Tuesday, August 29, 2017

Four Sprinkler Type

fire sprinkler types
Sprinkler  စနစ် ရဲ့ဖွဲ့စည်းပုံပေါ်မူတည်ပြီး
ယေဘုယျအားဖြင့် အမျိုးအစားခွဲရရင် ၄ မျိုးတွေ့ရမယ်

Pre-action
*********
Pre-action အမျိုးအစားတွေက
Smoke detector/ Smoke alarmတွေတဆင့်ခံ
ထပ်မံတပ်ဆင်ပေးဖို့လိုအပ်တယ်
Smoke detector တွေကနေ
မီးခိုးထောက်လှမ်းပြီး
မီးဆိုတာတကယ်သေချာပြီဆိုမှ ရေဖြန်းပေးတဲ့အမျိုးအစား
သေချာပြီဆိုမှဖြန်းတဲ့အတွက်
ကိရိယာချို့ယွင်းလို့ မတော်တဆ
မှားယွင်းဖြန်းမိတာမျိုး
မီးဆိုတာမသေချာပဲနဲ့ မှားယွင်းဖြန်းမိတာမျိုးမဖြစ်လို့
ရေကြောင့်
အဖိုးတန်ပစ္စည်းများ
ပျက်စီးဆုံးရှုံးမှုများနိုင်တဲ့ လျှပ်စစ်ပစ္စည်းများစွာ
အသုံးပြုတဲ့နေရာတွေနဲ့
စာကြည့်တိုက်လိုနေရာမျိုးတွေ
အတွက်ပိုသင့်တော်တယ်
သူ့ရဲ့drawback တွေကတော့
ကုန်ကျစရိတ်.ပြု ပြင်ထိန်းသိမ်းစရိတ်များမယ်.
ပြု ပြင်ထိန်းသိမ်းမှုသေချာမလုပ်နိုင်ရင် ကြာလာတာနဲ့အမျှစွမ်းရည်လျော့သွားတယ်

Dry Pipe
********
Dry pipe အမျိုးအစားကတော့
ပိုက်တွေထဲမှာ လေ ဒါမှမဟုတ် နိုက်ထရိုဂျင်ဓါတ်ငွေ့ကို pressure ပေးဖိသိပ်ဖြည့်ထားတဲ့စနစ်
Valve နဲ့ပိတ်ပြီး ရေတွေထိန်းထားတယ်
ပိုက်တွေနဲ့ဆက်သွယ်တပ်ဆင်ထတဲ့ sprinkler တစ်ခုစလည်ပြီ မီးသေချာပြီဆိုမှ လေနဲ့တွန်းထုတ်ပြီး valve ကိုဖယ်လိုက်မယ် ပိုက်တွေကတဆင့်ရေတွေစီးကျလာမယ် sprinklers များပွင့်သွားပြီး ရေတွေဖြန်းမယ်
Dry pipe စနစ်က ရေတွေခဲစေလောက်အောင်အေးတဲ့နေရာတွေအတွက်သင့်တော်တယ်
Dry pipe စနစ်သုံးမယ်ဆိုရင်တခြားစနစ်တွေထက်အပိုသုံးပေးရမဲ့အကူပစ္စည်းကိရိယာတွေလိုအပ်မယ်
အသုံးပြုတပ်ဆင်ရတဲ့ကိရိယာတွေများတော့ ပစ္စည်းလက်ခများတဲ့ ရှုပ်ထွေးမှုတော့ရှိတယ်
ကိရိယာတွေကို ပြု ပြင်ထိန်းသိမ်းပေးဖို့လဲ
ဂရုပြုရမယ်.အဲ့ဒီအတွက်ကုန်ကျစရိတ်လဲ
တိုးလာမယ်သူ့သတ်မှတ်ထားတဲ့
ပစ္စည်းကိရိယာတွေကိုသာအသုံးပြုရမယ်
ပိုက်တွေကိုလဲ အမြဲမပြတ်ပြု ပြင်ထိန်းသိမ်းနေဖို့လိုအပ်လို့ကုန်ကျစရိတ်များမယ်
Wet pipe ထက်စာရင် ရေဖြန်းတာ ၁မိနစ်လောက်
နှေးတဲ့အတွက်
တကယ့်မီးဘေးဆို အချိန်အနည်းငယ်ပေမဲ့လဲ
သိသာစေတယ်

Wet Pipe
********
Wet pipe အမျိုးအစားကတော့
ပိုက်တွေထဲမှာ ရေအဆင့်သင့်အမြဲရှိနေပြီး
Sprinkler စပြီး active ဖြစ်တာနဲ့တပြိုင်နက်
့ရေချက်ချင်းဖြန်းပေးတယ် reaction မြန်တယ် အသုံးအများဆုံး
အမျိုးအစားဖြစ်တယ်
လူနေတိုက်တာ အထပ်မြင့်အဆောက်အဦးတွေ
ရုံးအဆောက်အဦးတွေမှာ တပ်ဆင်ကြတယ်
ပြု ပြင်ထိန်းသိမ်းရတာလဲ ပိုပြီးလွယ်ကူတယ်

တပ်ဆင်အသုံးပြုရတဲ့ပစ္စည်းကိရိယာတွေ မများပြား မရှုပ်ထွေးလို့ အဆင်ပြေလွယ်ကူတယ်
လူအင်အား.အချိန်.ငွေ.တပ်ဆင်စရိတ်ပြု ပြင်ထိန်းသိမ်းစရိတ်.ပစ္စည်းလက်ခစရိတ်ချုံ့နိုင်တယ်အသုံးပြု ပြီးတဲ့အခါပျက်စီးသွားတဲ့ sprinklers ခေါင်းတွေကိုပြန်လည်အစားထိုးတပ်ရလွယ်ကူစေတယ်ရေပိုက်တွေပြု ပြင်ရာမှာပြောင်းလဲတပ်ဆင်ရာမှာတခြားစနစ်တွေထက်ပိုပြီးလွယ်ကူတယ်Pre-action နဲ့ Dry pipe များလို
ကွန်ထရိုးစနစ်တွေပြန်လုပ်ဆောင်ရမခက်ခဲဘူး
ဒါပေမဲ့ wet pipe စနစ်က ရေအေးခဲလောက်အောင်အေးတဲ့နေရာတွေအတွက်တော့မကောင်းဘူး
ပြီးတော့ ရေတွေအမြဲအပြည့်ဖြစ်နေတဲ့ပိုက်စနစ်မျိုးဖြစ်တဲ့အတွက်
ရေယိုတဲ့ရေပိုက်ပေါက်တဲ့
ပြသနာရှိတတ်လို့ ရေယိုစိမ့်မှုမရှိအောင်တော့
ဂရုစိုက်ပေးဖို့လိုတယ်

Deluge
*******
ဒီအမျိုးအစားကလဲ
smoke detector များနဲ့တွဲသုံးဖို့လိုအပ်တယ်
အဆောက်အဦးရဲ့ကြမ်းပြင်မှာ
မီးလောင်လွယ်စေတဲ့ လောင်စာရည်တွေရှိနေတဲ့
အနေအထားမှာ ထိရောက်စွာသုံးနိုင်တယ်
လောင်စာရည်တွေရှိနိုင်တဲ့
စက်ရုံအလုပ်ရုံတွေအတွက်
ပိုသင့်တော်တယ်
တပ်ဆင်ပုံ အကြမ်းဖျင်းကတော့
Sprinklers ခေါင်းတွေတပ်ဆင်ထားတဲ့နေရာအနီးမှာပဲ
မီးခိုး ထောက်လှမ်းတဲ့ကိရိယာ detection system ကိုပါ၊တပ်ဆင်ထားမယ်
Detection system က active ဖြစ်လာတာနဲ့ sprinklers ခေါင်းတွေကတဆင့် အငွေ့ပုံ
အမြှပ်ပုံစံဖြစ်အောင်
ဖန်တီးရောစပ်ထားတဲ့
ရေဖြန်းပေးမယ်
Deluge system ကိုပေါက်ကွဲမှု
အန္တရာယ်များတဲ့ ဓါတုစက်ရုံများ. Power plants များ.
လေယာဉ်သိုလှောင်ရုံများစတဲ့ စက်ရုံအလုပ်ရုံများအတွက်အသုံးပြုတာများတယ်
credit  May Evergreen
rinkler System

မီးလောင်တာနဲ့တပြိုင်နက် အလိုအလျောက် မီးငြိမ်းသက်ဖို့  (to kill fire) နဲ့ အနည်းဆုံး ထိန်းချုပ်ထားနိုင်ဖို့ (to control fire) အတွက် sprinkler system  ကို အသုံးပြုပါတယ်။ မီးလောင်တာနဲ့ လူကလာသက်စရာမလိုပဲ အလိုအလျောက် ငြိမ်းသက်ပေးတာက သူ့ရဲ့ အဓိက အားသာချက်ပါပဲ။

မီးလောင်လို့ အပူချိန်တက်လာတာနဲ့ sprinkler ထိပ်မှာရှိတဲ့ ထိပ်ဖူး (bulb) လေးက အရည်ပျော်ပြီး ရေပေါက်လေးပွင့်ကာ ရေ စ ဖြန်းပေးခြင်းဖြစ်ပါတယ်။ ဒေသရဲ့ အပူချိန် အဆောက်အဦး အခန်းတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အဲဒီ ထိပ်ဖူးလေးရဲ့  အပူခံနိုင်ချိန် ကကွာခြားပါတယ်။ sprinkler တစ်ခုရဲ့ အပူချိန် ခံနိုင်အားကို အဲဒီထိပ်ဖူးလေးရဲ့ အရောင်ပေါ်မူတည်ပြီးတော့လည်း ခွဲခြားနိုင်ပါတယ်။ ဥပမာ အနီရောင်ဆိုရင် 63’C အ၀ါရောင်ဆိုရင် 79’c အပြာရောင်ဆိုရင် 141’C အဲဒီလို ခွဲနိုင်ပါတယ်။ အဲဒီအပူချိန်တွေရောက်ရင်တော့ ထိပ်ဖူးလေးကွဲပြီး ရေဖြန်းမှာဖြစ်ပါတယ်။

သာမန်အခန်းတွေအတွက် ၆၈ ဒီဂရီစင်တီဂရိတ်နဲ့ အရေးကြီးတဲ့ ပစည်းတွေ သိုလှောင်တဲ့နေရာတွေအတွက်တော့ ESFR (Early Suppression First Response) လို့ သတ်မှတ်ပြီး ၇၄ ဒီဂရီ စသဖြင့် ရှိပါတယ်။ ESFR ဧရိယာအတွက် အပူချိန်ခံနိုင်ရည်အားများလို့ အလွယ်တကူ ရေဖြန်းခြင်းမရှိတာက အပေါ်မှာ ပြောခဲ့သလိုပဲ  သိုလှောင်ထားတဲ့ အရေးကြီးပစည်းတွေ မလိုအပ်ဘဲ ရေစို ပျက်စီးမှာကို ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရေဖြန်းအားတော့ ပိုကြီးပြီး ပိုများပါတယ်။ အဲဒီလိုပဲ မီးဖိုချောင်က မီးခိုးခေါင်းတိုင်လိုနေရာမျိုးမှာ တပ်ဆင်ရတဲ့ sprinkler တွေဆိုရင်လည်း ခံနိုင်ရည်အားကိုများများထားရပါတယ်။ သတ်မှတ်ထားတဲ့ အပူချိန်ရောက်မှသာ ရေဖြန်းစေဖို့ပါပဲ။

တချို့ မျက်နှာစာ လှလှပပဖြစ်နေရမယ့် အခန်းတွေမှာတော့ ဒီ sprinkler တွေကြောင့် ရုပ်ဆိုးမသွားအောင် sprinkler တွေကို cover plate လေးတွေနဲ့ ဖုံးထားတက်ပါတယ်။ အဲဒီအခါမှာ sprinkler ဘယ်လိုအလုပ်လုပ်လဲဆိုတော့ အဲဒီ cover plate လေးက   sprinkler ထိပ်ဖူးထက် အပူခံနိုင်အား ၂၀ ဒီဂရီလောက် ပိုနည်းပါတယ်။ ဥပမာ sprinkler ထိပ်ဖူးက ၆၈ ဒီဂရီစင်တီဂရိတ်မှာမှ အရည်ပျော်မှာဆိုရင် အဲဒီ cover plate ၄၈ ဒီဂရီစင်တီဂရိတ်မှာ အရည်ပျော်ပါတယ်။ အဲဒီအတွက် sprinkler system ကို မထိခိုက်တော့ပါဘူး။ royal flush sprinkler head လို့ ခေါ်ပါတယ်။

sprinkler point တစ်ပွိုင့် ရဲ့ ရေဖြန်းနိုင်တဲ့ဧရိယာ (coverage area) သက်မှတ်ပုံကတော့ အမျိုးမျိုးကွဲပြားပါတယ်။12msq ၊ 9msq စသဖြင့် သုံးတက်ပါတယ်။  ဒီ coverage လိုအပ်ချက်အပေါ်မူတည်ပြီး တစ်ပွိုင့်နဲ့တစ်ပွိုင့် ဘယ်လောက်ခြားမလဲဆိုတာကို သတ်မှတ်ရပါတယ်။ commercial building ဖြစ်တဲ့ ရုံးတွမှာ 12 msq ၊  များသောအားဖြင့် industrial building ဖြစ်တဲ့ စက်ရုံတွေမှာ 9 msq (အာမခံကုမဏီတွေကြောင့်) အသုံးများပါတယ်။ coverage လိုအပ်ချက်ကိုတော့ မီးလောင်နိုင်မှု ဖြစ်နိုင်ချေအပေါ်မူတည်ပြီး ဆုံးဖြတ်ပါတယ်။
credit


No comments:

Post a Comment