Emergency Glass Breaker: Safety First Travelling with Express bus
အလုံပိတ်မော်တော်ယာဉ်တွေ မီးလောင်တော့
အထဲမှာပိတ်မိသေဆုံးတာတွေ ရှိလာပါတယ်
14 apr2016 NPT မှာ ၁၀ ဦးကားမီးလောင် အထဲမှာပိတ်မိသေဆုံးတာတွေ့ရပါတယိ
ထိုင်ဝမ် ဖတိမှာလဲ express ယာဉ် မီးလောင်ပီး
အထဲမှာ လူ၂၀ နီးပါး ပိတိမိသေဆုံးခဲ့ပါသေးတယ်
မဖြစ်သင့်တာမဖြစ်ရလေအောင်
အရေးပေါ်အခြေအနေမှာ ထွက်နိုင်ဖို့
Break glass Hummer အနီ ရောင်မှန်ခွဲတူတွေ
ပါလေ့ရှိပါတယ် ဂျပန် ကားအံစာတုံးနောက်ထွက်တွေမှာလဲ ပါလာပီ
Express အများစုမှာပါလာပါပီ
Break Glass Hummer နဲ ခွဲပီးထွက်လာနိုင်စေရန် ရည်ရွယ်ပါတယ်
်
ယနေ့ မြန်မာ့ အဝေးပြေး ခရီးသည်ကား လောကမှာ နာမည်ကြီး နေတဲ့
မှန်လုံယာဉ် အမျိုးအစားက ကမ္ဘာ့နာမည်ကြီးဖြစ်တဲ့ (Scania) လို့ခေါ်
တဲ့ ဆွီဒင်နိုင်ငံထုတ် ခရီးသည်တင်ယာဉ် အမျိုးအစားဖြစ်ပါတယ် ။
သို့ပေမယ့် ထို (Scania) ခရီးသည်တင် ယာဉ်များရဲ့ တန်ကြေးက လွန်
စွာ မြင့်မားတာကြောင့် ဓနအင်အား မတောင့်တင်းတဲ့ ယာဉ်လိုင်းများက
မသုံးစွဲနိုင်ကြဘူးလို့ ထင်ပါတယ် ။
ဒါကြောင့် - အများစုသော ယာဉ်လိုင်းတွေက (Scania Bus) နှင့် ပုံစံတူ
ကားတန်ဖိုးဈေးနှုန်းသက်သာတဲ့ တရုတ်နိုင်ငံထုတ် ၊ ကိုးရီးယား နိုင်ငံ
ထုတ် ဖက်စပ် ကားတွေနှင့် ပြေးဆွဲကြတာများပါတယ် ။
အဲဒီကားတိုင်း လိုလိုက ဝင်ပေါက် ထွက်ပေါက် တစ်ပေါက်တည်းပဲ ရှိပါ
တယ်။ အရေးပေါ်ထွက်ပေါက်ဆိုတာ သီးသန့် မထားရှိ ထားပါဘူး ။ ထို
ကားတွေရဲ့ အရေးပေါ် ထွက်ပေါက်က - မှန် ပြတင်းပေါက်ကို ရိုက်ခွဲပြီး
အပြင်ကို ထွက်တဲ့ နည်းလမ်းလို့ သတ်မှတ်ထားပါတယ် ။ အဲဒီအတွက်
မှန်ကို ခွဲနိုင်တဲ့ကိရိယာကို အရေးပေါ်အသုံးပြုနိုင်ရန် မှန်ပြတင်းပေါက်
ရဲ့ နံရံမှာ ကပ်ထားလေ့ ရှိပါတယ် ။ သို့ပေမယ့် အဲဒါ ကို အချို့ကား ပိုင်
ရှင်တွေက လက်ဆော့ ခြေဆော့ ခရီးသည်နှင့် တိုးပြီးကွဲမှာ စိုးလို့တမင်
ဖြုတ်ထားတာပဲလား? သို့မဟုတ် မှာယူစဉ်အခါတည်းက မပါလာခဲ့တာ
ကို ပြန်လည် မဖြည့်ထားတာပဲလားတော့ မသိပါဘူး ။
နောက်မီးသတ်ဆေးဘူးလည်း မပါဝင်တဲ့ ကား ခပ်များများလို့ ပြောရပါ
လိမ့်မယ် ။
အဆိုးဆုံးကတော့ အရေးပေါ်မှန်ခွဲ ကိရိယာ ဆိုတာ တော်ရုံလူ မသိနိုင်တဲ့ အားနည်းချက်ရှိနေပါတယ် ။ အရေးပေါ် မှန်ခွဲ ကိရိယာ
အဖြစ် မြန်မာစာနှင့် ဖော်ပြထားတာမျိုး ခရီးသည်ယာဉ်လိုင်းတွေမှာမရှိ
သလို ၊ ယာဉ်နောက်လိုက်တွေကလည်း ခရီးသည်ယာဉ်မထွက်ခင် ကြို
တင် ရှင်းပြလေ့မရှိပါဘူး ။ ဆိုတော့ ထို မှန်ခွဲတဲ့ ကိရိယာ ပါဝင်မယ် ဆို
လျှင်တောင် မည်သို့မည်ပုံ အသုံးပြုရမယ်ဆိုတာကို ခရီးသည်တွေကမ
သိတဲ့အခါ အန္တရာယ် အခက်အခဲကြုံတွေ့ချိန်၌မည်သို့ဖြေရှင်းရမည်ကို
မသိတော့ပဲမလိုလားအပ်တဲ့ ထိခိုက်ဒါဏ်ရာရရှိမှု၊အသက်ဆုံးရှုံးမှုတွေ
ဖြစ်ပေါ်လာနိုင်တယ်လို့ မြင်မိတယ် ။
ယာဉ်မတော်တဆဖြစ်လို့ အရေးပေါ်ဖြစ်နေချိန်မှာမှန်လုံယာဉ်က
အရေးပေါ်ထွက်ပေါက်ကို ရှာဖွေမတွေ့ပဲ ၊ Hummer break glass မှန်ခွဲတူလဲမတွေ့
ရှိလဲ မသုံးတက်ကားမှန်ပြတင်း ပေါက်မခွဲနိုင်
အထဲမှာပိတ်မိ မီးခိုးမွှန် သတိမေ့ မီးလောင်ခံရတက်ပါတယ်
ကားပေါ်တက်တာနဲ့ Hummer Break Glass ကို
ကြည့်ထားပါ Exit ကိုကြည့်ပါ မီးသတ်ဆေးဘူးရှိလား
ကြည့်ထား ပါ အရေးပေါ်အခြေအနေဖြစ်ရင်သုံးတက်ပါစေ
ref U yin kyae
SAFETY FIRST. Travelling
ဖြည့်စွကိ via#kzh
Pages - Menu
Monday, April 24, 2017
အရေးပေါ်မှန်ခွဲတူအကြောင်ဲး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment