Tuesday, April 25, 2017

Top 10 Cars Fire Cause

Top 10 Causes of Car Fires
ကားမီးလောင်စေသော အဓိကအချက်ဆယ်ချက်
����������������������������
မီးလောင်ဖို့အတွက် အပူရယ် (heat), အောင်ဆီဂျင်ရယ်၊ လောင်စာ(fuel)ရယ် သုံးမျိုးပေါင်းစပ်မှသာ လောင်ပါတယ်။
(1) Fuel system leaks ဆီလိုင်းယိုစိမ့်ခြင်း
ဓာတ်ဆီကားပဲဖြစ်ဖြစ် ဒီဇယ်ကားပဲဖြစ်ဖြစ် ဆီယိုရင် မီးလောင်ဖို့များသွားပါပြီ။ အင်ဂျင်ကအပူရယ်၊ လေထုထဲက အောင်ဆီဂျင်ရယ်၊ ဆီပိုက်က ယိုစိမ့်တဲ့ဆီရယ် သုံးခုဆုံရင် ကားမီးလောင်ပါတယ်။
(2) Electrical System Failure
လျှပ်စစ်ကြိုးတွေ ပျက်စီးပြီး ဝါယာလျော့ဖြစ်ကာ ကားမီးလောင်နိုင်ပါသည်။
(3) Spilled fluids
ကားနဲ့ကားအင်ဂျင်ပတ်ဝန်းကျင်မှာ ဆီတွေ လောင်စာဆီတွေ ပေကျန်ညစ်ပတ်နေပါက ကားမီးလောင်နိုင်ပါသည်။
(4) Overheating Engine
Engine ရဲ့ အအေးပေးစနစ်၊ ချောဆီစနစ်တွေ မကောင်းပါက အင်ဂျင်အရမ်းပူကာ ကားမီးလောင်နိုင်ပါသည်။
(5) Overheating Catalytic Converters
ကျောက်ဇကာလို မြန်မာတွေခေါ်တဲ့ Catalytic Converter က အိတ်ဇောအပူတွေနဲ့အလုပ်လုပ်ရတာကြောင့် အထဲမှာပိတ်ဆို့ပြီး အပူလွန်ကဲလာပါက ကားမီးလောင်နိုင်ပါသည်။
(6) Hybrid and Electric Vehicle Batteries
Hybrid ကားဆိုတာ အင်ဂျင်ရော လျှပ်စစ်ဘယ်ထရီရောနှစ်မျိုးပါရှိပြီး အင်ဂျင်တလှည့် ဘယ်ထရီကအားတလှည့် မောင်းနှင်တဲ့ကားပါ။ လျှပ်စစ်ကားကတော့ ဘယ်ထရီတစိမျိုးတည်းသုံးတဲ့ကားပါ။ အဲ့လိုကားတွေမှာလည်း ဘယ်ထရီကနေ မီးလောင်နိုင်ပါသည်။
(7) Arson
သောင်းကျန်းသူ မသမာသူတွေ ကားကို မီးရှို့လို့လည်း ကားမီးလောင်နိုင်ပါသည်။
(8) Car Crashes
ကားအချင်းချင်း ရှေ့နောက်တိုက်မိလို့ ကားမီးလောင်နိုင်ပါသည်။
(9) Poor Maintenance
ကားကို ပြုပြင်ထိန်းသိမ်းမှု အားနည်းရင်လည်း ကားမီးလောင်နိုင်ပါသည်။
(10) Design Flaws
ကားဒီဇိုင်းထုတ်လုပ်သူတွေရဲ့ အားနည်းချက်ကြောင့်လည်း ကားမီးလောင်နိုင်ပါသည်။
credit Htun Myint Htay


No comments:

Post a Comment