Saturday, April 22, 2017

Fire Hose Reel

Hose Reel အရေးပေါ်ရေပက်ပိုက်လိပ်
Hose reel ဆိုတာကတော့ အရေးပေါ် မီးအစပျိုးတဲ့ အချိန်မှာ အဆောက်အအုံ အထဲမှာ ရှိတဲ့ သူတွေ အသုံးပြုနိုင်ဘို့ ထားပေးရတဲ့ မီးသတ် ရေပိုက် တစ်မျိုးပါ။
လိုအပ်တဲ့ ရေအား (Pressure + Flowrate) ရဘို့အတွက် လိုအပ်ရင် hose reel pumps, fire water storage tank, hose reels, pipe work and valves တွေထည့်ပေးရပါမယ်။
ထားမဲ့နေရာ ရဲ့လိုအပ်ချက်ကို လိုက်ပြီး Cabinet (ပုံး) Compartment (အခန်းကန့်) အတွင်းမှာ ပဲ ဖြစ် နိုင်သလို အခန်းထဲမှာ အရှိအတိုင်း expose လည်း ပဲဖြစ် နိုင်ပါတယ်။
အရေအတွက် ကိုရွေးချယ်တဲ့ အခါ Coverage ကို မူတည်ပြီး စဉ်းစားရပါတယ်။ ပုံမှန်ကတော့ Standard hose ရဲ့ အရှည် နဲ့ ရေပန်းအကွာအဝေး ဖြစ်ပြီး ကြိုတင် သတ်မှတ်ထားလေ့ ရှိပါတယ်။ ဒီနေရာမှာ အများစုက Coverage ကိုစက်ဝိုင်း နဲ့ ဆွဲကြည့်တတ် ကြပေမဲ့ တကယ့် လိုအပ်ချက်အရ ဆိုရင်တော့ လူသွားလို့ ရတဲ့ လမ်းကြောင်း ကနေ တိုင်းတာရ မှာပဲဖြစ်ပါတယ်။

Hose reels တွေကို အထဲမှာ ရှိနေတဲ့ သူတွေ အသုံးပြုနိုင်ဘို့ ရည်ရွယ်တဲ့ အတိုင်း သုံးတဲ့ သူ အန္တရာယ် ကင်းကင်း နဲ့ လွယ်လွယ်ကူကူ နီးနီးနားနား ယူသုံးနိုင် ဘို့ က အရေးကြီးပါတယ်။ ယေဘုယျ အားဖြင့် along escape routes (သို့) Fire exit နားမှာ ထားပေး ရ ပါမယ်။ မီး မတော်တဆ စဖြစ်တဲ့ အချိန် မှာ ထွက်ခွာလာ ကြတဲ့ လူတွေ အဆင်သင့် အသုံးပြု နိုင်မှာပါ။
အထူးသဖြင့် ရုံးခန်းတွေ မှာ တော့ Lift or Stair Lobby ကိုထွက်တဲ့ Fire exits နဲ့ ကပ်ရက်မှာ ထားထား ပေးရပါမယ်။ ဒါမှ Lobby ရဲ့ Smoke Stop Doors တွေ ကို မဖွင့်ပဲ သုံးနိုင်မှာ မို့ Lobby ထဲမှာ မီးခိုးတွေ နဲ့ ပြည့်လာမဲ့ အခြေအနေ ကို ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။
အသုံး များတဲ့ Hose ကတော့ 30m Hose ပါ၊ ပုံမှန် Hose nozzle က နေ 6-m အကွာအဝေး ကို Coverage လို့သတ်မှတ် ပေမဲ့ အများအားဖြင့် 30m နဲ့ မှန်းပြီး လျာထားလေ့ ရှိပါတယ်။ ပုံမှန် အားဖြင့် Architect က နေရာ ချပေးတာပါ။ ဒါကို လည်း နိုင်ငံ၊ မြို့ အလိုက်၊ Regulation နဲ့ပြန် စစ်ဘို့ လိုအပ်ပါလိမ့် မယ်။
NFPA သုံးတဲ့ စနစ် မှာတော့ သူ့ကို Standpipe Class II အနေ နဲ့ တွေ့ရပြီး Standpipe (or) Fire Sprinkler နဲ့ တွဲသုံးတာ တွေ့မိပါတယ်။ ခပ်ဆင်ဆင် ဆိုပေမဲ့ အနည်းငယ် အသုံးနဲ့ configuration ခြားနားမှု တော့ အနည်းငယ် ရှိပါတယ်။

Fire Hose reel system.

Local fire department က မီးသတ်ကား မရောက်လာခင် ကြိုတင်အသုံးပြုနိုင်စေရန် ရည်ရွယ်ပြီး fire hose reel တွေကိုတပ်ဆင်ရပါမယ်။တပ်ဆင်ရမယ့် အမြင့်ကတော့ 3' ကနေ 3'-6" from above floor level ပါ။အဆောက်အဦးရဲ့ မည်သည့်နေရာမဆို hose reel နဲ့ မီးငြိမ်းသတ်နိုင်ဖို့ လက်လှမ်းမှီရပါမယ်။Standard hose reel တွေက 30 m length ရှိပါတယ်။ကိုယ်တည်ဆောက်နေတဲ့ အဆောက်အဦးပေါ်မူတည်ပြီး fire hose reel ကို လိုအပ်သလို တပ်ဆင်ရမှာပါ။Hose reel nozzle ကနေ ရေထွက်နှုန်းကတော့ အနည်းဆုံး 6 gpm နဲ့ pressure ကတော့ 2 bar ရှိရပါမယ်။Nozzle ကနေ ရေပန်းထွက်နှုန်းကတော့ nozzle ကနေ 20' ရောက်ရှိရမှာဖြစ်ပြီး အသုံးပြုမဲ့ pump ရဲ့ အနည်းဆုံးရေထွက်နှုန်းကတော့ 30 gpm ဖြစ်ရပါမယ်။Fire hosereel system ကို အသုံးပြုမဲ့ water tank size ကတော့ 400 gallons ထက်မနည်းရပါဘူး။
credit Chawlwinblog


No comments:

Post a Comment