Detectors များကိုအသုံးပြုခြင်း
1.1.Heat Detectors
မီးလောင်သည့်အခါတိုင်း၊ မီးစတင်လောင်ပြီးနောက် အပူများ ထွက်ပေါ်လာသည်။ Heat detector များသည် မီးခိုးများရှိနိုင်သည့်နေရာ၊ လေမသန်ရှင်းသည့် ပတ်ဝန်းကျင်တိုတွင် အသုံးပြုရန် သင့်လျော်သည်။ Smoke detector များအ သုံးပြုရန် မသင့်လျော်သည့် နေရာများတွင် heat detector များကို အသုံးပြုကြသည်။
၂.၂ Smoke Detectors
Smoke detector များသည် မီးလောင်ရာမှ ထွက်ပေါ်လာသည့် မြင်နိုင်သည့်/မမြင်နိုင်သည့် (visible and/or invisible)မီးခိုးများကို အာရုံခံ(sense လုပ်)နိုင်သည့် ကိရိယာများဖြစ်သည်။ မီးလောင်ခါစတွင် မြင်နိုင်သည့် မီးခိုး (visible smoke)များ ထွက်ပေါ်လာတတ်သောကြောင့် photoelectric detector များကို အများဆုံး အသုံးပြု ကြသည်။
၂.၃ Duct Smoke Detector
Duct detector များကို air conditioning/heating system များတွင် အသုံးပြုသည်။ Duct ၏ အပြင်ဘက် တွင် တပ်ဆင်ထားသည်။ လေထဲ၌ မီးခိုးများ ရှိ၊ မရှိ သိနိုင်ရန် sampling tube ကို duct အတွင်းသို ထည့်ထားသည်။ အလုပ်လုပ်ပုံသည် တခြားသောdetector များ အလုပ်လုပ်ပုံနှင့် တူညီသည်။ Duct smoke detector များသည် AHU မှ မီးခိုးများ မပျံ့နှံ့သွားစေရန်အတွက် တပ်ဆင်ထားသည့် safety device များ ဖြစ်ကြသည်။ Duct smoke detector များကို fire alarm system နှင့် ချိတ်ဆက်လေ့မရှိပေ။ ချိတ်ဆက် ထားသော်လည်း fire alarm system ၏ smoke/fire detector များအဖြစ် မသတ်မှတ်ပါ။ Smoke detector နှင့် heat detector များနေရာတွင် အစားထိုး အသုံးပြုခွင့် မရှိပါ။
၂.၄ Flame Detectors
မီးတောက်လောင်နိုင်သည့် အရက်ပျံကို လောင်စာ(combustible liquid)အဖြစ် သတ်မှတ်သည်။ မီးတောက်(flame)များ စတင်ဖြစ်ပေါ်လာသည့် အချိန်သည် မီးကောင်းစွာ လောင်ကျွမ်းနေသည့် အချိန် ဖြစ်သည်။ အရက်ပျံများ(combustible liquid)ရှိသည့် အခန်းကဲ့သိုနေရာများတွင် flame detector များကို အသုံးပြုသည်။ Heat detector နှင့် smoke detector များသည် fire alarm system တွင် အများဆုံး အသုံးပြုလေ့ရှိသည့် ကိရိယာများ ဖြစ်သည်။ Flame detector များကို supplemental detection အဖြစ် အသုံးပြုကြသည်။
၂.၅ Specialized Detectors
သာမန် detector များ အသုံးပြုရန် မဖြစ်နိုင်သည့် နေရာများတွင် အထူးသီးသန် တီထွင်ထားသည့် detector များကို အသုံးပြုကြသည်။
၂.၆ Air Sampling
သိုမဟုတ် Aspirating Detector Air sampling သိုမဟုတ် aspirating detector များသည် detector’s sampling port ဟုခေါ်သည့် ပိုက်ငယ်(tubing) အတွင်းသို လေကို ရောက်ရှိစေပြီး photoelectricနည်းဖြင့် မီးလောင်ထားသည့် အရာများ (products of combustion) ရှိ၊ မရှိ အာရုံခံခြင်း ဖြစ်သည်။
credit Kaung Htat Nyunt
Smoke,Flame,Heat Detector Mounting Location
Smoke Detector များနေချထားခြင်း
Spot-type smoke detector များ၏ area of coverage သည် 21 feet (6.5m) ဖြစ်သည်။ Detector ကို ဗဟိုပြု၍ တိုင်းယူလျှင် အကယ်၍ အခန်း၏ အလျား(L) သိုမဟုတ် အနံ(W) သည် ပေ(၃၀) (9.1m) ထက် ပိုရှည် နေပါက သိုမဟုတ် ဒေါင့်ဖြတ် diagonal measurement သည် 42 feet (13m) ထက် ပိုရှည်နေပါက တစ်ခုထက် ပိုများသည့် detector ကို တပ်ဆင်ထားရန် လိုအပ်သည်။ အခန်းတစ်ခုအတွင်း၌ တစ်ခုထက် ပိုများသည့် smoke detector များကို တပ်ဆင်ထားသည့်အခါ national and local standards များနှင့် manufacturer’s specifications များ အတိုင်း တပ်ဆင်ရမည်။ Smoke detector နှစ်ခု အကြား အကွာအဝေးသည် NFPA 72 အရ ပေ (၃၀) 30 feet (9m) apart ထက် ပိုမဝေးစေရ သိုမဟုတ် Fire detection and fire alarm systems for buildings(BS 58391:2013) အရ 25 feet (9m) apart ထက် ပိုမဝေးစေရ။
Heat Detector နေရာချခြင်း
(Placement) အခန်း၏ အရှည် သိုမဟုတ် အနံသည်(၃၄) မီတာ သိုမဟုတ် (၁၀) မီတာထက်ပိုများလျှင် အာရုံခံ(sense) နိုင်မ ပိုကောင်း စေရန် (total protection) အတွက် တစ်ခုထက်ပိုများသည့် detector များ တပ်ဆင်ထားရန် လိုအပ်သည်။ အခန်းအတွင်း၌ တစ်ခုထက်ပိုများသည် detector များကို တပ်ဆင်ထားပါက နေရာအကွာအဝေး သတ်မှတ်ရန် national and local standards နှင့် manufacturer’s specifications တိုကို လိုက်နာရန် လိုအပ်သည်။
ဥပမာ- heat detector များကို BSI အရ တစ်ခုနှင့်တစ်ခု ၂၃ပေ(7m) ထက် ပိုဝေးအောင် မတပ်ဆင်ရ။ heat detector များကို အလယ်ဗဟိုနေရာ(center)မှ တိုင်းရမည်။
Flame Detector နေရာချခြင်း
(Placement) အရက်ပျံ(alcohol)၊ သုတ်ဆေး(paint)၊ သင်နာ(thinner)၊ ရေနံဆီ(gasoline) စသည် မီးလောင်နိုင်သည့် အရည်များ(combustible liquids)ကြောင့် စတင် လောင်ကျွမ်းသည့် မီးများတွင် မီးတောက်များ(flames) ပထမဦးစွာ စတင်(first indication) ဖြစ်ပေါ် လာလေ့ရှိသည်။ ထိုကဲ့သို မီးအမျိုးအစား လောင်ကျွမ်းနိုင်သည့် အခန်းများအတွက် flame detector ကို အသုံးပြုသင့်သည်။ Heat နှင့် smoke detectors fire alarm system အများစု အတွက် သင့်လျော်သည်။ လိုအပ်လျှင် flame detector များကို အရံအဖြစ်(supplemental detection) အသုံးပြုသင့်သည်။
Ref.Fire Alarm System
Pages - Menu
Monday, April 24, 2017
Detectors မီးခိုးအချက်ပေးကိရိယာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment