Monday, April 24, 2017

Sprinkler System Part 1


Sprinkler အလိုအလျောက်ရေဖြန်းစနစ်
မီးလောင်တာနဲ့တပြိုင်နက် အလိုအလျောက် မီးငြိမ်းသက်ဖို့  (to kill fire) နဲ့ အနည်းဆုံး ထိန်းချုပ်ထားနိုင်ဖို့ (to control fire) အတွက် sprinkler system  ကို အသုံးပြုပါတယ်။ မီးလောင်တာနဲ့ လူကလာသက်စရာမလိုပဲ အလိုအလျောက် ငြိမ်းသက်ပေးတာက သူ့ရဲ့ အဓိက အားသာချက်ပါပဲ။

မီးလောင်လို့ အပူချိန်တက်လာတာနဲ့ sprinkler ထိပ်မှာရှိတဲ့ ထိပ်ဖူး (bulb) လေးက အရည်ပျော်ပြီး ရေပေါက်လေးပွင့်ကာ ရေ စ ဖြန်းပေးခြင်းဖြစ်ပါတယ်။ ဒေသရဲ့ အပူချိန် အဆောက်အဦး အခန်းတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အဲဒီ ထိပ်ဖူးလေးရဲ့  အပူခံနိုင်ချိန် ကကွာခြားပါတယ်။ sprinkler တစ်ခုရဲ့ အပူချိန် ခံနိုင်အားကို အဲဒီထိပ်ဖူးလေးရဲ့ အရောင်ပေါ်မူတည်ပြီးတော့လည်း ခွဲခြားနိုင်ပါတယ်။ ဥပမာ အနီရောင်ဆိုရင် 63’C အ၀ါရောင်ဆိုရင် 79’c အပြာရောင်ဆိုရင် 141’C အဲဒီလို ခွဲနိုင်ပါတယ်။ အဲဒီအပူချိန်တွေရောက်ရင်တော့ ထိပ်ဖူးလေးကွဲပြီး ရေဖြန်းမှာဖြစ်ပါတယ်။

သာမန်အခန်းတွေအတွက် ၆၈ ဒီဂရီစင်တီဂရိတ်နဲ့ အရေးကြီးတဲ့ ပစည်းတွေ သိုလှောင်တဲ့နေရာတွေ အတွက်တော့ ESFR (Early Suppression First Response) လို့ သတ်မှတ်ပြီး ၇၄ ဒီဂရီ စသဖြင့် ရှိပါတယ်။ ESFR ဧရိယာအတွက် အပူချိန်ခံနိုင်ရည်အားများလို့ အလွယ်တကူ ရေဖြန်းခြင်းမရှိတာက အပေါ်မှာ ပြောခဲ့သလိုပဲ  သိုလှောင်ထားတဲ့ အရေးကြီးပစည်းတွေ မလိုအပ်ဘဲ ရေစို ပျက်စီးမှာကို ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရေဖြန်းအားတော့ ပိုကြီးပြီး ပိုများပါတယ်။ အဲဒီလိုပဲ မီးဖိုချောင်က မီးခိုးခေါင်းတိုင်လိုနေရာမျိုးမှာ တပ်ဆင်ရတဲ့ sprinkler တွေဆိုရင်လည်း ခံနိုင်ရည်အားကိုများများထားရပါတယ်။ သတ်မှတ်ထားတဲ့ အပူချိန်ရောက်မှသာ ရေဖြန်းစေဖို့ပါပဲ။

တချို့ မျက်နှာစာ လှလှပပဖြစ်နေရမယ့် အခန်းတွေမှာတော့ ဒီ sprinkler တွေကြောင့် ရုပ်ဆိုးမသွားအောင် sprinkler တွေကို cover plate လေးတွေနဲ့ ဖုံးထားတက်ပါတယ်။ အဲဒီအခါမှာ sprinkler ဘယ်လိုအလုပ်လုပ်လဲဆိုတော့ အဲဒီ cover plate လေးက   sprinkler ထိပ်ဖူးထက် အပူခံနိုင်အား ၂၀ ဒီဂရီလောက် ပိုနည်းပါတယ်။ ဥပမာ sprinkler ထိပ်ဖူးက ၆၈ ဒီဂရီစင်တီဂရိတ်မှာမှ အရည်ပျော်မှာဆိုရင် အဲဒီ cover plate ၄၈ ဒီဂရီစင်တီဂရိတ်မှာ အရည်ပျော်ပါတယ်။ အဲဒီအတွက် sprinkler system ကို မထိခိုက်တော့ပါဘူး။ royal flush sprinkler head လို့ ခေါ်ပါတယ်။

sprinkler point တစ်ပွိုင့် ရဲ့ ရေဖြန်းနိုင်တဲ့ဧရိယာ (coverage area) သက်မှတ်ပုံကတော့ အမျိုးမျိုးကွဲပြားပါတယ်။ အဆောက်အဦးအမျိုးအစားအပြင် ကိုယ့်အဆောက်အဦးအတွက် အာမခံထားမယ့် အာမခံကုမဏီတွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီဖို့လည်း သတိထားရပါတယ်။ အာမခံကုမဏီက အသိအမှတ်ပြုတဲ့ ပစည်းတွေပဲ သုံးရပါတယ်။ အဲဒီအာမခံကုမဏီတွေကလည်း အစိုးရစစ်ဆေးရေးတွေလိုပဲ တင်းကျပ်ပါတယ်။ သူတို့ ပြောထားတဲ့ သူတို့စံနဲ့ ကိုက်ညီမှ သူတို့ဆီမှာ အာမခံထားလို့ ရတာပါ။ 12msq ၊ 9msq စသဖြင့် သုံးတက်ပါတယ်။  ဒီ coverage လိုအပ်ချက်အပေါ်မူတည်ပြီး တစ်ပွိုင့်နဲ့တစ်ပွိုင့် ဘယ်လောက်ခြားမလဲဆိုတာကို သတ်မှတ်ရပါတယ်။ commercial building ဖြစ်တဲ့ ရုံးတွမှာ 12 msq ၊  များသောအားဖြင့် industrial building ဖြစ်တဲ့ စက်ရုံတွေမှာ 9 msq (အာမခံကုမဏီတွေကြောင့်) အသုံးများပါတယ်။ coverage လိုအပ်ချက်ကိုတော့ မီးလောင်နိုင်မှု ဖြစ်နိုင်ချေအပေါ်မူတည်ပြီး ဆုံးဖြတ်ပါတယ်။
တကယ်လို့ မျက်နှာကျက် (ceiling) နဲ့ အပေါ်က slabက 800 mm ထက် ပိုများရင်လည်း အဲဒီ မျက်နှာကျက်နဲ့ အပေါ် slab ကြားအတွက် sprinkler နောက်ထပ်တစ်လွှာ ထပ်ထည့်ရပါတယ်။ (sprinkler point က အပေါ်ကို ထောင်ရင် upright sprinkler အောက်ဘက်ကို လှည့်ထားတဲ့ sprinkler ကိုတော့ pendent sprinkler လို့ခေါ်ပါတယ်။) နောက်တစ်မျိုးကတော့ aircon duct တွေ electrical tray တွေဟာ 400 mm ထက်ပိုကျယ်ခဲ့ရင် underduct။undertray sprinkler လို့ခေါ်ပြီး တစ်လွှာထပ်တည့်ရသလို  (electrical tray တွေရဲ့အောက်မှာ တပ်တဲ့ sprinkler တွေမှာ water shield လို့ခေါ်တဲ့ CD လို အပြားလေးတွေ မဖြစ်မနေ တပ်ရပါတယ်။ ရေဖြန်းတဲ့အခါ ရေက အပေါ်ကို ပန်းမှာ စိုးလို့ပါပဲ။  beam တွေက 800mm ထက်ကြီးရင်လည်း underbeam sprinkler ဆိုပြီး နောက်တစ်လွှာ ထပ်ဖြည့်ရပါတယ် ။ အဲဒါကြောင့် တစ်ခါတစ်လေ sprinkler သုံးထပ်တောင် ဆင်ရတာတွေလည်း ရှိပါတယ်။ အဲဒါတွေအပြင် staircase နဲ့ အပြင်ဘက်ကို ခြားထားတဲ့ (staircase ထဲကို အပြင်က မီး မ၀င်နိုင်အောင် ) cut off sprinkler လည်း ရှိပါသေးတယ် ။ အလားတူ fire roller shutter တံခါးတွေအတွက်လည်း cut off sprinkler ထည့်ပေးရပါတယ်။  ဒါ့အပြင် lift တွေထဲမှာလည်း အပေါ်ဆုံး slab အောက်ဘက် မှာတစ်ထပ်နဲ့ အောက်ဆုံးက lift pit  အတွက် တစ်ထပ် ထည့်ပေးရပါတယ်။
electrical DB Room/ Shaft, Transformer room, Data Room (IDF, MDF) စတဲ့ အခန်းတွေမှာတော့ sprinkler တွေ တပ်ဆင်ခွင့်မရှိပါဘူး။ မီးလောင်လို့ ရေဖြန်းရင် ပိုဆိုးကုန်မှာမို့ပါ။ သူ့အတွက်တော့ sprinkler အစား တခြား မီးသတ်စနစ်တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။
Refer to Mechanical and Electrical Engineering

Automatic  #Sprinkler System မီးလောင်ပါကအလိုအလျောက်ရေဖြန်းစနစ်

Automatic sprinkler system ဆိုတာကတော့ Water Supply, a network of pipes, sprinkler heads, and other components တွေ ပါဝင်ပြီး အဆောက်အအုံ ထဲမှာ Temperature (or) Smoke Level ကို Detect လုပ်နေပြီး၊ ကြိုတင် သတ်မှတ်ထား တဲ့ စိုးရိမ် အမှတ်ရောက် တဲ့ အခါ အလိုအလျောက် မီးကိုငြိမ်းသတ် ပေး၊ လူတွေကို လည်း wanring လုပ်ပေး နိုင် မဲ့ Integrated Fire Suppression System တစ်ခု ဖြစ်ပါတယ်။
ပုံမှန် Fire Sprinkler Systems တွေမှာ ပါဝင်နိုင်တာ ကတော့ fire pumps, water storage tanks, control valve sets, sprinkler heads, flow switches, pressure switches, pipework and valves တွေပါ။ ဒီ System က လူဝင်ပါစရာ မလိုပဲ သူ့အလိုလို automatically operates လုပ်နိုင်ပါတယ်။
ရိုးရိုး Sprinkler Head သတ်မှတ်ထားတဲ့ အပူချိန် တစ်ခု မှာ အပူ ကြောင့် ကွဲနိုင်တဲ့ liquid filled glass bulb ပါဝင်ပြီး၊ ဒီလိုကွဲတဲ့ အခါ ပိတ်ထားတဲ့ အဆို့ ပွင့်သွား ပြီး အထဲမှာ ရှိတဲ့ Pressurized (ဖိအားမြင့်) ရေတွေ ကို သူ့အနားတစ်ဝိုက် ကို အလိုလို ပက်ဖြန်းငြိမ်းသတ် ပါတော့တယ်။ လိုအပ်တဲ့ အပူချိန်ကို ရောက်တဲ့ မီးနဲ့ နီးတဲ့ နေရာက Sprinkler တွေပဲ Operate လုပ် (ကွဲပြီးရေဖြန်း) မှာပါ။
Refer to Chawlwin

Sprinkler Control Valve Room

sprinkler  ပွိုင့်အကြောင်းပြီးတော့ အဲဒီ ပွိုင့်တွေကို ရေပို့ဆောင်ပေးတဲ့ sprinkler control valves room (SCV room)  နဲ့ sprinkler pump room တို့ကို လေ့လာရမှာဖြစ်ပါတယ်။ sprinkler control valves room ဆိုတာက  sprinkler main pipe တွေအကုန်လုံး ထားတဲ့ အခန်းလေးပဲဖြစ်ပါတယ်။ ဇုန်အလိုက် ဒါမှမဟုတ် အထပ်အလိုက် တစ်ထပ်ကို တစ်ဇုန်ကို main pipe  တစ်ပိုက် ထားပြီး အဲဒီပိုက်ကို အဖွင့်အပိတ်လုပ်တဲ့ ဘား valve ကို ဒီ sprinkler control valve room မှာ ထားပါတယ်။ ပုံမှန်အားဖြင့် ဒီsprinkler ပိုက်တွေကို လုံးဝဖွင့်ပေး ထားရပါတယ်။ တစ်ခါတစ်ရံ sprinkler points တွေပြင်တာ ပြောင်းတာမျိုး လုပ်ချင်ရင်တော့ ဒီ valve ကို ပိတ်ပြီး drain valve တွေဖွင်၊ drain pipe ကနေ့ ရေတွေ အရင်ထုတ် (discharge, drain out) ရပါတယ်။ ပြီးမှ ပွိုင့်တွေ ပြောင်းတာ ပြင်တာလုပ်ပြီး ရေပြန်သွင်းမယ်ဆိုမှ သက်ဆိုင်ရာ မီးသတ်ဌာနကို အကြောင်းကြား၊ valve ကို ပြန်ဖွင့်ပြီး ရေသွင်းရပါတယ်။

အဓိကအားဖြင့် ပိုက်ထဲမှာ ရေဆင်းရင်သိရအောင် flow switch sensor  တွေ တပ်ထားပါတယ်။ အဲဒါကြောင့် မီးလောင်လို့ဖြစ်စေ အကြောင်း တစ်ခုခုကြောင့်ဖြစ်စေ  ပိုက်ထဲရေးစီးတာနဲ့ အဲဒီ sensor က အချက်ပြတော့တာပဲ။ အဲဒီ signal ဟာ မီးသတ်ဌာနထိ ရောက်ပါတယ်။ စင်ကာပူမှာတော့ မီးသက်ဌာနကို မရောက်ခင် decam (decentralized alarm monitoring ) ကုမဏီကို အရင်ရောက်ပါတယ်။ အဲဒီအခါ အဲဒီကုမဏီက သက်ဆိုင်ရာ မီးလောင်တဲ့ နေရာ အဆောက်အဦးကို ဆက်သွယ်ပြီး မေးမြန်းပါတယ်။ တကယ်မီးလောင်တယ်လို့ အကြောင်းပြန်မှ မီးသတ်ဌာနကို အကြောင်းကြားပေးပါတယ်။

ဆိုလိုတာက ဒီမီးလောင်လား မလောင်လားဆိုတာကို အတည်ပြု confirm လုပ်တဲ့အဆင့်ကို မီးသတ်ဌာနက မလုပ်တော့ပဲ ပြင်ပလုပ်ငန်းတွေကို လုပ်ခွင့်ပေးလိုက်တဲ့ သဘောပဲ ဖြစ်ပါတယ်။ မေးမြန်းလို့ ဖုန်းပြန်ဖြေတဲ့သူ မရှိဘူးဆိုရင် နာရီဝက်အတွင်း မီးသက်ကား ရောက်လာမှာ ဖြစ်ပါတယ်။ တကယ်မီးမလောင်ခဲ့ရင်တော့ ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် မီးသတ်ဌာကကို အကြောင်းမကြားပဲ ရေပြန်သွင်းလို့ရှိရင် flow switch sensor က မီးသတ်ဌာနကို အကြောင်းကြားပြီး ဇတ်လမ်းတွေ ရှုပ်လာနိုင်တဲ့အတွက် ကြိုတင် အကြောင်းကြား ထားကြပါတယ်။

အဲဒီ sprinkler main pipe တွေကို အမည်ပေးရာမှာတော့ ဥပမာ စုစုပေါင်း ၆ ပိုက်ရှိပြီး ပထမဆုံးပိုက်ဆိုရင် SCV-1-6, ဒုတိယပိုက်ဆိုရင် SCV-2-6 စသဖြင့် အမည်ပေးပါတယ်။ SCV က sprinkler control valve ကို ပြောတာပါ။ (SCV တစ်ခုမှာ sprinkler point ပေါင်း တစ်ထောင်ထက်မကျော်ရပါဘူး။) အဲဒီ Main pipe တွေကို အဖွင့်အပိတ်လုပ်ဖို့ gate valve လို့ ခေါ်တဲ့ ဘားတွေ တပ်ထားရပါတယ်။ မိန်းပိုက်ထဲက ရေတွေဖောက်ချဖို့အတွက်လည်း drain pipe နဲ့ drain valve  တစ်ခု ထားရပါတယ်။ အဲဒီ drain pipe ကတော့ နီးစပ်ရာ ရေထုတ်ပြွန် (drain) ကို ဆက်ထားရပါတယ်။ နောက်တစ်ခုက ဒီ sprinkler control valve room ဟာ မီးသက်ကားဝင်နိုင်တဲ့ လမ်းကြောင်းအနားမှာ ရှိသင့်ပါတယ်။ (တချို့ အဆောက်အဦးတွေမှာ အထူးသဖြင့် ထပ်မြင့်အဆောက်အဦးတွေမှာတော့ ဒီ  sprinkler control valve room မထားတာတွေလည်း ရှိပါတယ်။ သူ့သက်ဆိုင်ရာ အထပ်မှာပဲ သူ့ control valve ကို ထားတာမျိုးပါ။မှာ ပြထားသလို တစ်ခုချင်းစီပဲ သူ့မှာ ရှိပါတယ်။ ဒါပေမယ့် အခုဒီမှာပြောထားတာတွေအကုန်လုံး ပါဝင်ရပါတယ်)
ကို ကြည့်လိုက်ရင် အပေါ်ဆုံးမှာ control valve တွေရဲ့ အမှတ်စဉ် နံပါတ်တွေ SCV 1-6, SCV 2-6 စသဖြင့်ရေးထားတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒါကြောင့် ဒီအဆောက်အဦးမှာ control valve စုစုပေါင်း ၆ ခုရှိတယ်လို့ သိရမှာဖြစ်ပါတယ်။ အဲဒီစာအောက်ကပ်ရပ် ပစည်းလေးကတော့ ရေစီးရေလာကို စောင့်ကြည့်အချက်ပေးမယ့် flow switch sensor ပဲဖြစ်ပါတယ်။ အဲဒီကနေ အောက်ကို ဆက်ကြည့်လိုက်ရင် အလျားလိုက်ပြေးနေတဲ့ ပိုက်ကြီးတစ်ခုကို တွေ့ရပါ့မယ်။ အဲဒါကတော့ ခုနက control valve တွေထဲက ရေတွေ ဖောက်ချရင်သုံးတဲ့ drain pipe ပဲဖြစ်ပါတယ်။ အဲဒီအောက်ကပ်ရပ် ဆက်တွေ့ရတာက butterfly gate valve ပဲဖြစ်ပါတယ်။ သူက NO (Normally open) အမြဲဖွင့်ထားရမယ့် valve ဖြစ်ပါတယ်။  သေချာအောင် ဘယ်သူမှ လာမပိတ်နိုင်အောင်လည်း ပုံမှာပြထားတဲ့အတိုင်း pad lock တွေနဲ့ သော့ခပ်ထားရပါတယ်
အဲဒီအောက်မှာတော့ alarm valve ဖြစ်ပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်း သူ့ရဲ့အပေါ်နဲ့အောက်မှာ pressure gauge တစ်ခုစီရှိပါတယ်။ အပေါ်က main pipe နဲ့ အောက်က supply pipe ကြားက pressure difference ဖိအားကွာခြားမှုကို တိုင်းတာဖို့ဖြစ်ပါတယ်။ ပုံမှန်အခြေအနေမှာ အပေါ်က main pipe ရဲ့ ဖိအားဟာ အောက်က supply pipe ရဲ့ ဖိအားထက် များနေရမှာ ဖြစ်ပြီးတော့ အဲဒီလိုများနေပြီဆိုရင် ဒီ alarm valve က ပိတ်ထားလိုက်ပါတယ်။ တကယ်လို့ အပေါ်က ဖိအားက အောက်ကဖိအားထက် လျော့ကျသွားပြီဆိုရင် ဒီ alarm valve က အလိုအလျောက်ပွင့်ပေးမှာ ဖြစ်ပါတယ်။ သူပွင့်သွားတာနဲ့ တပြိုင်နက် အောက်က ဖိအားများလာတဲ့ရေက အပေါ်ပိုက်ထဲကို စီးဝင်လာမှာ ဖြစ်ပါတယ်။ အဲဒီလို စီးဝင်လာရင် သူနဲ့ချိတ်ဆက်ထားတဲ့ alarm gong လို့ခေါ်တဲ့ bell ကနေလည်း အချက်ပေးသံ မည်လာမှာ ဖြစ်ပါတယ်။

ညာဘက်အောက်ဆုံးဒေါင့်က အကွက်ကလေး ၂ ခုကတော့ 4 ways sprinkler breeching inlet နဲ့ 4 ways dryriser breeching inlet တို့ပဲဖြစ်ပါတယ်။ တကယ်လို့ sprinkler water tank ကရေကုန်သွားပြီး အပြင်က ရေလည်း မရနိုင်တော့ဘူးဆိုရင် မီးသတ်ကားတွေအနေနဲ့ ကားထဲကရေကို ဒီပွိုင့်တွေကနေတစ်ဆင့် sprinkler system ထဲ တိုက်ရိုက် ထည့်ပေးလို့ရပါတယ်။

နောက်တစ်ခုက ဒီမှာရှိတဲ့ control valve တွေက ဘယ်နေရာတွေကို ရေပို့ပေးနေသလဲ (Serve) လုပ်ပေးနေသလဲဆိုတာ သိဖို့ chart လေးတွေ ထားပေးလေ့ရှိပါတယ်။ ဒါမှမဟုတ်လဲ ပိုက်မှာ label တပ်ပေးတာတွေလည်း ရှိပါတယ်။ ဒီမှာတော့ ပိုက်မှာပိုက်မှာ label တပ်မထားတဲ့အတွက် အနီးနားတစ်နေရာမှာ မြေပုံ chart လေးထားပေးထားပါ
Credit


No comments:

Post a Comment