Smoke,Flame,Heat Detector Mounting Location
Smoke Detector, heat detector, flame detector System
တချို့သောနေရာတွေ တချို့အခန်းတွေဟာ မီးလောင်ရင် ရေနဲ့သက်လို့ မရတာတွေရှိပါတယ်။ ရေနဲ့သက်မှ ပိုဆိုးသွားတာမျိုးတွေကို ဆိုလိုတာပါ။ Electrical Switch Board တွေ၊ နောက် IDF room လိုမျိုး အခန်းတွေပါ။ ဒီအခန်းတွေဟာ လျှပ်စစ်ဖြန့်ဖြူးရာ အခန်းဖြစ်တဲ့အတွက် မီးလောင်လို့ ရေဖြန်းလိုက်ရင် shock ဖြစ်မှာမို့လို့ပါပဲ။ တချို့ ရေနဲ့ထိတွေ့လို့မရတဲ့ ဓာတုပစည်းတွေ သိမ်းဆည်းတဲ့အခန်းမျိုးဆိုရင်လည်း အလားတူပါပဲ။ အဲဒီလိုအခြေအနေရှိတဲ့ အခန်းတွေအတွက် smoke detector လို့ခေါ်တဲ့ မီးခိုးအာရုံခံကိရိယာတွေကို တပ်ဆင်ရပါတယ်။ ပြီးရင် မီးသက်ဆေးဗူး Fire Extinguisher တွေ ထားထားပေးရပါတယ်။ ဒီ smoke detector တွေက Fire Alarm System နဲ့ ဆက်ထားတာဖြစ်လို့ သူတို့က မီးခိုးလို့ သိတာနဲ့တပြိုင်နက် Fire Alarm ကတစ်ဆင့် အကုန်လုံးသိကုန်ပြီး ကြိုတင်ငြိမ်းသက်နိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ခုက အဆောက်အအုံတစ်ခုရဲ့ ပထမထပ်မှာရှိတဲ့ Lift Lobby လို့ခေါ်တဲ့ lift ကနေထွက်ထွက်ချင်း အခန်းမှာလည်း တပ်ဆင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီးလောင်မှုတစ်ခုဖြစ်တာနဲ့တပြိုင်နက် ဒီ Lift တွေဟာ ဘယ်အထပ်မှာ ဘယ်နားမှာ ရောက်နေသည်ဖြစ်စေ မြေညီထပ်ကို အကုန်ဆင်းရပါတယ်။ အထဲမှာရှိတဲ့လူတွေလည်း အကုန်အဲဒီကနေ ထွက်ပြေးနိုင်ဖို့ပါ။ ဒါပေမယ့် တကယ်လို့ မီးလောင်တာက အဲဒီမြေညီထပ် lift lobby မှာဆိုရင် အထဲကလူတွေ ဘယ်လိုမှထွက်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် တကယ်လို့ ပထမထပ်မှာတပ်ထားတဲ့ somke detector က အာရုံခံပြီး သူ့ဆီမှာ မီးလောင်နေတယ်လို့ အချက်ပြရင် Lift က ပထမထပ်ကို မဆင်းဘဲ ဒုတိယထပ်မှာတင် ရပ်လို့ရအောင် ဖြစ်ပါတယ်။
တခြားသုံးတဲ့နေရာတွေကတော့ အိပ်ခန်းတွေ (မီးခိုးတွေဝင်လာပြီး မနိုးရင် အောက်စီဂျင် ပြက်ပြီး သေနိုင်) မီးဖိုခန်းတွေ ဖုန်ထူထပ်တဲ့နေရာတွေ (ဖုန်နဲ့ မီးခိုးရောပြီး သာမန်အားဖြင့် မမြင်နိုင်) ပဲဖြစ်ပါတယ်။ သတိထားရတာတစ်ခုက ဒီ smoke detector ကို ဆေးမသုတ်မိစေဖို့နဲ့ တခြားပစည်းတွေနဲ့ ကာမိပြုမိ မဖြစ်စေဖို့ပဲဖြစ်ပါတယ်။
တကယ်လို့ ဒီ smoke detector တွေကို ceiling တွေရဲ့ အပေါ်မှာ conceal အဖြစ် တပ်ဆင်ရတဲ့ အခါတွေမှာတော့ ဘယ် smoke detector active ဖြစ်နေလဲ သိဖို့အတွက် ceiling မှာ remote LED လေးတွေကို တစ်ခုချင်းစီအလိုက် တပ်ဆင်ပေးရပါတယ်။
အလားတူတခြားပစည်းတွေကတော့ အပူကို အာရုံခံပေးတဲ့ heat detector မီးတောက်ကို အာရုံခံပေးမယ့် flame detector တို့ကိုလည်း အသုံးပြုတာတွေ ရှိပါတယ်။ တပ်ဆင်တဲ့နေရာမှာ အနီးဆုံး နံရံကနေ ၃၀၀ မီလီမီတာ၊ တစ်ခုနဲ့တစ်ခုကြား ၇.၂ မီတာနဲ့ ကော်ရစ်ဒါတွေအတွက်ဆိုရင်တော့ ၁၀.၂ မီတာအများဆုံးထားပြီး တပ်ဆင်နိုင်ပါတယ်။
Refer to Myanmar Mechanical and Electrical Engineer
Smoke Detector များနေချထားခြင်း
Spot-type smoke detector များ၏ area of coverage သည် 21 feet (6.5m) ဖြစ်သည်။ Detector ကို ဗဟိုပြု၍ တိုင်းယူလျှင် အကယ်၍ အခန်း၏ အလျား(L) သိုမဟုတ် အနံ(W) သည် ပေ(၃၀) (9.1m) ထက် ပိုရှည် နေပါက သိုမဟုတ် ဒေါင့်ဖြတ် diagonal measurement သည် 42 feet (13m) ထက် ပိုရှည်နေပါက တစ်ခုထက် ပိုများသည့် detector ကို တပ်ဆင်ထားရန် လိုအပ်သည်။ အခန်းတစ်ခုအတွင်း၌ တစ်ခုထက် ပိုများသည့် smoke detector များကို တပ်ဆင်ထားသည့်အခါ national and local standards များနှင့် manufacturer’s specifications များ အတိုင်း တပ်ဆင်ရမည်။ Smoke detector နှစ်ခု အကြား အကွာအဝေးသည် NFPA 72 အရ ပေ (၃၀) 30 feet (9m) apart ထက် ပိုမဝေးစေရ သိုမဟုတ် Fire detection and fire alarm systems for buildings(BS 58391:2013) အရ 25 feet (9m) apart ထက် ပိုမဝေးစေရ။
Heat Detector နေရာချခြင်း
(Placement) အခန်း၏ အရှည် သိုမဟုတ် အနံသည်(၃၄) မီတာ သိုမဟုတ် (၁၀) မီတာထက်ပိုများလျှင် အာရုံခံ(sense) နိုင်မ ပိုကောင်း စေရန် (total protection) အတွက် တစ်ခုထက်ပိုများသည့် detector များ တပ်ဆင်ထားရန် လိုအပ်သည်။ အခန်းအတွင်း၌ တစ်ခုထက်ပိုများသည် detector များကို တပ်ဆင်ထားပါက နေရာအကွာအဝေး သတ်မှတ်ရန် national and local standards နှင့် manufacturer’s specifications တိုကို လိုက်နာရန် လိုအပ်သည်။
ဥပမာ- heat detector များကို BSI အရ တစ်ခုနှင့်တစ်ခု ၂၃ပေ(7m) ထက် ပိုဝေးအောင် မတပ်ဆင်ရ။ heat detector များကို အလယ်ဗဟိုနေရာ(center)မှ တိုင်းရမည်။
Flame Detector နေရာချခြင်း
(Placement) အရက်ပျံ(alcohol)၊ သုတ်ဆေး(paint)၊ သင်နာ(thinner)၊ ရေနံဆီ(gasoline) စသည် မီးလောင်နိုင်သည့် အရည်များ(combustible liquids)ကြောင့် စတင် လောင်ကျွမ်းသည့် မီးများတွင် မီးတောက်များ(flames) ပထမဦးစွာ စတင်(first indication) ဖြစ်ပေါ် လာလေ့ရှိသည်။ ထိုကဲ့သို မီးအမျိုးအစား လောင်ကျွမ်းနိုင်သည့် အခန်းများအတွက် flame detector ကို အသုံးပြုသင့်သည်။ Heat နှင့် smoke detectors fire alarm system အများစု အတွက် သင့်လျော်သည်။ လိုအပ်လျှင် flame detector များကို အရံအဖြစ်(supplemental detection) အသုံးပြုသင့်သည်။
Ref.Fire Alarm System
Pages - Menu
Tuesday, August 29, 2017
Detectors Mounting Location
Labels:
Detectors Mounting Location
Location:
Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment