မီးကိုမရိုသေပေါ့ဆလေက ကြီးစွာသောကရောက်စေ၏
ပြည်သူအများ ထိတ်လန့်စိုးရိမ်ရသည့် အကြီးမားဆုံးနှင့် အန္တရာယ် အပေးနိုင်ဆုံးမှာ ရန်သူမျိုးငါးပါးစာရင်းဝင် မီးဘေးအန္တရာယ် ဖြစ်သည်။ မီးဘေးအန္တရာယ် ကာကွယ် ထိန်းချုပ်ရေးနှင့် မီးလောင်ဆုံးရှုံးမှု လျှော့ချရေးတို့ အတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က အစွမ်းကုန် ကြိုးပမ်း အားထုတ်နေသကဲ့သို့ သက်ဆိုင်ရာတာဝန်ရှိသူများ ပြည်သူများကပါ ဝိုင်းဝန်း ထိန်းသိမ်းပေးကြရန် လိုအပ်ပေသည်။
မီးလောင်တဲ့အခါ ခြေမကိုင်မိလက်မကိုင်မိနဲ့ ထူပူတတ်ကြပါတယ်။ အရေးမကြီးတာတွေကို သိမ်းထုတ်ရင်း တကယ့်အဖိုးတန်တဲ့ လူ့အသက်တွေ ဆုံးပါးကြရပါတယ်။
မီးဟာ လျင်မြန်စွာကူးစက်တတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေကို လိုက်သိမ်းနေဖို့၊ ဖုန်းခေါ်ဖို့ အချိန်မရပါဘူး။ မီးလောင်တဲ့အခါ အသက်အန္တရာယ်ဖြစ်ဖို့အချိန် ၂ မိနစ်ပဲလိုပါတယ်။ ငါးမိနစ်အတွင်း လူတစ်ယောက်ကို မီးတောက်တွေ ၀ါးမြိုသွားနိုင်ပါတယ်။
တကယ်တော့ မီးတောက်မီးလျံထက်စာရင် အပူနဲ့မီးခိုးငွေ့က ပိုပြီးအန္တရာယ်ကြီးပါတယ်။ အရမ်းပူနေတဲ့လေထုကို ရှုရှိုက်မိရင် အဆုတ်တွေ ပျက်စီးနိုင်ပါတယ်။ မီးမှာ အဆိပ်ငွေ့တွေထွက်တာကြောင့် မူးမိုက်သွားနိုင်ပါတယ်။ မီးကြောင့် လန့်ပြီး နိုးနိုးကြားကြားရှိရမယ့်အစား အငွေ့တွေကြောင့် ပိုပြီးအိပ်ပျော်သွားနိုင်ပါတယ်။ အဲဒါကြောင့်လည်း မီးလောင်နေတဲ့အခန်းထဲမှာ လူတွေ မနိုးကြဘဲ အိပ်မောကျရင်း သေဆုံးရတာဖြစ်ပါတယ်။
မီးသည် သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူဖြစ်ရာ မည်သည့်မီးကိုမျှ ပေါ့ပေါ့တန်တန် မပြုလုပ်သင့်ပေ။ မည်သည့်မီး မဆို ဂရုတစိုက် သတိနှင့်ယှဉ်ပြီး သုံးစွဲပါက မိတ်ဆွေဖြစ်မည်။ သတိလစ် ပေါ့လျော့လျှင် မီးလောင်မှု ဖြစ်ပွားလိုက်သည်နှင့် မိတ်ဆွေမှ ရန်သူ ဖြစ်သွားနိုင်ပေသည်။
Steel Structure
သံထည်များနှင့်ဆောက်လုပ်ထားသော အဆောက်အဦများတွင် မီးလောင်ပါက မီးအပူသည် သံထုပ်ယောက် ဒိုင်းမြားသို့ ကူးသွားသည်။ ထိုမှတဆင့် ၎င်းတို့နှင့် ထိစပ်နေသော ပစ္စည်းများသို့ ကူးသွားသည်။ ထိုပစ္စည်းများ အပူလွန်ကဲလာပါက အလိုအလျောက် မီးလောင်နိုင်သည်။မီးသတ်ရာတွင် ဤသို့သောနည်းဖြင့် အပူများစီးမသွားစေရန် သံဘောင်များကို ဖြိုဖျက်ချရသည်။ သံထည်ပစ္စည်းများနှင့် ထိနေသောပစ္စည်းများကို အဝေးသို့ ရွှေ့ထုတ်ရသည်။
Heat Radiation
မီးဆိုတာ လောင်သည့်နေရာမှာတင် ပူတာမဟုတ်။ ၎င်းပတ်ဝန်းကျင်သို့လည်း အပူများဖြန့်ထုတ်သည်။ ဤသည်ကို radiation ဟု ခေါ်၏။ ထို့အတွက် မီးလောင်လျှင် ထိုပတ်ဝန်းကျင်ရှိ အရာများပါ ပူလာသည်။ ကြာလာလျှင် အလွန်ပူလာကာ အလို အလျောက်မီးလောင်နိုင်လာသည်။
မီးလောင်နေသည့် ပတ်ဝန်းကျင်တွင် သစ်သားအိမ်များ ရှိပါက ထိုသစ်သားအိမ်များကိုပါ ရေဖြန်းပေးရန်လိုသည်။ အထူးသဖြင့် သက်ငယ်မိုးထားသော အိမ်များမှာ အလွန်အန္တရာယ်များသည်။ ထိုခေါင်မိုးများပေါ်သို့ ရေကြိုဖြန်းထားရန် လိုသည်။ အနီးပတ်ဝန်းကျင်၌ ဆီတိုင်ကီများရှိပါကလည်း ထိုဆီတိုင်ကီများကို ရေဖြန်း ရန်လိုသည်။ ထို့အတူပင် ဈေးများ၌ စာအုပ်ပုံများ၊ အ၀တ်ပုံများစသည်တို့ကိုမီးမလောင်မီရေကြိုဖြန်းထား
ရန် လိုသည်။
အောက်ဆီဂျင်နည်းလျှင် မီးလောင်တာ နှေးသည်။ အောက်ဆီဂျင်များများရလေ မီးလောင်တာပိုမြန်လေ။ လေတိုက်လျှင် မီးကူးနှုံးမြန်တာ ဤသဘော တရားဖြစ်၏။ မီးလောင်စေတတ်သော ပစ္စည်းများ၊ ဥပမာ - စက္ကူ၊ သစ်သား၊ အ၀တ်အထည် စသည်တို့ များများရှိလျှင် မီးလောင်တာများမည်။
သို့ဖြစ်၍ မီးသတ်ခြင်း ဆိုသည်မှာ ဖြစ်နိုင်သည့်နည်းအားလုံးသုံးကာ အောက်ဆီဂျင်ကို အဆက်ဖြတ်ခြင်း၊ အပူကို လျှော့ချ ခြင်း၊ လောင်စာများကို သယ်ထုတ်ခြင်းပင် ဖြစ်သည်။ သို့ဖြစ်၍
မီးလောင်ရန် အောက်ဆီဂျင်၊ လောင်စာ၊ အပူတို့အပြင် ၎င်းတို့ကို ဆက်စပ်ပေး မည့် တစ်ခုလည်းရှိသေး၏။ ၎င်းကို Chain Reaction ဟု ခေါ်သည်။ ဆိုလိုသည်မှာ ဓါတ်ဆီလည်းရှိသည်။ လေလည်းရှိသည်။ အပူလည်းရှိသည်။ သို့သော် ၎င်းတို့ကို မီးရှို့ပေးမည့် မီးပွားမရှိလျှင် မီးမလောင်နိုင်။ ဤအချက်သည် မီးကာကွယ်ရေးတွင် အလွန်အရေးကြီးသည်။
မီးလောင်ခြင်းမှ အလွန်ပူသော ဓါတ်ငွေ့၊ လေပူများထွက်လာသည်။ ထိုအပူငွေ့များမှာ သာမန်လေထက် ပိုပေါ့သဖြင့် အပေါ် တက်သွားသည်။ ၎င်းတို့ထွက်သွားသည့်အတွက် အနီးပတ်ဝန်းကျင်မှ လေများ ထိုနေရာကို အစားထိုးရန် ၀င်လာသည်။
ထိုအခါ မီးလောင်လျှင် လေတိုက်သည်ဆိုတာ ဖြစ်လာသည်။ အခန်းတွင်း၌မီးလောင်သည် ဆိုပါက အထက်သို့တက်သွား သော လေပူများသည် မျက်နှာကျက်နှင့် တိုးမိသည်။ ထိုအခါ ၎င်းတို့ထွက်ပေါက်ရှာသည့်အနေနှင့် မျက်နှာကျက်တစ်လျှောက် ပျံ့နှံ့သွားသည်။ အချိန်မီထွက်ပေါက်မရလျှင် မျက်နှာကျက် သို့မဟုတ် ထိုအနားတ၀ိုက် ပစ္စည်းများမှာ အလွန်ပူကျက်လာကာ (autoignition) အလိုအလျောက် မီးလောင်နိုင်သည်။ ထိုအခါ လေထွက်ပေါက်မရှိသော အလုံပိတ်အခန်းအတွင်း မီးလောင် ပါက မီးကူးအလွန်မြန်ခြင်း ဖြစ်သည်။ သို့အတွက် အဆောက်အအုံများ စတင်ဆောက်စဉ်ကတည်းက ထိုအချက်ကို ထည့်သွင်းစဉ်းစားကာ လေပူထွက်ပေါက် (Mechanical Ventilation ducts) များ ထားပေးရန်လိုသည်။
"
Fire Safety
အင်မတန်ကြီးကျယ်တဲ့ မီးလောင်မှုတိုင်းဟာ မီးခြစ်ခြစ်သလောက် မီးပွား Spark လေးတစ်ခုက စတာပါပဲ။
ဒီမီးပွားလေးကို မီးသတ်ဆေးဗူးနဲ့ ငြိမ်းနိုင်ဖို့ လိုသလို နောက်ဆက်တွဲ ရေလုံးရေရင်းနဲ့ ဖိနိုင်ဖို့ လိုတယ်ဆိုတာပါပဲ။
လူခိုးတာမှအိမ်ကျန်အုံးမယ် မီး ခိုးတာတော့ မြေဘဲကျန်မယ်
ကြောက်နေရုံနဲ့ မပြီးလေတော့ ဒီအတွက် အတတ်နိုင်ဆုံး ကြိုတင်ပြင်ဆင်တာ လုပ် ရပါမယ်
အထပ်မြင့်ကွန်ဒိုတွေမှာနေမယ်ဆို အိမ်အတွက် ပြောရရင်
မီးသတ်လှေကား မီနိုင်တဲ့ အလွှာအတွင်းရွေးသင့်ပါတယ်
အရေးပေါ်လှေကား Emergency Satairပါရှိတဲ့ buildingမှာ စိတ်ချရပြီး Ground Tank ကတဆင့် သီးသန့် pump တစ်လုံးနဲ့ အထပ်တိုင်းကို မီးသတ်ရေပိုက်ကတဆင့် ရေလှမ်းပို့နိုင်တဲ့ စံနစ်ပါရှိ ရငိပိုကောင်းပါတယ်
(ပြီးပြည့်စုံတဲ့ smoke detector, Water Sprinkler စတဲ့ စံနစ်တွေပါရင်တော့ အကောင်းဆုံးပေါ့)
အိမ်သာ ရေချိုးခန်းတွေအတွင်းမှာ Ball Valve နဲ့ ပိုက်ပျော့အရှည် ခွေလိုက်ကိုတော့ လိုရမယ်ရ လုပ်ထားသင့်ပါတယ်။
ဒါကတော့ ရေလုံးရေရင်း လိုက်နိုင်မှုအတွက် အဆင်သင့်ဖြစ်အောင်ပါ။
မီးသတ်ဆေးဗူး
First Responder ဖြစ်တယ် ကနဦးမီးလောင်မှုဆို
ဒါလေးနဲ့ အမြန်ငြိမ်းနိုင်ရန်ပီးသွားမှာပါ
မီးသတ်ဆေးဗူးဟာ Powder Type ABC ဖြစ်ပြီး
သာမန်မီး Type A,
လောင်စာဆီမီး Type B,
လျှပ်စစ်မီး Type C တို့ကို ငြိမ်းသတ်နိုင်တယ်။
နေရာချထားတာကတော့ မီးလောင်နိုင်တဲi့ မီးဖိုခန်းအတွက်တစ်နေရာ kitchen room
လျှပ်စစ် Main Board အနီးနဲ့
အဝင်အထွက် တံခါးပေါက် (အခြားအရေးပေါ်ကိစ္စများအတွက်) နေရာခွဲ ချထားသင့်ပါတယ်။
ချထားတဲ့နေရာဟာ strategic ဖြစ်ဖို့လိုပါတယ်။ မီးလောင်နိုင်တဲ့ နေရာက အနီးဆုံး ပြေးယူနိုင်တဲ့နေရာ ဖြစ်ရပါမယ်။
လောင်နိုင်တဲ့ နေရာနားမှာ မထားရပါဘူး။
ဥပမာ Gas မီးဖိုအနီးမှာ ထားရင် မီးလောင်တဲ့အခါ မီးသတ်ဆေးဗူး ယူဖို့ ခက်နေမှာမို့ မလှမ်းမကမ်း အဝင်ဝမှာ ထားရပါတယ်။
တချိန်တည်းမှာ အခြားနေရာကလည်း လက်လှမ်းမီအောင် ဖြန့်ထားတာလည်း ဖြစ်ရပါတယ်။
ဆေးဗူးကို ကြမ်းပြင်ပေါ် ချထားတဲ့အခါ ယူဖို့ လွယ်ပေမယ့် တိုက်မိခိုက်မိလဲကွဲတတ်တာမို့ လောက်မှာချိတ်ထားလေ့ရှိပါတယ်။
ချိတ်ထားမယ်ဆိုရင် ခုံခုယူရတဲ့အမြင့်မှာ မချိတ်ရပါ။
အရေးပေါ်ချိန်မှာ ခုံရှာတဲ့ အလုပ်တစ်ခု ပိုလုပ်ရတာမို့ ၃ပေခန့်အမြင့်လောက်မှာသာ ချိတ်ရပါတယ်။
မီးသတ်ဆေးဗူးဟာ ချိတ်နဲ့ ချိတ်ထားတာမို့ ဆွဲယူလို့ မရပါဘူး။ အနည်းငယ်မပြီး ဖြုတ်ယူရပါတယ်။ ဒါကို မသိရင် အရေးပေါ်အချိန်မှာ ဆွဲယူလို့ မရဖြစ်နေတာနဲ့ မီးတောက် ကြီးသွားပါမယ်။
မီးသတ်ဆေးဗူးဟာ Powder များကို လေဖိအားနဲ့ သွင်းထည့်ထားတယ်။ safety pin ကို ဖြုတ်ပြီး ဘားကို ညှစ်ရင် တစ်ချက်တည်း ဖိထားလိုက်ရပါတယ်။
ညှစ်လိုက် လျှော့လိုက် မလုပ်ရပါဘူး။ တစ်ချက်တည်း ဖိလိုက်မှ ဖိအားနဲ့ သွင်းထားတဲ့ powder များ အကုန်ထွက်ပြီး မီးငြိမ်းစေတာမို့ ညှစ်လိုက်ဖိလိုက် လုပ်နေရင် powder အကုန်မထွက်တဲ့အတွက် ထိရောက်မှုနည်းပါတယ်။
သတ်မှတ်ဖိအားရှိမရှိ pressure gauge က မျှားတံ အစိမ်းနေရာမှာ ရှိနေသလား လစဉ် စစ်ဆေးရပါတယ်။
မီးလောင်မှုသေးသေးကနေ မီးလောင်မှုကြီးတွေ
မဖြစ်ပွါးရလေအောင် အိမ်တိုင်းအိမ်တိုင်း မီးသတ်ဆေးဘူးဆောင်ထားခြင်းဖြင့် ကာကွယ်နိုငိပါတယ်
Pages - Menu
Thursday, April 27, 2017
မီးကိုမရိုသေပေါ့ဆလေက ကြီးစွာသောကရောကိစေ၏
Subscribe to:
Post Comments (Atom)
No comments:
Post a Comment