Monday, April 24, 2017

Fire Extinguisher

.Portable Fire Extinguishers
o Portable Fire Extinguishers ဆိုတာကတော့ အသင့်သုံး မီးသတ်ဘူး တွေ
ပါ။ အခြေခံ မီးသတ် ပစ္စည်းဖြစ်ပြီး initial outbreak of fire incident
(မီးအစပျိုးစ) အခြေအနေမှာ မီးအရှိန် ပိုကြီးမလာအောင် ထိန်းသိမ်းနိုင်ဘို့
အသုံးပြုပါတယ်။ Fire Extinguisher ကို နည်းလမ်းကျကျ အသုံးချ မှု က
ရံဖန်ရံခါ မီးသတ်တပ်ဖွဲ့ ကို မခေါ်သေးရခင် မှာပဲ မီးကို ထိထိရောက်ရောက်
ထိန်းချုပ် ငြိမ်းသတ်နိုင်တာ ကိုတွေ့ရပါတယ်။ ဒါပေမဲ့ အရှိန်ရ
အားကောင်းနေတဲ့ large scale fire တွေ ကို ငြိမ်းသတ်နိုင် ဘို့ အတွက် တော့
မဟုတ်ပါဘူး။ Portable ဆိုတဲ့ အတိုင်း အလွယ်တကူ သယ်ယူ အသုံးပြုနိုင်
စေဘို့ လိုအပ်တာ မို့ သိပ်မလေးဘို့ လိုအပ်ပြီး အလေးဆုံး 20kg (44lb)
မကျော်ဘို့ လိုအပ်ပါတယ်။
o Extinguishers တွေ ကို မီးအစပျိုးတဲ့ အချိန် အလျင်အမြန် ယူသုံး နိုင်ဘို့
အတွက် မြင်သာတဲ့ လွယ်လွယ်ကူကူ ယူသုံးလို့ ရတဲ့ နေရာ တွေ မှာ
ထားပေးရပါမယ်။ room exit တံခါးပေါက် နား၊ ကော်ရစ်ဒါ၊ stairways
လှေခါးအတွင်း၊ lobby နဲ့ landings တွေ မှာ ထားဘို့ ပိုသင့်ပါတယ်။ the
potential fire hazards (မီးလောင်နိုင်မဲ့ ပစ္စည်းတွေ) နဲ့ နီးတဲ့ အနားမှာ
လည်းထားပေးရပါမယ်။ မီးလောင်မှု ဖြစ်ခဲ့ရင် ယူသုံးလို့ မရမဲ့ နေရာ
မဖြစ်ဘို့တော့ သတိထား ရပါမယ်။
o အထက်မှာ ဖော်ပြခဲ့ တဲ့ classification, hazard class နဲ့ fire size
ပေါ်မူတည် တွက်ချက် ရွေးချယ်ရ ပါမယ်။
o Rating ဆိုတာကတော့ Fire Size လို့ခေါ်တဲ့ မီးတောက် ဘယ်လောက်အား
ကို သတ်နိုင်တယ်ဆိုတဲ့ အားပါ။ အထဲမှာပါဝင် တဲ့ Fire extinguishing
agent ပစ္စည်း ကိုလိုက်လို့ ဒီ Rating ကိုလည်း ဖော်ပြထားလေ့ ရှိပါတယ်။
o စကာင်္ပူ CP55:1991 အရ Class A Fire Extinguisher တွေ ကိုရွေးချယ်တဲ့
အခါ A တစ်ယူနစ် က 40m2 for Low Hazard Occupancy, 20for
Medium, 15 for high hazard. ဒီ Low, Med, High တွေ က Light,
Ordinary, High တွေနဲ့ ဆင်တူပါတယ်။ 200m2 ဧရိယာ ရှိတဲ့ Low hazard
အခန်းတစ်ခန်း အတွက်200 / 40 = 5A လိုအပ်ပါတယ်။ Class A Fire
အတွက် အခန်းရဲ့ ဘယ်နေရာ ကနေ ပဲဖြစ်ဖြစ် အနီးဆုံး extinguisher အထိ
သွားယူရမဲ့ Maximum travel distance က 15m ပါ။
o British Standard နဲ့ မလေးရှား၊စင်္ကာပူ နိုင်ငံ က သာမန်
အဆောက်အအုံတွေ မှာ သုံးလေ့ရှိတာ ကတော့ ABC Fire Extinguisher
လို့ခေါ်တဲ့ Dry Chemical Type ပါ။ သူက Class A, B, C Fire (in B.S.) တွေ
အားလုံးအတွက် အသုံးပြုနိုင်တာ မို့ပါ။ ဒါ့အပြင် Class E (Electrical Fire)
အတွက်လည်းအသုံးပြုနိုင်ပါသေးတယ်။ ဒီ ABC Fire Extinguisher နဲ့
ငြိမ်းသတ်ဘို့ ရှောင်ရမှာ ကတော့ carbon disulphite နဲ့ Class D:
flammable metal Fire ဖြစ်တဲ့ magnesium and sodium တွေကြောင့်
ဖြစ်တဲ့ မီးဖြစ်ပါတယ်။

credit M&E for you carrer page

NFPA Hazard Standardard
Grading Of occupanicies by Fire Load

A.အသေးစားဘေးအန္တရာယ် (Light Hazard)
အဆောက်အဦဖြစ်စေ အခန်းဖြစ်စေ Class A အဆငိ့ရှိ
မီးလောင်ကျွမ်းနိုင်သောပရိဘောဂများ အလှဆငိပစ္စည်းများနှင့် အခြားပစ္စည်းများ ၏ စုစုပေါင်းပမာဏ နိမ်သြည့်နေရာများ ရုံးခန်းများ စာသင်ခန်းများ ဘုရားကျောငိး များ လူအများစုဝေးရာခန်းမများ

B.သာမန်အလယ်အလတ်ဘေးအန္တရာယ်Ordinary  Hazard
အသေးစားဘေးအန္တရာယ်ရှသ်ည်ဟုသတ်မှတ်သောနေရာများထက် Class A အဆငိ့ရှိလောင်ကျွမ်းနိုင်သောပစ္စည်းများနှင့် Class B အဆငိ့ရှိ မီးတောက်နိုင်သောအရာများ ၏စုစုပေါင်းပမာဏ ပိုမိုမြင့်မားသောနေရာများ
သာမန်ဘေးအန္တရာယ်များကို အုပိစု၃စု ခွဲခြားထားသည်
1.၈ပေအောကိနိမ့်သည့် ကုန်ပစ္စည်းများ
2..၁၂ ပေအောကိနိမ့်သည့် ကုန်ပစ္စည်းများ
3..၁၂ ပေအထက် သိုမှီးထားသည့် ကုန်ပစ္စည်းများ
ထိုနေရာများတွင် ကုန်သွယ်မှုပြုလုပ်သည့်ဆိုင်များနှင့်
စုပေါင်းသိုလှောင်ရုံများ အသေးစားစက်မှုလက်မှုလုပ်ငန်းများ
ကားပြခန်းများ ဂိုဒေါင်မျာ်းဝင်သည်

C.ပြင်းထန်သောမြင့်သောဘေးအန္တရာယ် High Hazard
Class A CLass B အဆင့်ရှိပစ္စည်းများ၏ စုစုပေါင်းပမာဏကို သိုလှောင်ထားခြင်း ထုတ်လုပ်ခြင်း
ဝr အခြားရည်ရွယ်ချကိဖြင့်အသုံးပြုခြင်း
စသည်တို့ ပြုလုပ်ရာနေရာများ


No comments:

Post a Comment