Monday, April 24, 2017

စုပေါင်းကာကွယ် မီးဘေးအန္တရာယ်

စုပေါင်းကာကွယ် မီးဘေးအန္တရာယ်
@@@@@@@@@@@@@@@@@@
မြန်မာနိုင်ငံရဲ့မြို့အသီးသီးမှာ မီးလောင်တဲ့သတင်းတွေ ကြားနေရပါတယ်။ မီးလောင်တဲ့အခါ ခြေမကိုင်မိလက်မကိုင်မိနဲ့ ထူပူတတ်ကြပါတယ်။ အရေးမကြီးတာတွေကို သိမ်းထုတ်ရင်း တကယ့်အဖိုးတန်တဲ့ လူ့အသက်တွေဆုံးပါးကြရပါတယ်။
မီးဟာ လျင်မြန်စွာကူးစက်တတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေကို လိုက်သိမ်းနေဖို့၊ ဖုန်းခေါ်ဖို့ အချိန်မရပါဘူး။ မီးလောင်တဲ့အခါ အသက်အန္တရာယ်ဖြစ်ဖို့အချိန် ၂ မိနစ်ပဲလိုပါတယ်။ ငါးမိနစ်အတွင်း လူတစ်ယောက်ကို မီးတောက်တွေ ၀ါးမြိုသွားနိုင်ပါတယ်။

တကယ်တော့ မီးတောက်မီးလျံထက်စာရင် အပူနဲ့မီးခိုးငွေ့က ပိုပြီးအန္တရာယ်ကြီးပါတယ်။ အရမ်းပူနေတဲ့လေထုကို ရှုရှိုက်မိရင် အဆုတ်တွေ ပျက်စီးနိုင်ပါတယ်။ မီးမှာ အဆိပ်ငွေ့တွေထွက်တာကြောင့် မူးမိုက်သွားနိုင်ပါတယ်။ မီးကြောင့် လန့်ပြီး နိုးနိုးကြားကြားရှိရမယ့်အစား အငွေ့တွေကြောင့် ပိုပြီးအိပ်ပျော်သွားနိုင်ပါတယ်။ အဲဒါကြောင့်လည်း မီးလောင်နေတဲ့အခန်းထဲမှာ လူတွေ မနိုးကြဘဲ အိပ်မောကျရင်း သေဆုံးရတာဖြစ်ပါတယ်။


မီးလောင်ရင် အချိန်မရပါဘူး။ မီးတောက် ထိန်းမရသိမ်းမရဖြစ်လာဖို့ အချိန် စက္ကန့် ၃၀ တောင်မကြာပါဘူး။ အဲဒီမီးက မီးတောက်မီးလျံအကြီးကြီးဖြစ်သွားနိုင်ပါတယ်။ တစ်အိမ်လုံးမှာ မီးခိုးတွေပြည့်နေမယ့်၊ မီးဝါးမြိုသွားမယ့်အချိန် မိနစ်အနည်းငယ်သာလိုပါတယ်

အပူဟာ မီးတောက်မီးလျံထက် ပိုဆိုးပါတယ်။ မီးရဲ့အပူတစ်ခုတည်းနဲ့တင် လူသေနိုင်ပါတယ်။ မီးလောင်တဲ့အခါ အခန်းအပူချိန်ဟာ ကြမ်းပြင်မှာ ၁၀၀ ဒီဂရီအထိ မြင့်လာပြီး မျက်လုံးနဲ့တစ်တန်းတည်းနေရာမှာ ၆၀၀ ဒီဂရီအထိ ရှိပါတယ်။ အဲသည်လောက်ပူတဲ့ လေထုကို ရှုရှိုက်မိရင် အဆုတ်တွေပျက်စီးနိုင်ပါတယ်။ ဒါ့အပြင် အပူကြောင့် အ၀တ်အစားတွေ အရည်ပျော်ကျနိုင်ပါတယ်။ ငါးမိနစ်အတွင်း အခန်းတစ်ခုဟာ တမဟုတ်ချင်း အလျံညီးညီးတောက်လောင်သွားပါလိမ့်မယ်။

မီးဟာ အရောင်မတောက်ပါဘူး။ မှောင်မည်းပါတယ်။ မီးစစလောင်ချင်း အလင်းရောင်ထွက်ပေမယ့် မကြာခင်မီးခိုးမည်းတွေ ထွက်ပြီး လုံးဝမှောင်မည်းသွားပါတယ်။ မီးလောင်နေတဲ့အချိန် အိပ်ရာကနိုးလာရင် မျက်စိကန်းသူလိုဖြစ်ပြီး ဘာမှမမြင်ရတဲ့အတွက် ကိုယ်နှစ်ပေါင်းများစွာနေခဲ့တဲ့အိမ်မှာ ထွက်ပေါက်ကို ရှာမတွေ့ဘဲ ဖြစ်တတ်ပါတယ်။

မီးခိုးနဲ့ အဆိပ်ငွေ့တွေဟာ မီးတောက်ထက် လူကို သေစေနိုင်ပါတယ်။ မီးဟာ အခန်းထဲမှာရှိတဲ့အောက်ဆီဂျင်ကို အကုန်စုပ်ယူပြီး လူ့အသက်သေစေတဲ့မီးခိုးနဲ့ အဆိပ်ဓာတ်ငွေ့တွေကို ထုတ်လွှတ်ပါတယ်။ မီးခိုးနဲ့အဆိပ်ငွေ့ နည်းနည်း ရှုမိတာနဲ့ ခေါင်းမူးပြီးအသက်ရှူကျပ်လာပါတယ်။

ယခင်မီးလောင်မှုများ

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်တွင်း မီးလောင်မှု အကြိမ်ပေါင်း ၇၀ဝ၀ နီးပါး ရှိခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သန်းပေါင်း ၅ သောင်းနီးပါးရှိကြောင်း၊ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁ ရက် နေ့မှ ၃၁ ရက်နေ့အထိ မီးလောင်မှု ၁၇၈ ကြိမ်ရှိပြီး ဆုံးရှုံးမှုတန်ဖိုး တစ်ထောင့်ခုနစ်ရာ ခြောက်ဆယ် သုံးသိန်း နှစ်သောင်း လေးထောင့် ရှစ်ရာ(၁၇၆,၃၂၄,၈၀ဝ)ကျပ် ရှိကြောင်း သိရသည်
ref the voice

Spread Of Big Fire

မီးလောင်မှု ကြီးမားကျယ်ပြန့် ရခြင်းတွင် အဓိကအကြောင်းရင်း (၃)ချက်ရှိ သည်။
(၁)လေပူစီး ကြောင်းများ(Heat Air Current)၊ (၂)အပူဖြာကူးခြင်း (Radiant Heat)နှင့် (၃)မီးပွားများလွင့်ပျံခြင်း(Flying Sparks) တို့ ဖြစ်သည်။
ထို့ပြင် မီးလောင်မှုကြီး ဖြစ်ပွား စေရန် လွှမ်းမိုးနေသည့် အခြား အကြောင်းတရားများမှာ နေအိမ် များ သိပ်သည်းခြင်း၊ လေတိုက်နှုန်း ပြင်း ထန်ခြင်း၊ မီးငြှိမ်းသတ်ရန် ရေရရှိမှုခက်ခဲခြင်း၊ လမ်းကျဉ်း မြောင်း၍ မီးသတ်ယာဉ်များ သွား လာရန် ခက်ခဲခြင်း၊ မီးသတ်စခန်း တည်ရှိနေမှုသည် မြို့နယ်ကို စိုးမိုးနိုင်မှု မရှိခြင်းတို့သည်လည်း ဆက်စပ်နှီးနွှယ်နေကြောင်း ကိန်း ဂဏန်းများမှ ဖော်ထုတ်သုံးသပ် နိုင်ပါသည်။


No comments:

Post a Comment