Monday, June 19, 2017

Petrol Filling Station Fire

Oil Station Fire
ယနေ့အခါစက်မှုဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လောင်စာဆီသုံးစွဲမှုများ ပိုမိုများလာသည်
လောင်စာဆီသုံးစွဲမှု စနစ်မကျမှုများကြောင့် ဆီမီးလောင်မှုများ များပြားလာသည်ကို တွေ့ရသည်

1.လောငိစာဆီများ ၏မီးလောငိရန်လွယ်ကူ သည့်အတိုင်းအတာ(Flammable Limit)
လောင်စာဆီ၏အပေါ်ယံမျက်နှာပြင်မှ ပျံ့လွင့်နေသောအငွေ့များသည် လေထုထဲမှ အောက်ဆီဂျင်ဓာတ်ငွေ့ဖြင့်ပေါင်းစပ်ပြီး
မီးလောင်ရန်လွယ်ကူပေသည်
ဓာတ်ဆီသည် လေထုထဲတွုင် ထုထည်ပေါင်းစပ်မှု
အချိုး အနိမ့်ဆုံး 1.1% နှင့် အများဆုံး 5.9% အတွင်း၌ မီးလောင်နိုင်ပေသည်
လေထုအများဆုံး 98.6% နဲ့ အနည်းဆုံး 94.1%်
တနည်းဆိုသော် ဓာတ်ဆီအငွေ့1.4% နှင့်လေ 98.6%

2.Flash Point မီးစတင်စွဲငြိသည်အချိန်
(က)လေရှိနေချိန်တွင်  ပြင်ပမီးအကူအညီဖြင့် လောင်စာဆီမှ လုံလောက်သောအငွေ့များ ထွက်ပေါ်လာ ပြီး မီးစတင်စွဲငြိနိုင်သည့် အနိမ့်ဆုံး အပူချိန်ဖြစ်သည်
( ခ) အချို့သော လောင်စာဆီများ၏ မီးစတင်စွဲငြိသောအပူချိန်သည် ရေခဲမှတ်ထက် အလွနိနိမ့်ကျသည်
##အငွေ့ပျံလွယ်သောလောင်သာဆီသည် Flash Point နိမ့်သည်အငွေ့မပျံလွယ်သောဆီသည် Flash Pointမြင့်သည်#$#& ဓာတ်ဆီ၏ Flash Point သည် -45 ' C ရှိပြီး(Octane 90 92 95 Flash point နိမ့်)်
ဒီဇယ် သည် 65.6'C ရှိပေသည်

3. Oil Toxicity ဖြစ်နိုင်သော အန္တရာယ်များ
အရည်နဲ့ ထိတွေ့သော အန္တရာယ်ထက် အငွေ့ကိုရှူရှိုက်မိသော အန္တရာယ်ကပိုသည်
ဓာတ်ဆီထဲတွင် Tetra ethyl lead ခဲတမျိုးပါဝင်၍ အများအပြားရှူမိသောအခါ ခေါင်းကိုက်စေခြင်း မူးဝေသတိမေ့စေခြင်း ပြင်းထန်စွာအဆိပ်ဖြစ်တက်စေသည်ဓာတ်ဆီ် တွင်ပါဝငိသောမော်လီကျူးများသည် သွေးဖြစ်ပေါ်မှုအဖွဲ့အစည်း ကိုယ်အင်္ဂါအစိတ်အပိုင်းများ ကို ဒုက္ခပေးနိုင်သည်ပြစ်ချွဲသောအရည်များမှာ အရေပြားက်ု ဒုက္ခပေးနိုင်သည်

4.Fire Fighting မီးငြှိမ်းသတ်ခြင်း
ရေနံနှငိ့ရေနံထွက်လောင်စာပစ္စည်းများ မီးလောင်မှုများတွငိ မီ့းငြှိမ်းသတ်ရေးမှာ အလွန်အရေးကြီးသကဲ့သို့ မီးဘေးအန္တရာယ်မှ safety ဖြစ်ရေးသည်လည်း ဆီမီးငြှိမ်းသတ်နေချိန်တွင် firemen များကို ထိခိုက်ဒဏ်ရာရစေနိုင်သည်

( က)ရေလုံး jet သုံးမရခြင်းများ
ဆီကိုရေနဲ့ပက်ရင်မီးလောင်ခြင်းများ

ဆီမှာပါတဲ့chemical အများစုက Heptane အမျိုးအစားများပါဝင်သည်
ရေနံစိမ်းမှ ချကိလုပ်ရရှိသည် ရေသည်သိပ်သည်းဆ 1 ရှိသည်ဆီသည် ရေထကိ သိပ်သည်းဆ Density နိမ့်သည်ထို့ကြောငိ့ ရေသည် ဆီမှာမပျော်ဝင်နိုင်ပေ
ရေနဲ့ပက်လျငိမီးလောင်ခြင်းမှာ
ဆီသည်ရေထက်သိပ်သည်းဆနိမ့်နေခြင်း
ကြောင့် ရေသည်မပျော်ဝင်နိုင်ဘဲ
ဆီမျက်နှာပြင်ပေါ်တွငိ ပြန့်သွားသည်
ထို့ကြောင့်ဆီသည် ရေနဲ့မတဲ့ခြင်းဖြစ်သည်ူ

(ခ) မီးလောင်နေသောအရည်၏ မျက်နှာပြင်ပေါ်သို့  ရေလုံး jet ဖြင့် တိုက်ရိုက်ငြိမ်းသတ်ပါက လောင်စာဆီများလျံကျ၍ ကူးစက်ပြန့်ပွါးစေနိုင်ပါသည
Flash point မြင့်သော ချောဆီဒီဇယ် အမဲဆီများမီးလောင်သောအခါ  တိုက်ရိုက် jet ရေလူံးပက်ဖြန်းပါက Boil over မီးလူံးပြန့်ပွါးခြင်းများဖြစ်နိုင်သည်

(ဂ) ဓာတ်ဆီရေနံဆီနှငိ့လောင်စာဆီများမှာ များသောအားဖြင့် Boiling Point သည ရေဆူမှတ်ထကိနိမ့်သဖြင့်မီးလောင်နေသော ဆီပုံများအတွင်းရှိ အောက်ခြေဆီများသည် အေးလျက်ပင်ရှိတက်ကြသည်
ထို့ကြောင့် မီးလောင်နေသောဆီများပေါ်သို့
ပက်ဖြန်းသောအခါ အောက်ခြေပိုင်းသည် အနဲငယ်သာပူသဖြင့် ရေသည်ထိရောက်မှုမရှိဘဲ ဖြုန်းတီးမှုသာဖြစ်မည်

(ဃ ) Sprayရေဖြန်း သုံး၍ ငြိမ်းသတ်ခြင်း
High Flash Point ရှိသောလောင်စာဆီများမီးလောင်ပါက
ရေကို Spray အသွင်ြဖင့်  အရည်၏မျက်နှာပြင်ပေါ်သို့
ပက်ဖြန်းသောအခါ အရည်၏ မျက်နှာပြင်သည် အေးသွားပြီး အငွေ့ပျံခြင်း နဲပါးသွားကာ မီ့းငြိမ်းအေးစေနိုငိသည်
&&ဘေးပတ်ဝန်းကျင် ကူးစက်နိုင်သည့်နေရာများသို့ Fan or Curtain ရေယပ်တောင် ရေကန့်လန့်ကာ အသွင်ဖြင့် လောင်စာဆီထည့်ထားသောပုံး တိုင်ကီ ပက်ဖြန်းကာ ကာရံခြင်းအေးစေခြင်း ပြုလုပ်သင့်သည့်

(င) Effective ထိရောက်မှု
ရေက်ုပက်ဖြန်းလိုက်သည်နှငိ့တပြိုင်နက် ရေခ်ုးရေငွ့များဆူပွက်၍ပြန်တက်လာမှသာထိရောက်မှုရှိပေသည် ရေက်ုအလွန်သေးငယ်သောေ ရမှုံ ရေမွှား
Fog Spray Nozzle များဖြင့်ပက်ဖြန်းခြင်း ထိရောက်မည့်နေရာရွေးချယ်ခြင်းတို့ ပြုလုပ်ရမည်

အမြှုပ်သုံးခြင်း Use Of Foam
1. မီးလောင်နေသာဆီမျက်နှာပြင်ပေါ်သို့ Foam ပက်ဖြန်းခြင်းသည် မီးလောင်လွယ်သော အခိုးအငွေ့များနှင့် ဆီမျက်နှာပြင်ကြားတွငိ အမြှူပ်လွှာကို ကြားခံပေးခြင်းဖြစ်သည်

2.Foam ဖြင့်ပက်ဖြန်းရာတွင် ဆီမျက်နှာပြင်ပေါ်ရှိအမြှူပ်များသည် ဆီအငွေ့နှငိ့မီးတောက်အပူတို့ကြောင့် ပျက်စီးလွင့်မျောစေနိုင်သည် ရေပက်ဖြန်းသည့်နေရာမှရေကြောင့်လည်း ပျက်စီးစေနိုငိသည်

3.အမြှပ်ဆေး ကို စောင်ခြုံသဲ့သို့ ဖုံးအုပ်သွားစေရန် လျင်မြန်စွာပက်ဖြန်းပေးမှသာလျှင် တည်တံ့သောFoam Layer အလွှာကိုရရှိပေမည် ပျက်စီးလွငိ့မျောနေသောအမြှူပ်များကိုကာမိစေရန်
နေရာထောင့်အမျိုးမျိုးမှ ဆပွါးနှုန်းကောင်းမွန်သည့်
အမြှုပ်မီးသတ်ဆေးကို အကောင်းဆုံး Foam Making Branch Pipe အမြှုပ်လုပ်ပိုက်ခေါင်းဖြင့်လျင်မြန်စွာ ပက်ပ်ဖြန်းသင့်သည်

4.Foam Nozzle ဖြင့် စည်၏နံရံဘက်မှတဆင့် လောင်စာဆီမျက်နှာပြင်ပေါ်သို့ တဖြည်းဖြည်းဖုံးအုပ်ရမည်တနေရာတည်းသို့ အမြှပ်လုက်ပိုက်ခေါင်းဖြင့် တည်ငြိမ်စွာပက်ဖြန်းပေးပြီး မှဖြစ်ပေါ်လာသောအမြှူပ်များကိုလောင်စာဆီအရည်ပေါ်သို့ နေရာပြည့်ဖုံးအုပ်သွားစေမှသာမီးငြိမ်းအေးသွားစေ မည အမြှုပ်ပိုက်ခေါင်းသို့ ရေပေါင်ဖိအား7 bar= 100Lb ခန့်ပေးရမည်

လောင်စာဆီများနှင့်Foam အမြှူုပ် ဆေးရည်အကြောင်း
Aqueous Film Forming Foam (AFFF)

1.ရေ97%  AFFF 3% ရောရတယ် psi 100 ခန့်မှအမြူပ် ကောင်းတာ ဆပွါးနှုန်းက ၂၀၀ဆ

2.စက် fire engine ရယ် ရေ ရယ် foam ရယ် လေ ရယ် လေးမျိုးပေါင်းတာကိုး Mechnical Foam လို့ ခေါ်တယ်

3.foam အမျိုးအစား လေးမျိုးလောက်သုံးကြတယ်
အဓိကသုံးတာက AFFFဲ
1. PF = Protein Foam
ဆပွါးနှုန်းဆ၂၀
2.FPF = Fluro Protein Foam
(20 to150)
3. FFFP=Film Forming Fluro Protein Foam  (20!to200)
4. AFFF= Aqurious Flim Forming Fluro (200)်

4.Foam အမြူပ်ဆေးရည်ကို High  Expansion Foam Generator ,Fire truck(Foam Tanker ) etc များတွင် အသုံးပြုနိုငိပါတယ် 
#Usage
Class B အမျိုးအစား ဖြစ်သည့်
Surface Fire မျက်နှာပြင်မီးလောင်မှုများ ဖြစ်သည့်
ဆီ မီးလောင်မှုများတွ င် သုံးရန်ဖြစ်ပါတယ်

ဆီမီးလောင်မှုများတွင် water Jet ရေ လုံးဖြင့် ထိုးပက်ခြင်းများမပြုရပါ
ဆီမီးလောင်မှုသည် မျက်နှာပြင် မီးလောင်မှု Surface Fire ဖြစ်၍ ပိုမို ပြန့်ပွါးစေပါသည်
Cooling Method Fog ရေမှုန်ရေမွှားသုံးခြင်း Foam အမြှုပ်ဆေးရည် ကို Foam Making Branch (Faom Nozzle )ဖြင့် 100psi ထိရှိစေပီး မှ valve ဖွင့်သင့်သည်

5.လောင်စာဆီသိုလှောင်ထားသောနေရာများ ဆီဆိုင်များတွငိ  Ventilationလေဝင်လေထွက် ကောင်းအောင်ထားခြင်းFoam ဆေးရည်က်ုဆောင်ထား ခြင်း သဲ ရေ လုံလောက်အောင်ထားရှိခြင်း  DCP 5kg 35kg Trolley များလုံလောက်စွာထားခြင်း  Fire Drillများ လစဉ်ပြုလုပ်ခြင်း ကျွမ်းကျင်သူပညာရှင်များ နှငိ့ပူးပေါင်းကာ အကြံပြုချက်များတောင်းခံခြင်း
  Fire Drill,Fire Fightingဆောင်ရွက်နိုင်ရန်Fire Safety Managerမီးဘေးလုံခြုံရေးတာဝန်ခံတယောက်ထား ရှိရေးစနစ်တကျသိုလှောင်ရောင်းချခြင်းများ ပြုလုပ်နိုင်ပြီး ဆီမီးလောင်မှုများမှ ကငိးဝေးကြစေရန် ဖြစ်လာပါကလည်း  စနစ်တကျငြိမ်းသတ်ခြင်းများ ပြုလုပ်တက်စေရန် နှိုးဆော်အပ်ပါသည်
kyizawhtike@bkl


No comments:

Post a Comment