို သဘာဝဘေးအနရယ်တွေနဲ့ တွဲပြီးလောင်တဲ့အခါမှာ ရေပိုက်တွေ ပျက်စီးကုန်လို့ မီးသက်စရာ ရေမရှိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မီးသက်ရေလှောင်ကန်တော့ (sprinkler tank) အဆင်သင့် ရေအပြည့်ဖြည့်ပြီး ပြင်ထားရပါတယ်။ ကန်ရဲ့ အရွယ်အစားက အဆောက်မီးသက်စနစ်အတွက် 2 နာရီစာ ရေသိုလှောင်နိုင်ရပါမယ်
အဲဒီတော့ ပြန်ချုပ်ကြည့်မယ်ဆိုရင် sprinkler system ဟာ sprinkler tank ကနေ စတင်ပါတယ်။ ဒီ sprinkler tank ဟာ အဆောက်အဦးတစ်ခုလုံးမှာ ရှိတဲ့မီးသက်စနစ်တွေရဲ့ အနည်းဆုံး၂ နာရီစာ ရေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရပါမယ်။ sprinkler tank ကနေ ရေတွေကို sprinkler control valve room ထဲကို ပို့ဖို့ pump room တွေ pumpတွေ လိုပါတယ်။ sprinkler tank ကနေ sprinkler valve room မှာ ရှိတဲ့ sprinkler main pipe တွေအားလုံးအတွက် ပိုက်တစ်ခုတည်း ဆင်းလာတာဖြစ်ပါတယ်။ main pipe တွေမှာ flow switch. Flow sensor. Pressure gauge flow meter အဲဒီကနေ brunch pipe တွေဆီခွဲ။ နောက်တစ်ဆင့်မှာ sprinkler point တွေဆီရောက်။ ဒီလိုတွေ့ရမှာဖြစ်ပါတယ်။ နောက်အကြောင်းတစ်ခုခုကြောင့် ကန်ထဲက ရေကို မသုံးနိုင်တော့ရင် system ထဲကို အပြင်ကနေ ရေသွင်းပေးနိုင်ဖို့ sprinkler breeching inlet တွေ ရှိရပါမယ်။ (jockey pump သုံးလုံး။ အသေး ၂ လုံးက hosereel system အတွက် အကြီးက sprinkler jockey pump။ diesel pump and electrical pump ( emergency power supply)
1.(b) Sprinkler (dry system)
ပုံမှန်အပူချိန် ၅ ဒီဂရီ စင်တီဂရိတ်နဲ့အောက် အေးတဲ့ဒေသတွေမှာတော့ wet system ကသုံးလို့မဖြစ်ပါဘူး။ ပိုက်ထဲကရေတွေ အကုန်ခဲကုန်တော့မှာဖြစ်ပါတယ်။ အဲဒီအခါမျိုးမှာ dry system ကိုသုံးရပါတယ်။ အကုန်အတူတူပါပဲ။ ကွာတာ ၁ ခုပဲရှိပါတယ်။ ပိုက်ထဲမှာ ရေမရှိဘဲ လေပဲဖြည့်ထားတာဖြစ်ပါတယ်။ ထိပ်ဖူး sprinkler head မှာရှိတဲ့ bulb လေး အပူကြောင့်ကွဲတာနဲ့ အထဲမှာဖြည့်ထားတဲ့ လေဖိအားလျော့ကျသွားပြီး ပန့်ကို အလုပ်လုပ်စေဖို့ fire alarm system ကို အချက်ပေးမှာဖြစ်ပါတယ်။ ပိုက်ထဲကလေတွေလျော့သွားမှ ရေက၀င်လာလို့ရမှာဖြစ်လို့ မီးငြိမ်းသတ်ရာမှာ wet system ထက် နှောင့်နှေးမှုတွေရှိပါတယ်။ နောက်တစ်ခုက ပိုက်ထဲမှာ လေတွေ ရေတွေနဲ့ ဆက်စပ်နေရတဲ့အတွက် သံချေးတက်ပြီး ပိုက်ပေါက်တာတွေ ပိုအတွေ့ရများပြီး ပြုပြင်ထိန်းသိမ်းခလည်း ပိုကုန်ကျတက်ပါတယ်။
1.(c) Sprinkler (deluge system)
Deluge system ဆိုတာကတော့ dry system လို့ ပြောလဲ ရပါတယ်။ သူ့ရဲ့ အဓိက ရည်ရွယ်ချက်က မတော်တဆမှုတစ်ခုခုကြောင့် sprinkler head မှာ ရှိတဲ့ bulb လေးကွဲပြီး ရေတွေကျလို့ မလိုလားအပ်တဲ့ ပျက်စီးဆုံးရှုံးမှုတွေ မရှိစေချင်လို့ ဖြစ်ပါတယ်။ မီးမြန်မြန်ကူးစက်လောင်ကျွမ်းနိုင်တဲ့ နေရာအဆောက်အဦးမျိုးတွေမှာလည်း သုံးပါတယ်။ သူ့ကိုသုံးမယ်ဆိုရင်တော့ smoke detector, heat detector လိုမျိုးတွေနဲ့ တွဲသုံးရပါတယ်။ အဲဒီ smoke deterctor (မီးခိုးငွေ့ အာရုံခံကိရိယာ), heat detector (အပူအာရုံခံကိရိယာ) တွေကနေ မီးခိုးတို့ အပူတို့ကို အာရုံခံပြီး fire alarm အချက်ပေးတာကို ရရှိတဲ့အခါမှာ ပန့်ကိုအလုပ်လုပ်စေပြီး ရေကို မောင်းတင်ပေးတာဖြစ်ပါတယ်။
ဒီအာရုံခံကိရိယာတွေကို သုံးထားတာဖြစ်လို့ ဒီစနစ်မှာသုံးတဲ့ sprinkler တွေရဲ့ head ထိပ်ဖူးမှာ bulb လေးတွေမရှိတော့ ပါဘူး။ ပန့်ကမောင်းတာနဲ့ ရေတန်းကျပြီး မီးငြိမ်းသတ်ပေးမှာဖြစ်ပါတယ်။ sprinkler head တွေမှာ bulb လေးတွေမရှိတဲ့အတွက် ပန့်ကမောင်းပြီးဆိုတာနဲ့ sprinkler head တွေအားလုံးကနေ ရေတွေပန်းထွက်လာမှာဖြစ်ပါတယ်။ ဆိုလိုတာက လောင်တဲ့နေရာရော မလောင်တဲ့နေရာရော အကုန်တပြိုင်နက် ရေတွေကျနေမှာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း များသောအားဖြင့် smoke detector, heat detector တွေအများကြီးတက်ဆင်ထားပြီး အနည်းဆုံး ၂ ခုလောက်ဆီက အချက်ပေးမှသာ ပန့်ကို မောင်းတင်ခိုင်းတက်ပါတယ်။ တစ်ခုတည်းဆိုရင် မသေချာမှာစိုးလို့ပါ။
refer to Mechnical and Electrical Engineering
Automatic Fire Sprinkler System (Fire Fighting)
Fire Sprinkler ဆိုတာ မီးလောင်တဲ့အခါ မီးများကို လျှင်လျှင်မြန်မြန်ထိန်းချုပ်ငြိမ်းသတ်နိုင်ရန်အတွက် သတ်မှတ်ထားသောအမြင့်ရှိ ပိုက်ကွန်ပုံစံပိုက်များတွင်ဖိအားပေးဖြည့်ထားသောရေများက၊ မီးလောင်တဲ့အခါ SpK head များမှတဆင့်အလိုလျှောက်ရေ ပက်ဖြန်းပေးသော system ဖြစ်ပါသည်။
Fire Sprinkler System များအကြောင်းမပြောခင် OH လို့ခေါ်တဲ့ Ordinary Hazard တွေရဲ့ Group ကို သိရန်လိုအပ်ပါသည်။
I. Restaurant and Office
II. Bakeries and CarPark
III. Cinemas and Department store
IV. Special Exhibition and Chemical work တို့ဖြစ်ပါသည်။
Credit
Pages - Menu
Monday, April 24, 2017
Sprinkler System Part 2
Subscribe to:
Post Comments (Atom)
No comments:
Post a Comment