Monday, April 24, 2017

Gas Suppression System

Halogen Gas Fire Suppression System

Halogenated gas ဆိုတာကတော့ Fluorine, Chlorine, Bromine, or Iodine စတဲ့ halogen တစ်မျိုးမျိုး ပါဝင်တဲ့ ဓာတ်ငွေ့ တွေကို ခေါ်တာပါ။ အရင်တုန်းက အသုံးအရမ်းများ ခဲ့တာ ကတော့ Halons 1211 နဲ့ Halon 1301 ပါ။ ဒါပေမဲ့ ဒီဓာတ်ငွေ့ တွေရဲ့ Ozone depletion property ဖြစ်တဲ့ ODP (Ozone Depletion Potential) များတာ ကြောင့် သုံးဘို့ ပိတ်ပင် ခဲ့ကြ ပြီး အခြား Alternatives အမျိုးမျိုး နဲ့ အစားထိုး ခဲ့ကြပါတယ်။ အဲဒါတွေ ကတော့ FE-13 (Trifluoromethane), FE-25 (Pentafluoroethane), FM-100 နဲ့ FM-200 တွေဖြစ်ပါတယ်။ ဒါအထဲ မှာ FM-200 ကလွဲလို့ အခြားဓာတ်ငွေ့ တွေရဲ့ ODP က များနေဆဲ မို့ တဖြည်းဖြည်း နဲ့လျှော့ချရမဲ့ အထဲမှာ ပါနေပါတယ်။ အခြားပြဿနာ ဖြစ်တဲ့ လေထဲမှာ နှစ်ပေါင်းများစွာ မပြိုမကွဲ တည်ရှိ နေနိုင်တဲ့ atmospheric life ရှည်တာရယ်၊ Global warming potential (GWP) များတာတွေ ရယ် က FM-200
အပါအဝင် Halogenated gas တွေအားလုံး ကို ပိတ်ပင်ပစ် ဘို့ဖြစ်လာတော့ တာပါပဲ။အထူးသဖြင့် Green Building တွေမှာ Halon နဲ့ CFC ပါတဲ့ Agent တွေ ကို မသုံးဘို့ ကန့်သတ်လာတာ တွေ့ရပါတယ်။
FE-13 (also known as Trifluoromethane, HFC-23, CHF3)
FE-25 (also known as Pentafluoroethane, HFC-125, C2HF5),
FE-232 (also known as Dichlorotrifluoroethane HCFC-123 , C2HCl2F3 )
credit to Chawlwinblog


No comments:

Post a Comment