Monday, June 19, 2017

ရဲဝံ့စွန့်စား မီးသတ်သမား

မီးသတ်သမားဆိုတာFireman
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®
လူတို့အနေဖြင့် မီးလောင်မှုဖြစ်ပြီဆိုလျှင် ပထမဆုံး သတိရလိုက်သူများသည် မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးဆက်သွယ် အကြောင်းကြားရပါသည်။ မီးသတ်တပ်ဖွဲ့ဝင်တိုင်းသည် မည်သည့် မီးလောင်မှု မဆို မီးငြှိမ်းသတ်ပေးရန် အသင့်ရှိနေကြပါသည်။

မီးလောင်မှုတိုင်း ကို စွန့်စွန့်စားစား၊ ရဲရဲဝံ့ဝံ့လုပ်ကိုင်ပေးကြရပါသည်။ မီးငြှိမ်း သတ်စဉ်အတွင်း မီးသတ်တပ်ဖွဲ့ဝင်များမှာ ဒဏ်ရာရမှုမှစ၍အသက် စွန့်လွှတ် သွားရသည်အထိ ဖြစ်စဉ်အများအပြားရှိပါသည်။ ဝါသနာ၊ စေတနာ၊ အနစ်နာ၊ 'နာ'သုံးနာနှင့်လုပ်သော လုပ်ငန်းတိုင်းသည် အမွန်မြတ်ဆုံးသော အလုပ်ဖြစ် ပါသည်။

အသက်ကိုပေးဆပ်၍လုပ်သောအလုပ်တို့သည် အာဇာနည် သူရဲကောင်း တို့၏အလုပ်ပင် ဖြစ်ပါသည်။ မီးငြှိမ်းသတ်ခြင်း အလုပ်သည် စွန့်လွှတ် စွန့်စားလုပ်ကိုင်ရသည့် အလုပ်ဖြစ်သည့် အတွက် မွန်မြတ်သော အလုပ်ဖြစ် ပါသည်။

မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ရေး မီးဘေး လုံခြုံရေးတာဝန်အပြင် သဘာဝဘေးအန္တရာယ်များ ကြုံကြိုက် သည့်အခါ ရှေ့တန်းမှ မားမား မတ်မတ်ရပ်တည်ပြီး ကယ်ဆယ်ရေး အလုပ်ကိုလည်း လုပ်ကိုင်ပေးကြ ရသူများ ဖြစ်ကြပါသည်။

ရပ်ရေးရွာရေး ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်သည့်အခါတွင်လည်း မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ကြရပါသည်။ မီးငြှိမ်း သတ်ခြင်း၊ မီးဘေးကြိုတင် ကာကွယ်ရေး ဆောင်ရွက်ခြင်း အလုပ် သည် တာဝန်တစ်ရပ်ထက် ပရဟိတစိတ်ဓာတ်ဖြင့် လုပ်ကိုင်ပေးရ ခြင်းက ပို၍များပါသည်။ မြန်မာနိုင်ငံ တွင် သန္ဓေမီးသတ်တပ် ဖွဲ့ဝင်များသာမက ရပ်ရွာအခြေပြု အရန်မီးသတ် တပ်ဖွဲ့များလည်း အများအပြားရှိပါသည်။ မည်သည့်မီးသတ်တပ်ဖွဲ့ဝင်မဆို အများ အကျိုးဆောင်ရွက်နေကြသူများဖြစ်ကြပါသည်

မီးဘေးလုံခြုံမှုနှင့်စပ်လျဉ်းသည့် လုပ်ငန်းအား အနှစ်ချုပ်ကြည့်ပါလျှင် မီးမလောင်အောင်စီမံဆောင်ရွက်ရခြင်းနှင့် မတော်တဆ မီးလောင်မှုဖြစ်ပွားပါက ဆုံးရှုံးမှုအနည်းဆုံးနှင့် လျင်မြန်စွာ မီးငြှိမ်းသတ်ရေး ဆောင်ရွက်ရပါသည်။ ထို့ပြင် ရုတ်တရက် မတော်တဆဖြစ်ပွားတတ်သော ဘေးအ္တရာယ်များဖြစ်သည့် ဥပမာ - ယာဉ်တိုက်ခြင်း၊ ယာဉ်တိမ်းမှောက်ခြင်း၊ တိုက်ပြိုခြင်း စသည်တို့အပြင် သဘာဝဘေးဒဏ်အမျိုးမျိုး ကျရောက်မှုကိုလည်း ဖြေရှင်းဆောင်ရွက်ကြရပါသည်။ များပြားလှစွာသော ပြည်သူလူထု၏ ဘေးအ္တရာယ် ဟူသမျှကို ကူညီဆောင်ရွက်လျက်ရှိသည်။ မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်ရ မှုမှာ တစ်ခါတစ်ရံတွင် သိမ်မွေ့စွာ လျှောက်လှမ်းရ၍ တစ်ခါတစ်ရံတွင် ကြမ်းတမ်း သော အ္တရာယ်သတ်ကွင်းကို ဖြတ်သန်းရတတ်သည်။ လုပ်ငန်းသဘာဝအရ သိမ်မွေ့မှုနှင့် ခက်ထန်မှု အစွန်းနှစ်ဖက်တွင်ရှိနေပါသည်။ မီးသတ်သမားတိုင်း၏ နှလုံးသား ဝယ် ပြည်သူတို့၏ ဘေးဒုက္ခများအား ဖယ်ရှားပစ်မည်ဟူသော အမြုတေကို ဆောင်ကြဉ်း၍ ပေးဆပ်ရန် အသင့်ရှိနေကြပါသည်။

   သမားရိုးကျဖြစ်သော မီးပေါ့ဆမှုကြောင့် လောင်ကျွမ်းသည့် မီး လောင်မှုများအား ငြှိမ်းသတ်ရသည့်အပြင် လွန်စွာအ္တရာယ်များသော မီးလောင် မှုများအား စွန့်စားငြှိမ်းသတ်ခဲ့ကြသည့် သမိုင်းအထောက်အထားများလဲရှိခဲ့သည်  သာဓကအနေဖြင့် ၁၉၄၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့ ညအချိန်တွင် ရန်သူ့လေယာဉ်များ အုပ်စုဖွဲ့ ပျံသန်းလာ၍ ရန်ကုန်မြို့အား ဗုံးကြဲစဉ် လမ်းမတော်မြို့နယ်ရှိ ဆေးကောလိပ်ကို မီးစွဲလောင် လေတော့သည်။ အများနှင့်သက်ဆိုင်ပြီး ဆေးပညာရပ်များအား သင်ကြားခဲ့ကာ အဆောက်အအုံများ မပျက်စီးစေလိုသောဇောဖြင့် မီးငြှိမ်းသတ်ခြင်းအား အသက် စွန့်ကြိုးပမ်းငြှိမ်း သတ်ကြရာ မီးကို အောင်မြင်စွာငြှိမ်းသတ်နိုင်ခဲ့ သော်လည်း မီးသတ်အရာရှိဖြစ်သူ ဦးလှကျော်မှာ ရန်သူ့ဗုံးဆန်ထိမှန်၍ ပေါင်ကျိုးကာ သုံးလမျှ ဆေးဝါးကုသခဲ့ရပေသည်။ ဤဆောင်ရွက်မှုမှာ ရိုးရှင်းသောဖြစ်ရပ်ဟု ထင်မှတ်ရ သော်လည်း ဗုံးဆန်များကြားတွင် စွန့်စားစွာလုပ်ဆောင်သည့် မီးသတ်သမားများ ၏ အားထုတ်မှုမှာ ကြီးမားသောသမိုင်းအစဉ်အလာတစ်ခုအဖြစ် နှောင်းလူတို့အား ဝီရအလင်း ဆောင်ကြဉ်းပေးခဲ့သော နှလုံးလှသူရဲကောင်းများပင်ဖြစ်တော့သည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် ၁၉၄၆ ခုနှစ် မေလ ၅ ရက်နေ့မှစတင်၍ စနစ်တကျ မွေးဖွားလာခဲ့ခြင်း၊ တစ်ဆက်တစ်စပ်တည်း ပုံသ္ဌာန်မှန်ကန်စွာ ပျိုးထောင် လာခဲ့ခြင်း၊ ပညာရပ်များနှင့် အတွေ့အကြုံများဖြင့် လက်ဆင့်ကမ်းကြီးပြင်း လာခဲ့ခြင်းတို့ကြောင့် စိတ်ဓာတ်ခွန်အားမြင့်မားကာအရည်အသွေးကြွယ်ဝလျက် လက်ဆင့်ကမ်းတာဝန်များထမ်းဆောင်လျက်ရှိသည်။ အသက်နှင့်ခန္ဓာကို အရင်းအနှီး ပြု၍ အ္တရာယ်သတ်ကွင်းအတွင်း ရှင်သန်ခြင်းဟူသော အောင်မြေနင်းခဲ့ကြပါသည်။ ဂုဏ်ယူဖွယ်စွမ်းဆောင်မှုအဖြစ် ၂ဝဝ၃ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အမှတ်(၁) သန်လျင် ရေနံချက်စက်ရုံ မီးလောင်မှုမှာ ရင်ခုန်စိတ်လှုပ်ရှား ဖွယ်ဖြစ်သည်။ ရေနံတွန်းပို့စက် (Pump House) အတွင်း လျှပ်စစ်မှားယွင်းမှုဖြစ်ပေါ်ကာ မီးလောင်မှု စတင်ခဲ့ခြင်းဖြစ်သည်။ မီးလောင်မှု စတင်သည့်အဆင့် လောင်စာဆီတို့၏ ဂုဏ်သတ္တိအရ မီးတောက်ကြီးမားစွာ တောက်လောင်ပြီး ပတ်ဝန်းကျင်အောက်ခြေ၌ ယိုစိမ့်ရေနံများရှိသည့် မြက်ခြောက် များကို လျင်မြန်စွာ လောင်ကျွမ်းခဲ့သည်မှာ ဧရိယာအကျယ် ခြောက်ဧကရှိ မီးပင်လယ်ကြီးဖြစ်ခဲ့သည်။ မီးစတင်ရာ Pump House အနီးတွင် အမြင့် ၁၂ မီတာ၊ အချင်း မီတာ ၅ဝ ခန့်ရှိ ရေနံစိမ်းဂါလန် နှစ်သန်းထည့်၍ သိုလှောင်ထားသော သိုလှောင်ကန်အမှတ် (၂ဝ၂)၊ (၂ဝ၄)၊(၂ဝ၆)တို့က နီးကပ်စွာ တည်ရှိနေသည်။ ရေနံပိုက်လိုင်းများက မီးလောင်မှုအရှိန်ကြောင့် ပြတ်ထွက်ကာ ရေနံစိမ်းများ ပန်းထွက်မီးလောင်မှု( Jet Flame) မှာ နဂါးမီးမှုတ်သကဲ့သို့ ရှိသည်။ ကံဆိုးစွာပင် လေအောက်ရှိ ဆီသိုလှောင်ကန်အမှတ် (၂ဝ၆)သို့မီးကူးစက်လေ တော့သည်။ ဤသို့ ပြင်းထန်သည့်အခြေအနေကို ထိန်းသိမ်းရန် မီးငြှိမ်းသတ်ရေးအဖွဲ့ ၊ ရေရရှိရေးအဖွဲ့ ၊ အမြှုပ်မီးသတ်ဆေးရည် ရရှိရေးအဖွဲ့ ၊ သတင်းစုဆောင်းရယူရေးအဖွဲ့ ၊ ဆက်သွယ်ရေး အဖွဲ့တို့ဖြင့် စနစ်ကျသော မီးလောင်ပြင်ကွပ်ကဲမှု ရယူဆောင်ရွက်ခဲ့သည်။ ကျယ်ပြန့် သော မီးပင်လယ်ကြီးကို ထိန်းသိမ်းနိုင်အောင် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြရာ နောက်ဆုံး ဆီသိုလှောင်ကန် အမှတ်(၂ဝ၆)၏ အပေါ်အထိ မီးလျှံများကြား တက်ရောက် ငြှိမ်း သတ်ခဲ့မှုမြင်ကွင်းမှာ အသည်းယားလှသည့် လွန်စွာစွန့်စားရသော ဆောင်ရွက်မှု ဖြစ်ပါသည်။ ဆီသိုလှောင်ကန်များ၏ ပြင်းထန်သော ပေါက်ကွဲမှု (Boil Over) ဖြစ်စဉ်ကို သိလျက်နှင့် ဆောင်ရွက်ခဲ့ကြမှုများမှာ နှလုံးလှသူရဲကောင်းတို့၏ စိတ်ဓာတ်ပင်လောမသိတော့။ အဆိုပါမီးလောင်မှုတွင် ထိခိုက်ကျဆုံးမှုမရှိဘဲ ရာနှုန်းပြည့်အောင်မြင်ခဲ့သည့် မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ခဲ့ကြပါသည်။
မီးသတ်တပ်ဖွဲ့၏ အဓိကတာဝန်တစ်ရပ်ဖြစ်သော ရှာဖွေကယ်ဆယ်ရေး လုပ်ငန်း (Rescue )သည်လည်း ဘေးအ္တရာယ်တစ်ခုခုဖြင့် ရင်ဆိုင်ကြုံတွေ့နေသူ အား ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ရခြင်းဖြစ်သည်။ တစ်စုံတစ်ယောက် ဘေးအ္တရာယ်ကျရောက်ပြီဆို ကတည်းက ယင်းနေရာသည် အ္တရာယ်ရှိနေကြောင်း အထူးပြောစရာ မလိုအပ်ပေ။ အ္တရာယ်များသည့်နေရာ သို့မဟုတ် သတ်ကွင်းသို့ ထောင်ချောက်များကို ရင်ဆိုင်ကျော်လွှားကာ ဖြေရှင်းဆောင်ရွက်ရပါသည်။ သာဓကအားဖြင့် ၂ဝဝ၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာ တောင်ညွန့်မြို့နယ် ၁၁၆ လမ်းနှင့် ဗိုလ်မင်းရောင်လမ်းထောင့်ရှိ လေးထပ်တိုက် တစ်လုံးသည် နံနက် ၅ နာရီခွဲခန့်တွင် တိုက်၏အောက်ခြေ (Foundation) ကြေပြီး အောက်ကို ကျွံဝင်သွားခဲ့ပါသည်။ ပြိုကျသည့် တိုက်၏ မြေညီထပ်မှာ လူမနေဘဲ ပထမထပ်မှာ တက္ကသိုလ်ကျောင်းသူသုံးဦးအဆောင်ငှား နေပြီး  ကျန်အထပ်များမှာ လူများနေထိုင်ကြရာ တိုက်ပြိုကျချိန်တွင် အဆိုပါကျောင်းသူ သုံးဦး ပိတ်မိ၍ အဆောက်အအုံတိမ်းစောင်းနေစဉ် အပေါ်ထပ်မှ လူများက ခုန်ချလွတ်မြောက် သွားကြသည်။ မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက် ရာတွင် ပြိုကျပြီး အဆောက်အအုံဖြစ်သဖြင့် စက်ကိရိယာသုံး Engine Cutter)၊ (Hydraulic Bull Point)တို့ အသုံးမပြုရဲပေ။ တုန်ခါမှုကြောင့် ထပ်မံပြိုကျမည်စိုးရိမ်ရသဖြင့် လက်သုံးကိရိယာများ ဖြစ်သည့် သံတူရွင်း၊ စို့၊ တူ၊ သံဖြတ်လွှ၊ လက်ဆွဲလွှ၊ ဂေါ်ပြား တို့ဖြင့် ဖြည်းညင်းစွာ ချိန်ဆ၍ ပိတ်မိနေသူရှိရာနှင့် အနီးဆုံးလည်းဖြစ်၊ လုံခြုံမှု လည်း ရရှိနိုင်မည့်နေရာကို ရွေးချယ်ကာ ပင်ပန်းကြီးစွာ လိုဏ်ခေါင်းဖောက်၍ ကယ်ဆယ်ခဲ့ရပါသည်။ ပိတ်မိနေသူကျောင်းသူ သုံးဦးတွင် တစ်ဦးမှာ အဆောက်အအုံ ပြိုကျစဉ်ကပင် ဦးခေါင်းအား ကွန်ကရစ်တန်းပိ သေဆုံးနေပြီး ကျန်နှစ်ဦးကို နှစ်နာရီ အတွင်း အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့ပါသည်။ ရှာဖွေကယ်ဆယ်ရေးနည်းစနစ် (Searching & Rescue Technique) အရ အပျက်အစီးနေရာ (Ruined
Area) အတွင်း အဆောက်အအုံထပ်မံမပြိုကျစေရန် ဒေါက်ထောက်ခြင်းနည်း စနစ် pepf(Method of Shoreing)၊ ပိတ်မိသူထံ ချဉ်းကပ်ဥမင်ဖောက် ကယ်ဆယ် ခြင်း (Tunneling Rescue) အရ သစ်သားအခိုင်အမာဖြင့် လေးထောင့် လိုဏ် ခေါင်းဖြင့် လုံခြုံမှုရယူဆောင်ရွက်ရမည်ဖြစ်သော်လည်း အဆိုပါအထောက်အကူ ပြုပစ္စည်းများ ပြည့်စုံမှ ဆောင်ရွက်လျှင် မဖြစ်နိုင်သဖြင့် လူနှစ်ဦး၏ အသက်ကို မိမိတို့ အသက်များရင်းကာ စွန့်စားဖြေရှင်းကယ်တင်ခဲ့သည့် ဂုဏ်ယူဖွယ် တစ်ခုဖြစ်ခဲ့ပါသည်။

သာမန်အချိန် တွင် မြင်တွေ့နိုင်ရန် ခက်ခဲပြီး အခက်အခဲတစ်ခုကို ရင်ဆိုင်ဖြေရှင်းရန် အကြောင်း ရှိသည့်အခါ ခိုင်မာတည်ကြည် စိတ်ဓာတ်မြင့်မားသော ကိုယ်ချင်းစာတရား၊ ပြတ် သားသော စွန့်လွှတ်မှုတို့နှင့်အတူ ပြင်းထန်သည့် လုံ့လတို့ကို ပိုင်ဆိုင်ကြသည့် နှလုံး သားများဖြစ်ကြသည်။ မီးသတ်တပ်ဖွဲ့များ မီးသတ်လုပ်ငန်းများ ဆောင်ရွက်ချိန် တွင် အ္တရာယ်အချက်ပေး သင်္ကေတများဖြစ်ကြသည့် အသံ၊ အနံ့၊ အလင်းရောင်နှင့်လောင်ကျွမ်းပစ္စည်းတို့၏ ရုပ်လက္ခဏာများကိုလေ့လာတွက်ဆရသည်။  လုပ်ငန်း သဘောအရလည်း မာယာထောင်ချက်များ လွန်စွာပေါလှသည်။ မည်သည့်အခြေ အနေတွင်ဖြစ်စေ အ္တရာယ်မကင်းသည်မှာ သေချာပါသည်။ ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် နံနက် ၁ နာရီ မိနစ် ၄ဝ ခန့် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့် မြို့နယ် မေတ္တာမွန်ဂိုဒေါင်မီးလောင်မှုများသည် ကြေကွဲခြင်းအတိနှင့် ပြီးခဲ့ပါသည်။ မီးငြှိမ်းသတ်နေသည့် တပ်ဖွဲ့ဝင်များသည် အ္တရာယ်၏ အမှတ်လက္ခဏာများဖြစ် သည့် ပေါက်ကွဲမှုအသေးစား နှစ်ကြိမ်ဖြစ်ပွားပြီး မီးတောက်၏ အရောင်မှာလည်း ပုံမှန်အရောင် မဟုတ်သဖြင့်မီးတောက်မြန်မြန်မပျောက်ပါက ကြီးမားသော ပေါက်ကွဲ မှု ဖြစ်ချေတော့မည်။ပတ်ဝန်းကျင်နေပြည်သူများ ထိခိုက်မှုရှိပေလိမ့်မည်။
ထို့ကြောင့် မီးတောက်အား ဦးနှိမ်နိုင်ရေး အနီးကပ်ကြိုးပမ်းစဉ် ပြင်းထန်သည့်ပေါက်ကွဲမှုကြောင့် တပ်ဖွဲ့ဝင် ငါးဦးအသက်စွန့်ခဲ့ကြရ ရှာသည်။ အလားတူ ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ကောလင်းမြို့နယ် ညောင်ကိုင်း ကျေးရွာ အရှေ့ဘက်ရှိ ဒုန်းတုတ်ချောင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး ရေလျှံမှုဖြစ်ပွားကာ ကားလမ်းပေါ်၌ ရေသုံးပေခန့်တက်၍ အရှိန်အဟုန်ပြင်း သည့် ရေစီးသန်မှုကြောင့် မော်တော်ယာဉ်တစ်စီး လမ်းဘေးချောက်ထဲသို့ ထိုးကျ သဖြင့် ကောလင်းမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ကယ်ဆယ် ခဲ့ကြရာရေစီးနှင့်မျောပါလုနီးပါးဖြစ်နေသော မော်တော်ယာဉ်အား ခက်ခဲစွာ ကြိုး ဖြင့် ချည်နှောင်၍ အဆိုပါကားမှ ယာဉ်မောင်းဖြစ်သူအား ဘေးကင်းရာသို့ ကြိုးမှ တစ်ဆင့် ကယ်တင်နိုင်ခဲ့ သော်လည်း တပ်ဖွဲ့ဝင်တစ်ဦးမှာမူ ပြင်းထန်သော ရေစီး ကြောင်းအတွင်း မျောပါ အသက်စွန့်ခဲ့ရရှာပါသည်။ နှလုံးလှသူရဲကောင်းဟူသည် အသက်အ္တရာယ်ရှိနေခြင်းကို နားလည်သိရှိပါလျက် ပြည်သူအတွက် ဆိုပါလျှင် ပေးဆပ်ခဲ့ကြသူများပင် ဖြစ်ကြပေတော့သည်။

''စွန့်စားမှု သည် ငါ၏ ဝါသနာဖြစ်သည်'' ဟု ခံယူထားသည့်အတိုင်း ပြည်သူတို့၏ နှလုံးသွေးများ၊ မျက်ရည်များကို လောင်စားသည့် မီးတောက်မီးလျှံများကို ရင်ဆိုင် ဖြိုဖျက်မည့် သံမဏိပိုးဖလံများ တာဝန်ထမ်းလျက်ရှိကြသည်။ နည်းပညာရပ်တိုင်း က မိမိ၏ လုံခြုံမှုကို ဦးစားပေးရမည်ဖြစ်သော်လည်း အခြေအနေအရ တစ်ပါးသူ အသက်ရှင်ခွင့်ရလျှင် မီးသတ်သမားတို့သည် ပေးဆပ်ရန်အသင့်ရှိပါကြောင်းရေးသားလိုက်ပါသည်
Refer credit  စံရွှေတိုး
kyizawhtike@bkl


No comments:

Post a Comment