Hazardous Materials and Storage
မီးငြှိမ်းသတ်ရေးလုပ်ငန်းနှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ရှိသော ဓာတုပစ္စည်းများသည် မီးသတ်သမားများအဖို့ စိန်ခေါ်မှုတစ်ရပ်ဖြစ်လာပြီဖြစ်သည်။
ယင်းဓာတုပစ္စည်းများ၏ ဘေးအန္တရာယ်ဆိုင်ရာ သတ်မှတ်ဖော်ပြချက် colour code များအားကြည့်ကာ မီးသတ်သမားများအနေနှင့် ဂရုပြုကိုင်တွယ်ဆောင်ရွက်ရန် လိုပေသည်။
UN Recommendation Of Transport and Dangerous Goods
(ကုလသမ္မဂ ဆိုင်ရာ အန္တရာယ်ရှိကုန်ပစ္စည်းများနှင့် သယ်ယူ
ပို့ဆောင်ရေးဆိုင်ရာ အမှတ်တံဆိပ်များ
Dangerous Goods Vocabulary
1. Explosive= ပေါက်ကွဲနိုင်သော
eg.TNT,Dynamic ,Nitroglycerine
2. Flammable Gas=မီးလောင်လွယ်သောဓာတ်ငွေ့
ွ3.Non Flammable Compressed Gas= မီးလောင်မလွယ်သောဖိအားဖြင့်ထည့်သွင်းထားသောဓာတ်ငွေ့
eg.Nitroge.&Neon
4. Toxic Gas= အဆိပ်ဖြစ်၍သေစေနိုင်သောဓာတ
်ငွေ့ eg. Fluorine,Chlorine,Hydrogen Cyanide
5. Flammable Liquid= မီးလောင်လွယ်သောအရည်
6. Flammable Solid=မီးလောင်လွယ်သော အခဲပစ္စည်း eg.Nitrocellulose,magnesi
7. Spontaneous Combustable=အလိုအလျောက်မီးလောင်နိုင်သော eg.Aluminium alkyls,white phosphorous
8. Dangerous when wet= စိုလျှင်အန္တရာယ်ရှိသောအရာများeg.
Sodium,Calcium,Potassium်
9. Oxidizing agent=ဓာတ်တိုးစေသောပစ္စည်း
eg.Ammonium Nitrate =ယမ်းစိမ်း
potassium permanganate
10. Organic Peroxide= အော်ဂဲနစ်ပါအောက်ဆိုဒ်
eg. benzoyl peroxide,Cumene hydroperoxide
11.Toxic =အဆိပ်အတောက်ဖြစ်စေသော
12.Infectious Substance= ကူးစက်တက်စေသောအရာများ
eg.potassium cyanide,mercuric
chloride
13.Radioactive=ရေဒီယိုသတ္တိကြွစေသောပစ္စည်း eg. Uranium,plutonium
14.Corrosive=လောင်စားစေသော ပစ္စည်း
15.Marine pollutant=ညစ်ညမ်းစေသော
16. Miscellaneous = အထွေထွေကုန်ပစ္စည်းများ(အခြားသောအမျိုးအစားများတွင်မပါဝင်သော ဘေးအန္ထရာယ်ရှိသော ပစ္စည်းအမျိုးအစားများတွင်ပါဝင်သည်)
Storage and Handling
(က) မီစတောက်နိုင်သည့် အခြေအနေများကို ဖယ်ရှားပါ။ (eliminate sources of ignition)
(ခ) မီးဘေးအန္တရာယ်ဖြစ်နိုင်ခြေအနည်းဆုံး ပစ္စည်းများကို ရွေးချယ်အသုံးပြုပါ။ (Choose the least hazardous materials possible)
(ဂ) သိုလှောင်သိမ်းဆည်းမည့် ပမာဏကို လျော့ချပါ။ (Reduce the amounts stored to a minimum)
(ဃ) လုံခြုံစိတ်ချရသည့် သိုလှောင်သိမ်းဆည်းနည်းနာများနှင့် ပုံးများကို အသုံးပြုပါ။ (Use safe storage procedures and containers)
(င) လောင်စာများထည့်ထားသည့် ပုံးများ ခွက်များကို နာမည်ရေးထိုးထားပါ။ (Ensure containers are properly labeled) Container Labeling Flammable liquids များထည့်ရာ နေရာ၊ ပုံး၊ ဘူးများတွင်အောက်ပါစာသားများနှင့် တံဆိပ်များ ကပ်ထား ရမည်။
(က) လုံခြုံစိတ်ချရသည့် သိုလှောင်သိမ်းဆည်းနည်းနာများနှင့် ကိုင်တွယ်ပုံ လုပ်ထုံးလုပ်နည်းများကို လိုက်နာပါ။ (Safe storage and handling procedures) (ခ) မှောက်ကျ ဖိတ်ကျ ခဲ့လျှင် သုတ်သင်ရှင်းလင်းရမည့် လုပ်ထုံးလုပ်နည်းများကို လိုက်နာပါ။ (Spill clean-up procedures)
(ဂ) လောင်စာများထည့်ထားသည့် ပုံးများ ခွက်များကို နာမည်ရေးထိုးထားပါ။ (Proper labeling) (ဃ) Use to compare products for hazards such as flash point and flammability range သိမ်းဆည်းသိုမှီးထားနိုင်သည့် ပမာဏ(Storage amount) နိုင်ငံတကာနှင့် ဒေသဆိုင်ရာ မီးဘေးကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများ အရ flammable and combustible liquid များ သိမ်းဆည်း သိုမှီးထားနိုင်သည့် ပမာဏကို နေရာ အမျိုးမျိုးကို လိုက်၍ ကန်သတ် တားမြစ် ထားသည်။ သိမ်းဆည်းနိုင်သည့် နေရာ(Storage Area)
(၁) Flammable and combustible liquids များကို သိမ်းဆည်းထားရန်အတွက် အကောင်းဆုံးနှင့် အသင့်လျော်ဆုံး နေရာသည် အ ဆောက်အဦ၏ အပြင်ဘက် လွတ်ကင်းသည့် သီးသန်နေရာ ဖြစ်သည်။
(၂) မဖြစ်နိုင်လျှင် သင့်လျော်သည့် flammable storage cabinet သိုမဟုတ် အထူးဒီဇိုင်းဖြင့် ဆောက်လုပ် ထားသည့် storage room များဖြစ်သည်။
ref firealarmsystem
kyizawhtike@bkl
်
Pages - Menu
Tuesday, August 29, 2017
Hazardous Material Handling Storage
Detectors Mounting Location
Smoke,Flame,Heat Detector Mounting Location
Smoke Detector, heat detector, flame detector System
တချို့သောနေရာတွေ တချို့အခန်းတွေဟာ မီးလောင်ရင် ရေနဲ့သက်လို့ မရတာတွေရှိပါတယ်။ ရေနဲ့သက်မှ ပိုဆိုးသွားတာမျိုးတွေကို ဆိုလိုတာပါ။ Electrical Switch Board တွေ၊ နောက် IDF room လိုမျိုး အခန်းတွေပါ။ ဒီအခန်းတွေဟာ လျှပ်စစ်ဖြန့်ဖြူးရာ အခန်းဖြစ်တဲ့အတွက် မီးလောင်လို့ ရေဖြန်းလိုက်ရင် shock ဖြစ်မှာမို့လို့ပါပဲ။ တချို့ ရေနဲ့ထိတွေ့လို့မရတဲ့ ဓာတုပစည်းတွေ သိမ်းဆည်းတဲ့အခန်းမျိုးဆိုရင်လည်း အလားတူပါပဲ။ အဲဒီလိုအခြေအနေရှိတဲ့ အခန်းတွေအတွက် smoke detector လို့ခေါ်တဲ့ မီးခိုးအာရုံခံကိရိယာတွေကို တပ်ဆင်ရပါတယ်။ ပြီးရင် မီးသက်ဆေးဗူး Fire Extinguisher တွေ ထားထားပေးရပါတယ်။ ဒီ smoke detector တွေက Fire Alarm System နဲ့ ဆက်ထားတာဖြစ်လို့ သူတို့က မီးခိုးလို့ သိတာနဲ့တပြိုင်နက် Fire Alarm ကတစ်ဆင့် အကုန်လုံးသိကုန်ပြီး ကြိုတင်ငြိမ်းသက်နိုင်မှာ ဖြစ်ပါတယ်။
နောက်တစ်ခုက အဆောက်အအုံတစ်ခုရဲ့ ပထမထပ်မှာရှိတဲ့ Lift Lobby လို့ခေါ်တဲ့ lift ကနေထွက်ထွက်ချင်း အခန်းမှာလည်း တပ်ဆင်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီးလောင်မှုတစ်ခုဖြစ်တာနဲ့တပြိုင်နက် ဒီ Lift တွေဟာ ဘယ်အထပ်မှာ ဘယ်နားမှာ ရောက်နေသည်ဖြစ်စေ မြေညီထပ်ကို အကုန်ဆင်းရပါတယ်။ အထဲမှာရှိတဲ့လူတွေလည်း အကုန်အဲဒီကနေ ထွက်ပြေးနိုင်ဖို့ပါ။ ဒါပေမယ့် တကယ်လို့ မီးလောင်တာက အဲဒီမြေညီထပ် lift lobby မှာဆိုရင် အထဲကလူတွေ ဘယ်လိုမှထွက်နိုင်မှာမဟုတ်ပါဘူး။ အဲဒါကြောင့် တကယ်လို့ ပထမထပ်မှာတပ်ထားတဲ့ somke detector က အာရုံခံပြီး သူ့ဆီမှာ မီးလောင်နေတယ်လို့ အချက်ပြရင် Lift က ပထမထပ်ကို မဆင်းဘဲ ဒုတိယထပ်မှာတင် ရပ်လို့ရအောင် ဖြစ်ပါတယ်။
တခြားသုံးတဲ့နေရာတွေကတော့ အိပ်ခန်းတွေ (မီးခိုးတွေဝင်လာပြီး မနိုးရင် အောက်စီဂျင် ပြက်ပြီး သေနိုင်) မီးဖိုခန်းတွေ ဖုန်ထူထပ်တဲ့နေရာတွေ (ဖုန်နဲ့ မီးခိုးရောပြီး သာမန်အားဖြင့် မမြင်နိုင်) ပဲဖြစ်ပါတယ်။ သတိထားရတာတစ်ခုက ဒီ smoke detector ကို ဆေးမသုတ်မိစေဖို့နဲ့ တခြားပစည်းတွေနဲ့ ကာမိပြုမိ မဖြစ်စေဖို့ပဲဖြစ်ပါတယ်။
တကယ်လို့ ဒီ smoke detector တွေကို ceiling တွေရဲ့ အပေါ်မှာ conceal အဖြစ် တပ်ဆင်ရတဲ့ အခါတွေမှာတော့ ဘယ် smoke detector active ဖြစ်နေလဲ သိဖို့အတွက် ceiling မှာ remote LED လေးတွေကို တစ်ခုချင်းစီအလိုက် တပ်ဆင်ပေးရပါတယ်။
အလားတူတခြားပစည်းတွေကတော့ အပူကို အာရုံခံပေးတဲ့ heat detector မီးတောက်ကို အာရုံခံပေးမယ့် flame detector တို့ကိုလည်း အသုံးပြုတာတွေ ရှိပါတယ်။ တပ်ဆင်တဲ့နေရာမှာ အနီးဆုံး နံရံကနေ ၃၀၀ မီလီမီတာ၊ တစ်ခုနဲ့တစ်ခုကြား ၇.၂ မီတာနဲ့ ကော်ရစ်ဒါတွေအတွက်ဆိုရင်တော့ ၁၀.၂ မီတာအများဆုံးထားပြီး တပ်ဆင်နိုင်ပါတယ်။
Refer to Myanmar Mechanical and Electrical Engineer
Smoke Detector များနေချထားခြင်း
Spot-type smoke detector များ၏ area of coverage သည် 21 feet (6.5m) ဖြစ်သည်။ Detector ကို ဗဟိုပြု၍ တိုင်းယူလျှင် အကယ်၍ အခန်း၏ အလျား(L) သိုမဟုတ် အနံ(W) သည် ပေ(၃၀) (9.1m) ထက် ပိုရှည် နေပါက သိုမဟုတ် ဒေါင့်ဖြတ် diagonal measurement သည် 42 feet (13m) ထက် ပိုရှည်နေပါက တစ်ခုထက် ပိုများသည့် detector ကို တပ်ဆင်ထားရန် လိုအပ်သည်။ အခန်းတစ်ခုအတွင်း၌ တစ်ခုထက် ပိုများသည့် smoke detector များကို တပ်ဆင်ထားသည့်အခါ national and local standards များနှင့် manufacturer’s specifications များ အတိုင်း တပ်ဆင်ရမည်။ Smoke detector နှစ်ခု အကြား အကွာအဝေးသည် NFPA 72 အရ ပေ (၃၀) 30 feet (9m) apart ထက် ပိုမဝေးစေရ သိုမဟုတ် Fire detection and fire alarm systems for buildings(BS 58391:2013) အရ 25 feet (9m) apart ထက် ပိုမဝေးစေရ။
Heat Detector နေရာချခြင်း
(Placement) အခန်း၏ အရှည် သိုမဟုတ် အနံသည်(၃၄) မီတာ သိုမဟုတ် (၁၀) မီတာထက်ပိုများလျှင် အာရုံခံ(sense) နိုင်မ ပိုကောင်း စေရန် (total protection) အတွက် တစ်ခုထက်ပိုများသည့် detector များ တပ်ဆင်ထားရန် လိုအပ်သည်။ အခန်းအတွင်း၌ တစ်ခုထက်ပိုများသည် detector များကို တပ်ဆင်ထားပါက နေရာအကွာအဝေး သတ်မှတ်ရန် national and local standards နှင့် manufacturer’s specifications တိုကို လိုက်နာရန် လိုအပ်သည်။
ဥပမာ- heat detector များကို BSI အရ တစ်ခုနှင့်တစ်ခု ၂၃ပေ(7m) ထက် ပိုဝေးအောင် မတပ်ဆင်ရ။ heat detector များကို အလယ်ဗဟိုနေရာ(center)မှ တိုင်းရမည်။
Flame Detector နေရာချခြင်း
(Placement) အရက်ပျံ(alcohol)၊ သုတ်ဆေး(paint)၊ သင်နာ(thinner)၊ ရေနံဆီ(gasoline) စသည် မီးလောင်နိုင်သည့် အရည်များ(combustible liquids)ကြောင့် စတင် လောင်ကျွမ်းသည့် မီးများတွင် မီးတောက်များ(flames) ပထမဦးစွာ စတင်(first indication) ဖြစ်ပေါ် လာလေ့ရှိသည်။ ထိုကဲ့သို မီးအမျိုးအစား လောင်ကျွမ်းနိုင်သည့် အခန်းများအတွက် flame detector ကို အသုံးပြုသင့်သည်။ Heat နှင့် smoke detectors fire alarm system အများစု အတွက် သင့်လျော်သည်။ လိုအပ်လျှင် flame detector များကို အရံအဖြစ်(supplemental detection) အသုံးပြုသင့်သည်။
Ref.Fire Alarm System
Five Main Knots & RescueRope
Standard Ropes and Five Main Knots
မီးသတ်တပ်ဖွဲ့သုံးစံကြိုးများနှင့်ကြိုးချည်နည်းမျာ:
➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳ ➳
1. အထူးအသက်ကယ်ကြိုးရှည် ပေ150' 230'လုံးပတ် 2"
2. လျှော့ချကြိုး အနဲဆုံး ပေ၁၀၀ 2လက်မ
3. ကြိုးလိုင်းရှည် ပေ100 လုံးပတ် 2လက်မ
4. ကြိုးလိုင်းတို ပေ ၄၀- ၅၀ 2လက်မ
5 ခါးပတ်ကြိုး 9- 12 ပေ 2လက်မ
6. ရစ်ဘီ်းကြိုး အိတ်ထည့်ကြိုး ပေ၁၃၀ 2လက်မ
7. လွတ်မြောက်ရေးကြိုး ၁၅- ၂၀ပေ
်
1. Extra Long Life line( အထူးအပိုကြိုးလိုင်းရှည်)
ဆုံလည်လှေကားနှင့် တွဲဖက်အသုံးပြုရန်
2. lowering line( လျှော့ချကြိုး) အရည်အသွေးမြင့်သောအမျိုးအစားဖြစ်၍ အသက်ကယ်လုပ်ငန်းတွင်သုံးရန်
3.long line( ကြိုးလိုင်းရှည်) အမြင့်တွင်အလုပ်လုပ်သော
အခါတွင် ရေပက်ပိုက်လိုင်းများ လုံခြုံရေးနှင့် ဆွဲယူရန်အတွက်အသုံးပြုသည်
4.Short line( ကြိုးလိုင်းတို) ရေစုပ်ပိုက်လုံခြုံရေး
ကွင်းဆက်လှေကားအားဖြည့်ခြင်း ကိရိယာပစ္စည်းများ ဆွဲတင်ရန်နှငိ့ လျော့ချရန်
5. Belf line( ခါးပတ်ကြိုး) ပိုက်ခေါင်းများချည်ရန်နှင့် ကွင်းဆက်လှေကားများတွင်သုံးရန်
6. Bobbin or Pounch line (ရစ်ဘီးကြိုး အိတ်ထဲ့ကြိုး)
လေးလံသောကြိုးများပေါ့ပါးသောပစ္စည်းကိရိယာများ ဆွဲယူရန် လမ်းပြကြိုးအဖြစ်သုံးရန်
7. Escape Line( လွတ်မြောက်ရေးကြိုး)
မီးခိုးထူထပ်သောအခန်းများမှ အပြင်သို့ပြန်ထွက်ရန်
တဆင့်လှေကားများ နှစ်ဆင့်လှေကားများ ဆက်၍ အသုံးပြုသည့်အခါ လုံခြုံရေးကြိုးအဖြစ် သုံးရန်
Five Main Knots အဓိကကြိုးချည်နည်း ၅မျိုး
1.Reef knot ရွက်လိပ်ချည်နည်း
2.Bowline တစ်ထပ်ဒဏ်သေချည်နည်း
3.Clove Hitch ဘုလက်သီးချည်နည်း
4.Figure Eight အင်္ဂလိပ်ရှစ်ပုံချည်နည်း
5.Single Sheet Bend ကြိုးကြီးကြိုးသေးချည်နည်း
1.Reef Knot
Connect two ropes of equal size.
Secure something that is unlikely to move much.
အရွယ်အစားမတူညီသည့် ကြိုးနှစိချောင်းကိုဆက်သွယ်ခြင်း
လှုပ်ရှားရန်မလွယ်ကူသည့်အရာကို လုံခြုံစိတိချစေခြင်း
2.Bow Line
Temporary loop at the end of the line.
Tie a line around one's waist for safety
ကြိုးတချောငိး၏အစွန်းဖက်တွင် ယာယီကွင်းလျောချည်နည်း
3.Clove Hitch
To fastern rope to a post or pole.
Best used in a situation where both ends of the ropes are tensioned
တိုင်တခုတွင်ကြိုးကိုခိုင်မြဲစေရန်
ကြိုး၏အစွန်းနှစ်ဖက်စလုံးတင်းနေသည့်အခါတွင် အသူံးပြုရန် အကောင်းဆုံးဖြစ်သည်
်4.Figure 8
Stopping ropes From running out of retaining devices.
Can be undone easily after loading
ထိန်းထားသည့်ပစ္စည်းများ လျောမထွက်စေရန်သုံးခြင်း
ဝန်အားသက်ရောက်စေပြီးနောက် ကြိုးဖြည်ရန်လွယ်ကူစေခြင်း
5.Single Sheet Bend
Joining two ropes of unequal Size
Works equally well if the ropea arw of the same size
အရွယ်အသားမတူညီသည့် ကြိုး နှစ်ချောင်းကိုပေါင်းစပ်အသုံးပြုခြင်း
ကြိုးများအရွယ်အားတူညီသည့်အခါ ကောင်းမွန်ညီမျှ စွာ အလုပ်လုပ်ခြင်း
Kyi Zaw Htike@bkl
်
Four Sprinkler Type
fire sprinkler types
Sprinkler စနစ် ရဲ့ဖွဲ့စည်းပုံပေါ်မူတည်ပြီး
ယေဘုယျအားဖြင့် အမျိုးအစားခွဲရရင် ၄ မျိုးတွေ့ရမယ်
Pre-action
*********
Pre-action အမျိုးအစားတွေက
Smoke detector/ Smoke alarmတွေတဆင့်ခံ
ထပ်မံတပ်ဆင်ပေးဖို့လိုအပ်တယ်
Smoke detector တွေကနေ
မီးခိုးထောက်လှမ်းပြီး
မီးဆိုတာတကယ်သေချာပြီဆိုမှ ရေဖြန်းပေးတဲ့အမျိုးအစား
သေချာပြီဆိုမှဖြန်းတဲ့အတွက်
ကိရိယာချို့ယွင်းလို့ မတော်တဆ
မှားယွင်းဖြန်းမိတာမျိုး
မီးဆိုတာမသေချာပဲနဲ့ မှားယွင်းဖြန်းမိတာမျိုးမဖြစ်လို့
ရေကြောင့်
အဖိုးတန်ပစ္စည်းများ
ပျက်စီးဆုံးရှုံးမှုများနိုင်တဲ့ လျှပ်စစ်ပစ္စည်းများစွာ
အသုံးပြုတဲ့နေရာတွေနဲ့
စာကြည့်တိုက်လိုနေရာမျိုးတွေ
အတွက်ပိုသင့်တော်တယ်
သူ့ရဲ့drawback တွေကတော့
ကုန်ကျစရိတ်.ပြု ပြင်ထိန်းသိမ်းစရိတ်များမယ်.
ပြု ပြင်ထိန်းသိမ်းမှုသေချာမလုပ်နိုင်ရင် ကြာလာတာနဲ့အမျှစွမ်းရည်လျော့သွားတယ်
Dry Pipe
********
Dry pipe အမျိုးအစားကတော့
ပိုက်တွေထဲမှာ လေ ဒါမှမဟုတ် နိုက်ထရိုဂျင်ဓါတ်ငွေ့ကို pressure ပေးဖိသိပ်ဖြည့်ထားတဲ့စနစ်
Valve နဲ့ပိတ်ပြီး ရေတွေထိန်းထားတယ်
ပိုက်တွေနဲ့ဆက်သွယ်တပ်ဆင်ထတဲ့ sprinkler တစ်ခုစလည်ပြီ မီးသေချာပြီဆိုမှ လေနဲ့တွန်းထုတ်ပြီး valve ကိုဖယ်လိုက်မယ် ပိုက်တွေကတဆင့်ရေတွေစီးကျလာမယ် sprinklers များပွင့်သွားပြီး ရေတွေဖြန်းမယ်
Dry pipe စနစ်က ရေတွေခဲစေလောက်အောင်အေးတဲ့နေရာတွေအတွက်သင့်တော်တယ်
Dry pipe စနစ်သုံးမယ်ဆိုရင်တခြားစနစ်တွေထက်အပိုသုံးပေးရမဲ့အကူပစ္စည်းကိရိယာတွေလိုအပ်မယ်
အသုံးပြုတပ်ဆင်ရတဲ့ကိရိယာတွေများတော့ ပစ္စည်းလက်ခများတဲ့ ရှုပ်ထွေးမှုတော့ရှိတယ်
ကိရိယာတွေကို ပြု ပြင်ထိန်းသိမ်းပေးဖို့လဲ
ဂရုပြုရမယ်.အဲ့ဒီအတွက်ကုန်ကျစရိတ်လဲ
တိုးလာမယ်သူ့သတ်မှတ်ထားတဲ့
ပစ္စည်းကိရိယာတွေကိုသာအသုံးပြုရမယ်
ပိုက်တွေကိုလဲ အမြဲမပြတ်ပြု ပြင်ထိန်းသိမ်းနေဖို့လိုအပ်လို့ကုန်ကျစရိတ်များမယ်
Wet pipe ထက်စာရင် ရေဖြန်းတာ ၁မိနစ်လောက်
နှေးတဲ့အတွက်
တကယ့်မီးဘေးဆို အချိန်အနည်းငယ်ပေမဲ့လဲ
သိသာစေတယ်
Wet Pipe
********
Wet pipe အမျိုးအစားကတော့
ပိုက်တွေထဲမှာ ရေအဆင့်သင့်အမြဲရှိနေပြီး
Sprinkler စပြီး active ဖြစ်တာနဲ့တပြိုင်နက်
့ရေချက်ချင်းဖြန်းပေးတယ် reaction မြန်တယ် အသုံးအများဆုံး
အမျိုးအစားဖြစ်တယ်
လူနေတိုက်တာ အထပ်မြင့်အဆောက်အဦးတွေ
ရုံးအဆောက်အဦးတွေမှာ တပ်ဆင်ကြတယ်
ပြု ပြင်ထိန်းသိမ်းရတာလဲ ပိုပြီးလွယ်ကူတယ်
တပ်ဆင်အသုံးပြုရတဲ့ပစ္စည်းကိရိယာတွေ မများပြား မရှုပ်ထွေးလို့ အဆင်ပြေလွယ်ကူတယ်
လူအင်အား.အချိန်.ငွေ.တပ်ဆင်စရိတ်ပြု ပြင်ထိန်းသိမ်းစရိတ်.ပစ္စည်းလက်ခစရိတ်ချုံ့နိုင်တယ်အသုံးပြု ပြီးတဲ့အခါပျက်စီးသွားတဲ့ sprinklers ခေါင်းတွေကိုပြန်လည်အစားထိုးတပ်ရလွယ်ကူစေတယ်ရေပိုက်တွေပြု ပြင်ရာမှာပြောင်းလဲတပ်ဆင်ရာမှာတခြားစနစ်တွေထက်ပိုပြီးလွယ်ကူတယ်Pre-action နဲ့ Dry pipe များလို
ကွန်ထရိုးစနစ်တွေပြန်လုပ်ဆောင်ရမခက်ခဲဘူး
ဒါပေမဲ့ wet pipe စနစ်က ရေအေးခဲလောက်အောင်အေးတဲ့နေရာတွေအတွက်တော့မကောင်းဘူး
ပြီးတော့ ရေတွေအမြဲအပြည့်ဖြစ်နေတဲ့ပိုက်စနစ်မျိုးဖြစ်တဲ့အတွက်
ရေယိုတဲ့ရေပိုက်ပေါက်တဲ့
ပြသနာရှိတတ်လို့ ရေယိုစိမ့်မှုမရှိအောင်တော့
ဂရုစိုက်ပေးဖို့လိုတယ်
Deluge
*******
ဒီအမျိုးအစားကလဲ
smoke detector များနဲ့တွဲသုံးဖို့လိုအပ်တယ်
အဆောက်အဦးရဲ့ကြမ်းပြင်မှာ
မီးလောင်လွယ်စေတဲ့ လောင်စာရည်တွေရှိနေတဲ့
အနေအထားမှာ ထိရောက်စွာသုံးနိုင်တယ်
လောင်စာရည်တွေရှိနိုင်တဲ့
စက်ရုံအလုပ်ရုံတွေအတွက်
ပိုသင့်တော်တယ်
တပ်ဆင်ပုံ အကြမ်းဖျင်းကတော့
Sprinklers ခေါင်းတွေတပ်ဆင်ထားတဲ့နေရာအနီးမှာပဲ
မီးခိုး ထောက်လှမ်းတဲ့ကိရိယာ detection system ကိုပါ၊တပ်ဆင်ထားမယ်
Detection system က active ဖြစ်လာတာနဲ့ sprinklers ခေါင်းတွေကတဆင့် အငွေ့ပုံ
အမြှပ်ပုံစံဖြစ်အောင်
ဖန်တီးရောစပ်ထားတဲ့
ရေဖြန်းပေးမယ်
Deluge system ကိုပေါက်ကွဲမှု
အန္တရာယ်များတဲ့ ဓါတုစက်ရုံများ. Power plants များ.
လေယာဉ်သိုလှောင်ရုံများစတဲ့ စက်ရုံအလုပ်ရုံများအတွက်အသုံးပြုတာများတယ်
credit May Evergreen
rinkler System
မီးလောင်တာနဲ့တပြိုင်နက် အလိုအလျောက် မီးငြိမ်းသက်ဖို့  (to kill fire) နဲ့ အနည်းဆုံး ထိန်းချုပ်ထားနိုင်ဖို့ (to control fire) အတွက် sprinkler system ကို အသုံးပြုပါတယ်။ မီးလောင်တာနဲ့ လူကလာသက်စရာမလိုပဲ အလိုအလျောက် ငြိမ်းသက်ပေးတာက သူ့ရဲ့ အဓိက အားသာချက်ပါပဲ။
မီးလောင်လို့ အပူချိန်တက်လာတာနဲ့ sprinkler ထိပ်မှာရှိတဲ့ ထိပ်ဖူး (bulb) လေးက အရည်ပျော်ပြီး ရေပေါက်လေးပွင့်ကာ ရေ စ ဖြန်းပေးခြင်းဖြစ်ပါတယ်။ ဒေသရဲ့ အပူချိန် အဆောက်အဦး အခန်းတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး အဲဒီ ထိပ်ဖူးလေးရဲ့ အပူခံနိုင်ချိန် ကကွာခြားပါတယ်။ sprinkler တစ်ခုရဲ့ အပူချိန် ခံနိုင်အားကို အဲဒီထိပ်ဖူးလေးရဲ့ အရောင်ပေါ်မူတည်ပြီးတော့လည်း ခွဲခြားနိုင်ပါတယ်။ ဥပမာ အနီရောင်ဆိုရင် 63’C အ၀ါရောင်ဆိုရင် 79’c အပြာရောင်ဆိုရင် 141’C အဲဒီလို ခွဲနိုင်ပါတယ်။ အဲဒီအပူချိန်တွေရောက်ရင်တော့ ထိပ်ဖူးလေးကွဲပြီး ရေဖြန်းမှာဖြစ်ပါတယ်။
သာမန်အခန်းတွေအတွက် ၆၈ ဒီဂရီစင်တီဂရိတ်နဲ့ အရေးကြီးတဲ့ ပစည်းတွေ သိုလှောင်တဲ့နေရာတွေအတွက်တော့ ESFR (Early Suppression First Response) လို့ သတ်မှတ်ပြီး ၇၄ ဒီဂရီ စသဖြင့် ရှိပါတယ်။ ESFR ဧရိယာအတွက် အပူချိန်ခံနိုင်ရည်အားများလို့ အလွယ်တကူ ရေဖြန်းခြင်းမရှိတာက အပေါ်မှာ ပြောခဲ့သလိုပဲ သိုလှောင်ထားတဲ့ အရေးကြီးပစည်းတွေ မလိုအပ်ဘဲ ရေစို ပျက်စီးမှာကို ကာကွယ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရေဖြန်းအားတော့ ပိုကြီးပြီး ပိုများပါတယ်။ အဲဒီလိုပဲ မီးဖိုချောင်က မီးခိုးခေါင်းတိုင်လိုနေရာမျိုးမှာ တပ်ဆင်ရတဲ့ sprinkler တွေဆိုရင်လည်း ခံနိုင်ရည်အားကိုများများထားရပါတယ်။ သတ်မှတ်ထားတဲ့ အပူချိန်ရောက်မှသာ ရေဖြန်းစေဖို့ပါပဲ။
တချို့ မျက်နှာစာ လှလှပပဖြစ်နေရမယ့် အခန်းတွေမှာတော့ ဒီ sprinkler တွေကြောင့် ရုပ်ဆိုးမသွားအောင် sprinkler တွေကို cover plate လေးတွေနဲ့ ဖုံးထားတက်ပါတယ်။ အဲဒီအခါမှာ sprinkler ဘယ်လိုအလုပ်လုပ်လဲဆိုတော့ အဲဒီ cover plate လေးက sprinkler ထိပ်ဖူးထက် အပူခံနိုင်အား ၂၀ ဒီဂရီလောက် ပိုနည်းပါတယ်။ ဥပမာ sprinkler ထိပ်ဖူးက ၆၈ ဒီဂရီစင်တီဂရိတ်မှာမှ အရည်ပျော်မှာဆိုရင် အဲဒီ cover plate ၄၈ ဒီဂရီစင်တီဂရိတ်မှာ အရည်ပျော်ပါတယ်။ အဲဒီအတွက် sprinkler system ကို မထိခိုက်တော့ပါဘူး။ royal flush sprinkler head လို့ ခေါ်ပါတယ်။
sprinkler point တစ်ပွိုင့် ရဲ့ ရေဖြန်းနိုင်တဲ့ဧရိယာ (coverage area) သက်မှတ်ပုံကတော့ အမျိုးမျိုးကွဲပြားပါတယ်။12msq ၊ 9msq စသဖြင့် သုံးတက်ပါတယ်။ ဒီ coverage လိုအပ်ချက်အပေါ်မူတည်ပြီး တစ်ပွိုင့်နဲ့တစ်ပွိုင့် ဘယ်လောက်ခြားမလဲဆိုတာကို သတ်မှတ်ရပါတယ်။ commercial building ဖြစ်တဲ့ ရုံးတွမှာ 12 msq ၊ များသောအားဖြင့် industrial building ဖြစ်တဲ့ စက်ရုံတွေမှာ 9 msq (အာမခံကုမဏီတွေကြောင့်) အသုံးများပါတယ်။ coverage လိုအပ်ချက်ကိုတော့ မီးလောင်နိုင်မှု ဖြစ်နိုင်ချေအပေါ်မူတည်ပြီး ဆုံးဖြတ်ပါတယ်။
credit
Monday, June 19, 2017
Petrol Filling Station Fire
Oil Station Fire
ယနေ့အခါစက်မှုဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လောင်စာဆီသုံးစွဲမှုများ ပိုမိုများလာသည်
လောင်စာဆီသုံးစွဲမှု စနစ်မကျမှုများကြောင့် ဆီမီးလောင်မှုများ များပြားလာသည်ကို တွေ့ရသည်
1.လောငိစာဆီများ ၏မီးလောငိရန်လွယ်ကူ သည့်အတိုင်းအတာ(Flammable Limit)
လောင်စာဆီ၏အပေါ်ယံမျက်နှာပြင်မှ ပျံ့လွင့်နေသောအငွေ့များသည် လေထုထဲမှ အောက်ဆီဂျင်ဓာတ်ငွေ့ဖြင့်ပေါင်းစပ်ပြီး
မီးလောင်ရန်လွယ်ကူပေသည်
ဓာတ်ဆီသည် လေထုထဲတွုင် ထုထည်ပေါင်းစပ်မှု
အချိုး အနိမ့်ဆုံး 1.1% နှင့် အများဆုံး 5.9% အတွင်း၌ မီးလောင်နိုင်ပေသည်
လေထုအများဆုံး 98.6% နဲ့ အနည်းဆုံး 94.1%်
တနည်းဆိုသော် ဓာတ်ဆီအငွေ့1.4% နှင့်လေ 98.6%
2.Flash Point မီးစတင်စွဲငြိသည်အချိန်
(က)လေရှိနေချိန်တွင် ပြင်ပမီးအကူအညီဖြင့် လောင်စာဆီမှ လုံလောက်သောအငွေ့များ ထွက်ပေါ်လာ ပြီး မီးစတင်စွဲငြိနိုင်သည့် အနိမ့်ဆုံး အပူချိန်ဖြစ်သည်
( ခ) အချို့သော လောင်စာဆီများ၏ မီးစတင်စွဲငြိသောအပူချိန်သည် ရေခဲမှတ်ထက် အလွနိနိမ့်ကျသည်
##အငွေ့ပျံလွယ်သောလောင်သာဆီသည် Flash Point နိမ့်သည်အငွေ့မပျံလွယ်သောဆီသည် Flash Pointမြင့်သည်#$#& ဓာတ်ဆီ၏ Flash Point သည် -45 ' C ရှိပြီး(Octane 90 92 95 Flash point နိမ့်)်
ဒီဇယ် သည် 65.6'C ရှိပေသည်
3. Oil Toxicity ဖြစ်နိုင်သော အန္တရာယ်များ
အရည်နဲ့ ထိတွေ့သော အန္တရာယ်ထက် အငွေ့ကိုရှူရှိုက်မိသော အန္တရာယ်ကပိုသည်
ဓာတ်ဆီထဲတွင် Tetra ethyl lead ခဲတမျိုးပါဝင်၍ အများအပြားရှူမိသောအခါ ခေါင်းကိုက်စေခြင်း မူးဝေသတိမေ့စေခြင်း ပြင်းထန်စွာအဆိပ်ဖြစ်တက်စေသည်ဓာတ်ဆီ် တွင်ပါဝငိသောမော်လီကျူးများသည် သွေးဖြစ်ပေါ်မှုအဖွဲ့အစည်း ကိုယ်အင်္ဂါအစိတ်အပိုင်းများ ကို ဒုက္ခပေးနိုင်သည်ပြစ်ချွဲသောအရည်များမှာ အရေပြားက်ု ဒုက္ခပေးနိုင်သည်
4.Fire Fighting မီးငြှိမ်းသတ်ခြင်း
ရေနံနှငိ့ရေနံထွက်လောင်စာပစ္စည်းများ မီးလောင်မှုများတွငိ မီ့းငြှိမ်းသတ်ရေးမှာ အလွန်အရေးကြီးသကဲ့သို့ မီးဘေးအန္တရာယ်မှ safety ဖြစ်ရေးသည်လည်း ဆီမီးငြှိမ်းသတ်နေချိန်တွင် firemen များကို ထိခိုက်ဒဏ်ရာရစေနိုင်သည်
( က)ရေလုံး jet သုံးမရခြင်းများ
ဆီကိုရေနဲ့ပက်ရင်မီးလောင်ခြင်းများ
ဆီမှာပါတဲ့chemical အများစုက Heptane အမျိုးအစားများပါဝင်သည်
ရေနံစိမ်းမှ ချကိလုပ်ရရှိသည် ရေသည်သိပ်သည်းဆ 1 ရှိသည်ဆီသည် ရေထကိ သိပ်သည်းဆ Density နိမ့်သည်ထို့ကြောငိ့ ရေသည် ဆီမှာမပျော်ဝင်နိုင်ပေ
ရေနဲ့ပက်လျငိမီးလောင်ခြင်းမှာ
ဆီသည်ရေထက်သိပ်သည်းဆနိမ့်နေခြင်း
ကြောင့် ရေသည်မပျော်ဝင်နိုင်ဘဲ
ဆီမျက်နှာပြင်ပေါ်တွငိ ပြန့်သွားသည်
ထို့ကြောင့်ဆီသည် ရေနဲ့မတဲ့ခြင်းဖြစ်သည်ူ
(ခ) မီးလောင်နေသောအရည်၏ မျက်နှာပြင်ပေါ်သို့ ရေလုံး jet ဖြင့် တိုက်ရိုက်ငြိမ်းသတ်ပါက လောင်စာဆီများလျံကျ၍ ကူးစက်ပြန့်ပွါးစေနိုင်ပါသည
Flash point မြင့်သော ချောဆီဒီဇယ် အမဲဆီများမီးလောင်သောအခါ တိုက်ရိုက် jet ရေလူံးပက်ဖြန်းပါက Boil over မီးလူံးပြန့်ပွါးခြင်းများဖြစ်နိုင်သည်
(ဂ) ဓာတ်ဆီရေနံဆီနှငိ့လောင်စာဆီများမှာ များသောအားဖြင့် Boiling Point သည ရေဆူမှတ်ထကိနိမ့်သဖြင့်မီးလောင်နေသော ဆီပုံများအတွင်းရှိ အောက်ခြေဆီများသည် အေးလျက်ပင်ရှိတက်ကြသည်
ထို့ကြောင့် မီးလောင်နေသောဆီများပေါ်သို့
ပက်ဖြန်းသောအခါ အောက်ခြေပိုင်းသည် အနဲငယ်သာပူသဖြင့် ရေသည်ထိရောက်မှုမရှိဘဲ ဖြုန်းတီးမှုသာဖြစ်မည်
(ဃ ) Sprayရေဖြန်း သုံး၍ ငြိမ်းသတ်ခြင်း
High Flash Point ရှိသောလောင်စာဆီများမီးလောင်ပါက
ရေကို Spray အသွင်ြဖင့်  အရည်၏မျက်နှာပြင်ပေါ်သို့
ပက်ဖြန်းသောအခါ အရည်၏ မျက်နှာပြင်သည် အေးသွားပြီး အငွေ့ပျံခြင်း နဲပါးသွားကာ မီ့းငြိမ်းအေးစေနိုငိသည်
&&ဘေးပတ်ဝန်းကျင် ကူးစက်နိုင်သည့်နေရာများသို့ Fan or Curtain ရေယပ်တောင် ရေကန့်လန့်ကာ အသွင်ဖြင့် လောင်စာဆီထည့်ထားသောပုံး တိုင်ကီ ပက်ဖြန်းကာ ကာရံခြင်းအေးစေခြင်း ပြုလုပ်သင့်သည့်
(င) Effective ထိရောက်မှု
ရေက်ုပက်ဖြန်းလိုက်သည်နှငိ့တပြိုင်နက် ရေခ်ုးရေငွ့များဆူပွက်၍ပြန်တက်လာမှသာထိရောက်မှုရှိပေသည် ရေက်ုအလွန်သေးငယ်သောေ ရမှုံ ရေမွှား
Fog Spray Nozzle များဖြင့်ပက်ဖြန်းခြင်း ထိရောက်မည့်နေရာရွေးချယ်ခြင်းတို့ ပြုလုပ်ရမည်
အမြှုပ်သုံးခြင်း Use Of Foam
1. မီးလောင်နေသာဆီမျက်နှာပြင်ပေါ်သို့ Foam ပက်ဖြန်းခြင်းသည် မီးလောင်လွယ်သော အခိုးအငွေ့များနှင့် ဆီမျက်နှာပြင်ကြားတွငိ အမြှူပ်လွှာကို ကြားခံပေးခြင်းဖြစ်သည်
2.Foam ဖြင့်ပက်ဖြန်းရာတွင် ဆီမျက်နှာပြင်ပေါ်ရှိအမြှူပ်များသည် ဆီအငွေ့နှငိ့မီးတောက်အပူတို့ကြောင့် ပျက်စီးလွင့်မျောစေနိုင်သည် ရေပက်ဖြန်းသည့်နေရာမှရေကြောင့်လည်း ပျက်စီးစေနိုငိသည်
3.အမြှပ်ဆေး ကို စောင်ခြုံသဲ့သို့ ဖုံးအုပ်သွားစေရန် လျင်မြန်စွာပက်ဖြန်းပေးမှသာလျှင် တည်တံ့သောFoam Layer အလွှာကိုရရှိပေမည် ပျက်စီးလွငိ့မျောနေသောအမြှူပ်များကိုကာမိစေရန်
နေရာထောင့်အမျိုးမျိုးမှ ဆပွါးနှုန်းကောင်းမွန်သည့်
အမြှုပ်မီးသတ်ဆေးကို အကောင်းဆုံး Foam Making Branch Pipe အမြှုပ်လုပ်ပိုက်ခေါင်းဖြင့်လျင်မြန်စွာ ပက်ပ်ဖြန်းသင့်သည်
4.Foam Nozzle ဖြင့် စည်၏နံရံဘက်မှတဆင့် လောင်စာဆီမျက်နှာပြင်ပေါ်သို့ တဖြည်းဖြည်းဖုံးအုပ်ရမည်တနေရာတည်းသို့ အမြှပ်လုက်ပိုက်ခေါင်းဖြင့် တည်ငြိမ်စွာပက်ဖြန်းပေးပြီး မှဖြစ်ပေါ်လာသောအမြှူပ်များကိုလောင်စာဆီအရည်ပေါ်သို့ နေရာပြည့်ဖုံးအုပ်သွားစေမှသာမီးငြိမ်းအေးသွားစေ မည အမြှုပ်ပိုက်ခေါင်းသို့ ရေပေါင်ဖိအား7 bar= 100Lb ခန့်ပေးရမည်
လောင်စာဆီများနှင့်Foam အမြှူုပ် ဆေးရည်အကြောင်း
Aqueous Film Forming Foam (AFFF)
1.ရေ97% AFFF 3% ရောရတယ် psi 100 ခန့်မှအမြူပ် ကောင်းတာ ဆပွါးနှုန်းက ၂၀၀ဆ
2.စက် fire engine ရယ် ရေ ရယ် foam ရယ် လေ ရယ် လေးမျိုးပေါင်းတာကိုး Mechnical Foam လို့ ခေါ်တယ်
3.foam အမျိုးအစား လေးမျိုးလောက်သုံးကြတယ်
အဓိကသုံးတာက AFFFဲ
1. PF = Protein Foam
ဆပွါးနှုန်းဆ၂၀
2.FPF = Fluro Protein Foam
(20 to150)
3. FFFP=Film Forming Fluro Protein Foam (20!to200)
4. AFFF= Aqurious Flim Forming Fluro (200)်
4.Foam အမြူပ်ဆေးရည်ကို High Expansion Foam Generator ,Fire truck(Foam Tanker ) etc များတွင် အသုံးပြုနိုငိပါတယ်
#Usage
Class B အမျိုးအစား ဖြစ်သည့်
Surface Fire မျက်နှာပြင်မီးလောင်မှုများ ဖြစ်သည့်
ဆီ မီးလောင်မှုများတွ င် သုံးရန်ဖြစ်ပါတယ်
ဆီမီးလောင်မှုများတွင် water Jet ရေ လုံးဖြင့် ထိုးပက်ခြင်းများမပြုရပါ
ဆီမီးလောင်မှုသည် မျက်နှာပြင် မီးလောင်မှု Surface Fire ဖြစ်၍ ပိုမို ပြန့်ပွါးစေပါသည်
Cooling Method Fog ရေမှုန်ရေမွှားသုံးခြင်း Foam အမြှုပ်ဆေးရည် ကို Foam Making Branch (Faom Nozzle )ဖြင့် 100psi ထိရှိစေပီး မှ valve ဖွင့်သင့်သည်
5.လောင်စာဆီသိုလှောင်ထားသောနေရာများ ဆီဆိုင်များတွငိ Ventilationလေဝင်လေထွက် ကောင်းအောင်ထားခြင်းFoam ဆေးရည်က်ုဆောင်ထား ခြင်း သဲ ရေ လုံလောက်အောင်ထားရှိခြင်း DCP 5kg 35kg Trolley များလုံလောက်စွာထားခြင်း Fire Drillများ လစဉ်ပြုလုပ်ခြင်း ကျွမ်းကျင်သူပညာရှင်များ နှငိ့ပူးပေါင်းကာ အကြံပြုချက်များတောင်းခံခြင်း
Fire Drill,Fire Fightingဆောင်ရွက်နိုင်ရန်Fire Safety Managerမီးဘေးလုံခြုံရေးတာဝန်ခံတယောက်ထား ရှိရေးစနစ်တကျသိုလှောင်ရောင်းချခြင်းများ ပြုလုပ်နိုင်ပြီး ဆီမီးလောင်မှုများမှ ကငိးဝေးကြစေရန် ဖြစ်လာပါကလည်း စနစ်တကျငြိမ်းသတ်ခြင်းများ ပြုလုပ်တက်စေရန် နှိုးဆော်အပ်ပါသည်
kyizawhtike@bkl
်